iMyanmarHouse.com - Best Property Website for Myanmar
×




အကျိုး





အပြစ်










အကျိုး





အပြစ်





Credit : gentleman magazine

ပို့သပေးပါတယ်။

#Unicode Version

လူသားတွေမှာ လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့် ရှိနေပါပြီ။ ရှေးရှေးကလို တွဲတာနဲ့ ယူရမယ့်ခေတ် မဟုတ်တော့ပါဘူး။ကိုယ်နဲ့ ရေစက်ပါသူ တစ်ယောက်ကို မတွေ့မခြင်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းတွဲခွင့် ရှိနေပါပြီ။ ဒါပေမယ့် တစ်ချိန်ထဲမှာ တစ်ယောက်ထက်ပိုပြီး တွဲလို့ ရပါသလား??? အဲဒီမေးခွန်းရဲ့ အဖြေကတော့ သင်ရည်းစားထားရတဲ့ ရည်ရွယ်ချက်၊ သင့်ဘဝ အခြေအနေတို့အပေါ်မှာ မူတည်နေပါတယ်။

၁. တစ်ယောက်ထဲ တွဲခြင်း၏ အကျိုးနှင့် အပြစ်များ

ဒီပုံစံဟာ ရှေးရိုးစဉ်လာ ရည်းစားထားခြင်းပုံစံ ဖြစ်ပြီး တစ်ချိန်မှာ တစ်ယောက်ပဲ ထားလို့ရတဲ့ ပုံစံပါ။ တကယ်ချစ်တဲ့ ချစ်သူစုံတွဲတွေ တော်တော်များများဟာ တစ်ယောက်ထဲ တွဲတဲ့ ဒီပုံစံကိုပဲ သုံးကြပါတယ်။ ဒီပုံစံကို သုံးမယ်ဆိုရင်းတော့ ကိုယ် တွဲမယ့် လူအကြောင်းကို သေသေချာချာ သိထားဖို့ လိုပါတယ်။

အကျိုး

– တစ်ယောက်ကို တစ်ယောက် နားလည်မှု ပိုရှိလာပါမယ်

– ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ သံယောဇဉ် တွယ်လာပါလိမ့်မယ်

– ဒီပုံစံဟာ ဘဝကို နှစ်ယောက်တူတူ လက်တွဲ ဖြတ်သန်းချင်သူတွေ သုံးကြပါတယ်

– မိသားစုဘဝ တည်ဆောက်ဖို့ အကောင်းဆုံးပါ

အပြစ်

– ရည်းစားမဟုတ်တဲ့ အခြားသူတွေနဲ့ အိပ်မိရင် သစ္စာဖောက်ခြင်းပါ

–သင်တို့နှစ်ယောက် ဆက်ဆံရရှိတဲ့ လိင်အရသာဟာ အချိန်ကြာလာလေ အရည်အသွေး လျော့လာလေ ဖြစ်တတ်ပါတယ်

– စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ရပါတယ်

– ကိုယ်ပိုင် အကြိုက်တွေကို စတေးသင့်တာ စတေးရပါမယ်

တစ်ယောက်ကိုပဲ တွဲတဲ့ပုံစံဟာ သင်က တစ်သက်စာ ရည်ရွယ်ထားရင်တော့ အကောင်းဆုံးပုံစံပါ။ သင့်ရဲ့ ချစ်ဇာတ်လမ်းကို အမြဲ သတိထား စောင့်ကြည့် ပြင်ဆင်နေဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းတာဟာ ဖြစ်လာနိုင်တဲ့ ပြသနာတွေကို လျော့နည်းသွားစေပါတယ်။

ဒါပေမယ့် ဒီပုံစံနဲ့ စမ်းသပ်တွဲကြည့်ပြီး သင့်ရဲ့ဖူးစာဖက်ကို ရှာရင်တော့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ဖြစ်နေမှာပါ။ လူတစ်ယောက်ကိုတွေ့ရင် အကဲခတ်ရမယ်၊ တွဲသင့်မတွဲသင့် စဉ်းစားရမယ်။ သင့်စိတ်တိုင်းကျ လူတွေ့ဖို့ အချိန် အများကြီးပေးရပါမယ်။

၂. လူများစွာနှင့် တစ်ချိန်ထဲ တွဲခြင်း၏ အကျိုးနှင့် အပြစ်များ

လူများစွာနဲ့ တစ်ချိန်ထဲ တွဲတာဟာ သင် ချစ်ဇာတ်လမ်းတစ်ခုမှာ ဘာလိုချင်လဲဆိုတာ သိဖို့ အလွယ်ကူဆုံးပါ။ လူများများနဲ့ တွေ့လေ၊ သင် ဘယ်အကျင့်တွေကို မကြိုက်ဘူးလဲဆိုတာ သိလာလေပါပဲ။

ဒီပုံစံကို သုံးသူတွေမှာ အထူးအဆန်းမို့ စမ်းသုံးသူတွေ၊ ဘဝမှာ အချိန်အကြာကြီး လက်တွဲနိုင်ဖို့ ကိုယ်နဲ့ ကိုက်တဲ့သူကို ရှာဖွေလိုသူတွေ၊ လိင်ကိစ္စ ကောင်းကောင်း ရလိုသူတွေ ပါဝင်ပါတယ်။

အကျိုး

– ပိုပြီး ကောင်းမွန်ပြီး အမျိုးစုံတဲ့ လိင်မှုဘဝ တစ်ခုကို ရပါမယ်

– အကြီးအကျယ် ရန်ဖြစ်တာ၊ အကြီးအကျယ် စိတ်ဓာတ်ကျတာတွေ မရှိသလောက် ဖြစ်သွားပါမယ်

– စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာမှာ အမြောက်အများ ရင်းနှီးစရာ မလိုပါဘူး

– သင် ကြိုက်သလို နေထိုင်လို့ ရပါတယ်

အပြစ်

– ရည်စားတွေထဲက တစ်ယောက်ယောက်ကို သင် ခံစားချက်တွေ ဝင်လာရင် အခြားရည်းစားတွေနဲ့ သဘောတူညီချက်တွေ ပျက်ယွင်းကုန်ပြီး သူတို့ ခံစားနာကျင်ရနိုင်ပါတယ်

– လိင်ကိစ္စအတွက်ပဲ တွဲတာဆိုရင် သင် အထီးကျန်သလို ခံစားရပါမယ်

– တစ်ယောက်အကြောင်း တစ်ယောက် မသိအောင် လျှိ့ဝှက်ထားရတာ လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး

သင် ဘယ်နှယောက်နဲ့ တစ်ချိန်ထဲ တွဲမလဲဆိုတာကတော့ သင့်အပေါ်မူတည်ပါတယ်။ ဖြစ်နိုင်ရင် ရည်းစားအားလုံးကို သင် တခြားသူတွေနဲ့လဲ တချိန်ထဲ တွဲနေကြောင်း ပြောပြထားခြင်းဖြင့် ပြသနာတွေကို လျော့ချနိုင်ပါတယ်။ သင်က သင်နဲ့ ရေစက်ပါတဲ့ တစ်ဦးသောသူကို ရှာနေတာဆိုရင်တော့ လူများစွာထဲကမှ သင့်ကို ထိခိုက်နာကျင်စေသူတွေကို ဖယ်ထုတ်၊ သင့်ကို ကောင်းကောင်းမွန်မွန် ပြုမူသူကိုပဲ ခေါင်းခေါက်ရွေးသင့်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top