iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြက အိမ္ ေထာင္ တစ္ခု ကို စတင္ေတာ့မယ္ ဆိုရင္ တခ်ိဳ႕ အေနနဲ႕ အခ်ိန္ေတြ အမ်ားႀကီး ျပင္ဆင္ ေသာ္လည္း ၊ တခ်ိဳ႕ က လြယ္လြယ္နဲ႕ ပဲ ျပဳလုပ္လိုက္က်ပါတယ္ ။ မည္သို႔ျဖစ္ေစကာမူ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ၿမဲေသာ အိမ္ေထာင္ေရး နဲ႕ မၿမဲေသာ အိမ္ေထာင္ေရး ဟူၿပီး ၂ မ်ိဳးပဲ ရွိတာပါ ။

အိမ္ေထာင္ တစ္ခု ၿမဲေနတယ္ ဆိုတိုင္း အိမ္ေထာင္ေရး အဆင္ေျပသည္ဟု မဆိုနိင္သလို ၊ အိမ္ေထာင္မၿမဲဘူး ဆိုတိုင္းလည္း တစ္ဦးနဲ႕ တစ္ဦး မခ်စ္ေတာ့လို႔ အဆင္မေျပလြန္းလို႔ ဆိုၿပီး တရားေသ သတ္မွတ္လို႔ မရပါဘူး ။ အေျခ အေန အေၾကာင္းေၾကာင္း ဆိုတာ ရွိလို႔ပါ ။ တခ်ိဳ႕ အိမ္ေထာင္ေရး ေတြမွာ အဆင္ မေျပမႈမ်ား မ်ားျပားလြန္းေသာ္လည္း တည္ၿမဲ ေနက်ပါတယ္ ။ အေၾကာင္းမွာ တစ္ဦး လိုအပ္ခ်က္ ကို က်န္တစ္ဦး က လက္ခံ ေပးနိင္လို႔ ပဲ ျဖစ္ပါတယ္ ။ အိမ္ေထာင္သည္မ်ား မိမိတို႔ အိမ္ေထာင္ေရး ကို မပ်က္ေအာင္ ေစာင့္ထိန္းရျခင္း အေၾကာင္းမ်ားစြာ ရွိတဲ့ အထဲ လူအမ်ားစု ေတြ႕ႀကဳံ ရတတ္တာေလး ကို ေဖာ္ျပလိုက္ပါတယ္ ။

(၁) ပတ္ဝန္းက်င္ ကို ေၾကာက္ရျခင္း
အလံ မရွိတဲ့ ရထား ၊ တံခြန္ မရွိတဲ့ ဘုရား ၊ လင္ မရွိတဲ့ မယား ၊ မတင့္တယ္ ဘူးဆိုတဲ့ ေရွးရိုးစြဲ စကား ေၾကာင့္ပါ ။ ေရွးရိုးကိုလဲ မပယ္နဲ႕ ။ ေဈးသုံးလည္း မလြယ္နဲ႕ ဆိုတဲ့ စကားပုံ အတိုင္း ေရွးစကား မ်ား ကို လိုအပ္ သင့္ေတာ္ သေလာက္ပဲ လိုက္နာ သင့္ပါတယ္ ။ မိမိတို႔ ေ႐ြးခ်ယ္မႈ အေပၚ ပတ္ဝန္းက်င္ အေနနဲ႕ က ခ်ီးမြမ္း ၇ ရက္ ၊ ကဲ့ရက္ ၇ ရက္ပါပဲ ။ သို႔ေသာ္ တစ္ခုလပ္ ဆိုေတာ့ နာမည္ရဲ႕ ခါးသီးမႈ ကို ေရွာင္ရွားေနရေသာေၾကာင့္ အဆင္ မေျပတဲ့ အိမ္ေထာင္ေရး ဆိုေပမယ့္ အတတ္နိုင္ဆုံး ညွိယူ ၊ အေလွ်ာ့ေပးၿပီး ဆက္လက္ တည္ၿမဲေအာင္ ႀကိဳးစား က်တာပါ ။

(၂) ကေလးမ်က္ႏွာၾကည့္ေနရျခင္း
မိဘမ်ား အေနနဲ႕ ကြာရွင္းဖို႔ က လြယ္ကူေပမယ့္ ကေလး ရွိေနမယ္ ဆိုရင္ေတာ့ မိမိ ကေလး ကို မည္သူကမွ် မိဘ တစ္ကြဲ တစ္ျပားစီနဲ႕ ႀကီးျပင္းလာမွာကို ေတာ့ လိုလားမွာ မဟုတ္ပါဘူး ။ အထူးသျဖင့္ ယခုေခတ္ ကေလး တစ္ေယာက္ အသုံးစရိတ္က ျမင့္မားလြန္းတာေၾကာင့္ တခ်ိဳ႕ မိဘ ေတြ အတြက္ တစ္ေယာက္တည္း ကေလးတာဝန္ကို ယူဖို႔ ဆိုတာက မလြယ္လွပါဘူး ။ အခ်င္းခ်င္း အရင္က စိတ္မ်ိဳး မထားနိင္ေသာ္လည္း ကေလး သံေယာဇဥ္ေၾကာင့္ မၿပိဳကြဲေအာင္ ဆက္လက္ ထိန္းသိမ္း က်တတ္ပါတယ္ ။

(၃) ေကာင္းသလို မေကာင္းသလို ျဖစ္ေနျခင္း
ေလာကမွာ ဘယ္အရာ ကမွ ၿပီးျပည့္စုံတယ္ ဆိုတာ မရွိပါဘူး ။ အေၾကာင္း အဆိုး ဒြန္တြဲ ေနတာခ်ည္း ပါ ။ အိမ္ေထာင္ေရး ဆိုတာ လည္း ထိုသို႔ပါပဲ ။ ေကာင္းတယ္ ေျပာရေအာင္လည္း ေကာင္းတဲ့ အခ်က္ ဆိုတာ ကို တိတိ က်က် မရွာေဖြျပနိင္သလို ၊ မေကာင္းဘူး ေျပာရေအာင္လည္း ဆိုးဝါးလွတဲ့ မေကာင္းတဲ့ အရာ လည္း ျပလို႔ မရနိင္တတ္သလို ျဖစ္တတ္ပါတယ္ ။ တခါတေလ မေကာင္းတာကို ေကာင္းတာေလး နဲ႕ ေျဖသိမ့္ၿပီး ဒါတာ ဆိုးတာ ဟိုဟာေလး ကေတာ့ မဆိုးရွာပါဘူး ဆိုၿပီး ေျဖေလ်ာ့ လိုက္နိုင္တာေၾကာင့္ပါ ။
Credit: Ayesay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတွေက အိမ် ထောင် တစ်ခု ကို စတင်တော့မယ် ဆိုရင် တချို့ အနေနဲ့ အချိန်တွေ အများကြီး ပြင်ဆင် သော်လည်း ၊ တချို့ က လွယ်လွယ်နဲ့ ပဲ ပြုလုပ်လိုက်ကျပါတယ် ။ မည်သို့ဖြစ်စေကာမူ အကြောင်း အမျိုးမျိုးကြောင့် မြဲသော အိမ်ထောင်ရေး နဲ့ မမြဲသော အိမ်ထောင်ရေး ဟူပြီး ၂ မျိုးပဲ ရှိတာပါ ။

အိမ်ထောင် တစ်ခု မြဲနေတယ် ဆိုတိုင်း အိမ်ထောင်ရေး အဆင်ပြေသည်ဟု မဆိုနိင်သလို ၊ အိမ်ထောင်မမြဲဘူး ဆိုတိုင်းလည်း တစ်ဦးနဲ့ တစ်ဦး မချစ်တော့လို့ အဆင်မပြေလွန်းလို့ ဆိုပြီး တရားသေ သတ်မှတ်လို့ မရပါဘူး ။ အခြေ အနေ အကြောင်းကြောင်း ဆိုတာ ရှိလို့ပါ ။ တချို့ အိမ်ထောင်ရေး တွေမှာ အဆင် မပြေမှုများ များပြားလွန်းသော်လည်း တည်မြဲ နေကျပါတယ် ။ အကြောင်းမှာ တစ်ဦး လိုအပ်ချက် ကို ကျန်တစ်ဦး က လက်ခံ ပေးနိင်လို့ ပဲ ဖြစ်ပါတယ် ။ အိမ်ထောင်သည်များ မိမိတို့ အိမ်ထောင်ရေး ကို မပျက်အောင် စောင့်ထိန်းရခြင်း အကြောင်းများစွာ ရှိတဲ့ အထဲ လူအများစု တွေ့ကြုံ ရတတ်တာလေး ကို ဖော်ပြလိုက်ပါတယ် ။

(၁) ပတ်ဝန်းကျင် ကို ကြောက်ရခြင်း
အလံ မရှိတဲ့ ရထား ၊ တံခွန် မရှိတဲ့ ဘုရား ၊ လင် မရှိတဲ့ မယား ၊ မတင့်တယ် ဘူးဆိုတဲ့ ရှေးရိုးစွဲ စကား ကြောင့်ပါ ။ ရှေးရိုးကိုလဲ မပယ်နဲ့ ။ ဈေးသုံးလည်း မလွယ်နဲ့ ဆိုတဲ့ စကားပုံ အတိုင်း ရှေးစကား များ ကို လိုအပ် သင့်တော် သလောက်ပဲ လိုက်နာ သင့်ပါတယ် ။ မိမိတို့ ရွေးချယ်မှု အပေါ် ပတ်ဝန်းကျင် အနေနဲ့ က ချီးမွမ်း ၇ ရက် ၊ ကဲ့ရက် ၇ ရက်ပါပဲ ။ သို့သော် တစ်ခုလပ် ဆိုတော့ နာမည်ရဲ့ ခါးသီးမှု ကို ရှောင်ရှားနေရသောကြောင့် အဆင် မပြေတဲ့ အိမ်ထောင်ရေး ဆိုပေမယ့် အတတ်နိုင်ဆုံး ညှိယူ ၊ အလျှော့ပေးပြီး ဆက်လက် တည်မြဲအောင် ကြိုးစား ကျတာပါ ။



(၂) ကလေးမျက်နှာကြည့်နေရခြင်း
မိဘများ အနေနဲ့ ကွာရှင်းဖို့ က လွယ်ကူပေမယ့် ကလေး ရှိနေမယ် ဆိုရင်တော့ မိမိ ကလေး ကို မည်သူကမျှ မိဘ တစ်ကွဲ တစ်ပြားစီနဲ့ ကြီးပြင်းလာမှာကို တော့ လိုလားမှာ မဟုတ်ပါဘူး ။ အထူးသဖြင့် ယခုခေတ် ကလေး တစ်ယောက် အသုံးစရိတ်က မြင့်မားလွန်းတာကြောင့် တချို့ မိဘ တွေ အတွက် တစ်ယောက်တည်း ကလေးတာဝန်ကို ယူဖို့ ဆိုတာက မလွယ်လှပါဘူး ။ အချင်းချင်း အရင်က စိတ်မျိုး မထားနိင်သော်လည်း ကလေး သံယောဇဉ်ကြောင့် မပြိုကွဲအောင် ဆက်လက် ထိန်းသိမ်း ကျတတ်ပါတယ် ။

(၃) ကောင်းသလို မကောင်းသလို ဖြစ်နေခြင်း
လောကမှာ ဘယ်အရာ ကမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး ။ အကြောင်း အဆိုး ဒွန်တွဲ နေတာချည်း ပါ ။ အိမ်ထောင်ရေး ဆိုတာ လည်း ထိုသို့ပါပဲ ။ ကောင်းတယ် ပြောရအောင်လည်း ကောင်းတဲ့ အချက် ဆိုတာ ကို တိတိ ကျကျ မရှာဖွေပြနိင်သလို ၊ မကောင်းဘူး ပြောရအောင်လည်း ဆိုးဝါးလှတဲ့ မကောင်းတဲ့ အရာ လည်း ပြလို့ မရနိင်တတ်သလို ဖြစ်တတ်ပါတယ် ။ တခါတလေ မကောင်းတာကို ကောင်းတာလေး နဲ့ ဖြေသိမ့်ပြီး ဒါတာ ဆိုးတာ ဟိုဟာလေး ကတော့ မဆိုးရှာပါဘူး ဆိုပြီး ဖြေလျော့ လိုက်နိုင်တာကြောင့်ပါ ။
Credit: Ayesay



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top