iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး မ်ား က ဂ်ိဳင္းမည္းမည္း ႀကီး နဲ႕ ဆို ကိုယ့္ကိုယ္ကိုယ္ ဂ်ိဳင္းျပတ္ ဝတ္ဖို႔ ယုံၾကည္ခ်က္ ရွိမွာလည္း မဟုတ္ပါဘူး ။ အကၤ်ိ လက္တိုေလးေတြ ဝတ္ရင္ေတာင္ တစ္ခါတစ္ေလ ဂ်ိဳင္း က ေပၚေနတတ္တဲ့ အခ်ိန္ မည္းေနမယ္ ဆိုရင္ ၾကည့္လို႔ လည္း အဆင္ ေျပမွာ မဟုတ္ပါဘူး ။ ဂ်ိဳင္းသားေတြ ျဖဴေအာင္ ဆိုၿပီး ဓာတုနည္းနဲ႕ လုပ္ထားတဲ့ လိမ္းေဆး ၊ လိုးရွင္းေတြ အမ်ားႀကီး ရွိေပမယ့္ သဘာဝ အရာေလာက္ေတာင္ ေဘးကင္းၿပီး ေကာင္းနိုင္မွာ မဟုတ္ပါဘူး ။ သဘာဝ နည္း သုံးျခင္း က အလုပ္နည္းနည္း ရႈပ္တယ္ ထင္ရေပမယ့္ အႏၲရာယ္ကင္းေဘးရွင္း သလို ထိေရာက္မႈလည္း ပိုရွိပါတယ္ ။ ပ်ိဳေမတို႔ အကၤ်ိ လက္ျပတ္ေတြ ဝတ္ရင္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ခ်က္ အျပည့္ ရွိေအာင္ ဂ်ိဳင္းသား မည္းေနတာေတြ ကို အျမန္ဆုံး ေပ်ာက္သြားနိင္မည့္ အိမ္တြင္း နည္းေလး ကို ေျပာျပမွာပါ ။

ဒီနည္း က ဂ်ိဳင္းမည္း တာတင္ မကဘဲ ဒူးဆစ္တို႔ ၊ တံေတာင္ဆစ္တို႔ မည္းေနတဲ့ ေနရာ ေတြ အတြက္ပါ အသုံးျပဳနိုင္ပါတယ္ ။

sliced-cucumber

လိုအပ္တဲ့ ပစၥည္းေလး ေတြ က ၄ မ်ိဳး ပါပဲ ။ အိမ္က မီးဖိုေခ်ာင္ထဲ က အလြယ္တကူ ရွာလို႔ ရတာေလးေတြ ပါပဲ ။

(၁) သခြါးသီး
(၂) သံလြင္ဆီ
(၃) မုန့္ဖုတ္ေဆာ္ဒါ
(၄) သံပုရာရည္
baking-soda-and-lemon

သခြါးသီး ကို ညက္ေနေအာင္ ေဖ်ာ္ရည္ေဖ်ာ္စက္ (Blender) နဲ႕ ညက္ေနေအာင္ ျပဳလုပ္ေပးပါ။

ထို သခြါးသီး အရည္ထဲ သံလြင္ဆီ ၊ မုန့္ဖုတ္ ေဆာ္ဒါ နဲ႕ သံပုရာရည္ နည္းနည္း စီထည့္ၿပီး ႏွံ႕ေနေအာင္ ေမႊေပးပါ ။

အားလုံးေပါင္းထားတဲ့ မည္းေနတဲ့ ဂ်ိဳင္းေပး လိမ္းေပးပါ ။

၁၀ မိနစ္ ခန့္ ထားေပးပါ ။

ေရေႏြးေႏြးေလး သုံးၿပီး ေရျပန္ေဆး ေပးပါ ။

တစ္ပတ္ ႏွစ္ႀကိမ္ခန့္ ျပဳလုပ္ေပးပါက အၿမဲ ျဖဴေဖြး ေနတဲ့ ဂ်ိဳင္းသား ျဖဴျဖဴေလး နဲ႕ ၾကည့္ေကာင္းေနမွာပါ ။ ဒူးဆစ္ ၊ တံေတာင္ဆစ္ေတြလည္း ျဖဴေနေတာ့ ဘာပဲ ဝတ္ဝတ္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ခ်က္ နဲ႕ ျပည့္ေနမွာပါ ။

Credit: Ayesay
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
မိန်းကလေး များ က ဂျိုင်းမည်းမည်း ကြီး နဲ့ ဆို ကိုယ့်ကိုယ်ကိုယ် ဂျိုင်းပြတ် ဝတ်ဖို့ ယုံကြည်ချက် ရှိမှာလည်း မဟုတ်ပါဘူး ။ အင်္ကျိ လက်တိုလေးတွေ ဝတ်ရင်တောင် တစ်ခါတစ်လေ ဂျိုင်း က ပေါ်နေတတ်တဲ့ အချိန် မည်းနေမယ် ဆိုရင် ကြည့်လို့ လည်း အဆင် ပြေမှာ မဟုတ်ပါဘူး ။ ဂျိုင်းသားတွေ ဖြူအောင် ဆိုပြီး ဓာတုနည်းနဲ့ လုပ်ထားတဲ့ လိမ်းဆေး ၊ လိုးရှင်းတွေ အများကြီး ရှိပေမယ့် သဘာဝ အရာလောက်တောင် ဘေးကင်းပြီး ကောင်းနိုင်မှာ မဟုတ်ပါဘူး ။ သဘာဝ နည်း သုံးခြင်း က အလုပ်နည်းနည်း ရှုပ်တယ် ထင်ရပေမယ့် အန္တရာယ်ကင်းဘေးရှင်း သလို ထိရောက်မှုလည်း ပိုရှိပါတယ် ။ ပျိုမေတို့ အင်္ကျိ လက်ပြတ်တွေ ဝတ်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့် ရှိအောင် ဂျိုင်းသား မည်းနေတာတွေ ကို အမြန်ဆုံး ပျောက်သွားနိင်မည့် အိမ်တွင်း နည်းလေး ကို ပြောပြမှာပါ ။

ဒီနည်း က ဂျိုင်းမည်း တာတင် မကဘဲ ဒူးဆစ်တို့ ၊ တံတောင်ဆစ်တို့ မည်းနေတဲ့ နေရာ တွေ အတွက်ပါ အသုံးပြုနိုင်ပါတယ် ။

sliced-cucumber

လိုအပ်တဲ့ ပစ္စည်းလေး တွေ က ၄ မျိုး ပါပဲ ။ အိမ်က မီးဖိုချောင်ထဲ က အလွယ်တကူ ရှာလို့ ရတာလေးတွေ ပါပဲ ။

(၁) သခွါးသီး
(၂) သံလွင်ဆီ
(၃) မုန့်ဖုတ်ဆော်ဒါ
(၄) သံပုရာရည်
baking-soda-and-lemon

သခွါးသီး ကို ညက်နေအောင် ဖျော်ရည်ဖျော်စက် (Blender) နဲ့ ညက်နေအောင် ပြုလုပ်ပေးပါ။

ထို သခွါးသီး အရည်ထဲ သံလွင်ဆီ ၊ မုန့်ဖုတ် ဆော်ဒါ နဲ့ သံပုရာရည် နည်းနည်း စီထည့်ပြီး နှံ့နေအောင် မွှေပေးပါ ။

အားလုံးပေါင်းထားတဲ့ မည်းနေတဲ့ ဂျိုင်းပေး လိမ်းပေးပါ ။

၁၀ မိနစ် ခန့် ထားပေးပါ ။

ရေနွေးနွေးလေး သုံးပြီး ရေပြန်ဆေး ပေးပါ ။

တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးပါက အမြဲ ဖြူဖွေး နေတဲ့ ဂျိုင်းသား ဖြူဖြူလေး နဲ့ ကြည့်ကောင်းနေမှာပါ ။ ဒူးဆစ် ၊ တံတောင်ဆစ်တွေလည်း ဖြူနေတော့ ဘာပဲ ဝတ်ဝတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် နဲ့ ပြည့်နေမှာပါ ။


Credit: Ayesay

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top