iMyanmarHouse.com - Best Property Website for Myanmar
×

ေမြးကင္းစကေလးငယ္နဲ႔ လသားကေလးငယ္ေတြက စကားမေျပာတတ္
ေသးတာေၾကာင့္ သူတုိ႔ ေနမေကာင္းျဖစ္ေနသလား၊ မအီမသာျဖစ္ေန သလားဆိုတာ သူတိုရဲ႕ အမူအရာေတြကုိ ၾကည့္ၿပီးသိဖို႔ ၾကိဳးစားရပါမယ္။ သူတုိ႔ေလးေတြ ေနမေကာင္းျဖစ္ေနခ်ိန္မွာ အေတြ႔ရမ်ားတဲ့ အမူအရာေတြ ကုိ ၾကည့္ရင္း သူတုိ႔ကုိ ျပဳစုေပးသင့္တဲ့ အခ်က္ေတြကုိ ေရးသားလိုက္ ရပါတယ္။

အစာစားခ်င္စိတ္ကုိ တုိင္းတာပါ
ေမြးကင္းစကေလး နာမက်န္းမႈ ျဖစ္ရင္ အသိသာဆံုး လကၡဏာတစ္ရပ္က အစာစားခ်င္စိတ္မရွိတာဘဲ
ျဖစ္ပါတယ္။ ကေလးေတြက အစာစားရမွာကုိ ျငင္းဆန္ေနရင္ တစ္ခုခု မွားယြင္းေနၿပီလုိ႔ ဆိုရမွာျဖစ္ပါ တယ္။

အျပဳအမူကုိ ေလ့လာပါ
ေမြးကင္းစကေလးငယ္ရဲ႕ အျပဳအမူဟာ နာမက်န္းမႈကုိ ျပသတဲ့ တျခား သေကၤတပါ။ သူက ခါတုိင္းထက္ ပုိပင္ပန္းေနသလား။ သူက အလြန္ အိပ္ငိုက္ေနသလား၊ အိပ္ရာထရ ခက္ခဲေနသလား။ ကေလးက အလြန္ ဂ်ီက်ငိုယိုေနတာက ေနလို႔မေကာင္းတဲ့ သေကၤတတစ္ရပ္ျဖစ္ပါတယ္။ ဒီလကၡဏာေတြကုိ ခါတုိင္းထက္ ပုိၾကာၾကာ ခံစားေနရရင္ ကေလးအထူးကုဆရာ၀န္နဲ႔ ျပသင့္ပါတယ္။

ကုိယ္အပူခ်ိန္ တုိင္းပါ
ကေလးရဲ႕ ကုိယ္အပူခ်ိန္က ၁၀၀ ဒီဂရီဖာရင္ဟုိက္ထက္ ပုိမ်ားေနရင္ ဆရာ၀န္နဲ႔ ျပသင့္ပါတယ္။ ကေလး ငယ္ရဲ႕ ကုိယ္ခံစြမ္းအားစနစ္က မျပည့္၀ေသးတာေၾကာင့္ ကေလး ဖ်ားၿပီဆိုတာနဲ႔ ဆရာ၀န္နဲ႔ ခ်က္ခ်င္းျပ
ေပးပါ။

ကေလး၏ စြန္႔ထုတ္မႈပံုစံကုိ ဆန္းစစ္ပါ
ကေလးက ၀မ္းခ်ဳပ္ေနရင္ ဒါမွမဟုတ္ ၀မ္းေလွ်ာေနရင္၊ ကေလးက ခါတုိင္းထက္ ပုိၿပီး၀မ္းသြားကာ ပင္ပန္း
ေနရင္ ဒါက နာမက်န္းမႈနဲ႔ ဆက္စပ္ေနတတ္တာေၾကာင့္ ဆရာ၀န္နဲ႔ျပပါ။

အသက္ရွဴမႈကုိ စစ္ေဆးပါ
ကေလးက ခက္ခက္ခဲခဲ အသက္ရွဴေနရရင္၊ ခြ်ဲအမ်ားၾကီးဆုိ႔ေနရင္၊ ေခ်ာင္းဆိုးလြန္းေနရင္၊ အသက္ရွဴတုိင္း
ေမာဟုိက္ေနရင္ ဆရာ၀န္နဲ႔ ျပသင့္ပါတယ္။

အေရျပားအေရာင္ကုိ အကဲခတ္ပါ
ေမြးကင္းစကေလးေတြ ဖ်ားေနရင္ ပါးျပင္ေတြ အလြန္အမင္း ရဲေနတာမ်ဳိး ဒါမွမဟုတ္ အေရျပားအေရာင္ အလြန္အမင္း ေဖ်ာ့ေတာ့ေနတာမ်ဳိး ျဖစ္တတ္ပါတယ္။ ကေလးရဲ႕ အေရျပားအေရာင္က ၀ါေနရင္ အသား၀ါ ရဲ႕ လကၡဏာတစ္ရပ္ျဖစ္ၿပီး အေရျပားအေရာင္က ျပာႏွမ္းေနရင္ ေအာက္ဆီဂ်င္ကုိ အလုံအေလာက္မရတဲ့ လကၡဏာျဖစ္ႏုိင္ပါတယ္။ ဒီလို အေျခအေနမ်ဳိးမွာ ဆရာ၀န္နဲ႔ ခ်က္ခ်င္းျပသင့္ပါတယ္။


Credit:ဇြန္

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မွေးကင်းစကလေးငယ်နဲ့ လသားကလေးငယ်တွေက စကားမပြောတတ်
သေးတာကြောင့် သူတို့ နေမကောင်းဖြစ်နေသလား၊ မအီမသာဖြစ်နေ သလားဆိုတာ သူတိုရဲ့ အမူအရာတွေကို ကြည့်ပြီးသိဖို့ ကြိုးစားရပါမယ်။ သူတို့လေးတွေ နေမကောင်းဖြစ်နေချိန်မှာ အတွေ့ရများတဲ့ အမူအရာတွေ ကို ကြည့်ရင်း သူတို့ကို ပြုစုပေးသင့်တဲ့ အချက်တွေကို ရေးသားလိုက် ရပါတယ်။

အစာစားချင်စိတ်ကို တိုင်းတာပါ
မွေးကင်းစကလေး နာမကျန်းမှု ဖြစ်ရင် အသိသာဆုံး လက္ခဏာတစ်ရပ်က အစာစားချင်စိတ်မရှိတာဘဲ
ဖြစ်ပါတယ်။ ကလေးတွေက အစာစားရမှာကို ငြင်းဆန်နေရင် တစ်ခုခု မှားယွင်းနေပြီလို့ ဆိုရမှာဖြစ်ပါ တယ်။

အပြုအမူကို လေ့လာပါ
မွေးကင်းစကလေးငယ်ရဲ့ အပြုအမူဟာ နာမကျန်းမှုကို ပြသတဲ့ တခြား သင်္ကေတပါ။ သူက ခါတိုင်းထက် ပိုပင်ပန်းနေသလား။ သူက အလွန် အိပ်ငိုက်နေသလား၊ အိပ်ရာထရ ခက်ခဲနေသလား။ ကလေးက အလွန် ဂျီကျငိုယိုနေတာက နေလို့မကောင်းတဲ့ သင်္ကေတတစ်ရပ်ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကို ခါတိုင်းထက် ပိုကြာကြာ ခံစားနေရရင် ကလေးအထူးကုဆရာဝန်နဲ့ ပြသင့်ပါတယ်။

ကိုယ်အပူချိန် တိုင်းပါ
ကလေးရဲ့ ကိုယ်အပူချိန်က ၁၀၀ ဒီဂရီဖာရင်ဟိုက်ထက် ပိုများနေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကလေး ငယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်က မပြည့်ဝသေးတာကြောင့် ကလေး ဖျားပြီဆိုတာနဲ့ ဆရာဝန်နဲ့ ချက်ချင်းပြ
ပေးပါ။

ကလေး၏ စွန့်ထုတ်မှုပုံစံကို ဆန်းစစ်ပါ
ကလေးက ဝမ်းချုပ်နေရင် ဒါမှမဟုတ် ဝမ်းလျှောနေရင်၊ ကလေးက ခါတိုင်းထက် ပိုပြီးဝမ်းသွားကာ ပင်ပန်း
နေရင် ဒါက နာမကျန်းမှုနဲ့ ဆက်စပ်နေတတ်တာကြောင့် ဆရာဝန်နဲ့ပြပါ။

အသက်ရှူမှုကို စစ်ဆေးပါ
ကလေးက ခက်ခက်ခဲခဲ အသက်ရှူနေရရင်၊ ချွဲအများကြီးဆို့နေရင်၊ ချောင်းဆိုးလွန်းနေရင်၊ အသက်ရှူတိုင်း
မောဟိုက်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အရေပြားအရောင်ကို အကဲခတ်ပါ
မွေးကင်းစကလေးတွေ ဖျားနေရင် ပါးပြင်တွေ အလွန်အမင်း ရဲနေတာမျိုး ဒါမှမဟုတ် အရေပြားအရောင် အလွန်အမင်း ဖျော့တော့နေတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးရဲ့ အရေပြားအရောင်က ဝါနေရင် အသားဝါ ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး အရေပြားအရောင်က ပြာနှမ်းနေရင် အောက်ဆီဂျင်ကို အလုံအလောက်မရတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။


Credit:ဇွန်



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top