iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
မိမိရေချိုးခန်း တလက်လက်တောက်ပြောင်ပြီး မွှေးကြိုင်နေစေအောင် အထောက်အကူဖြစ်စေမယ့် အကြံပြုချက်တချို့ ရှိပါတယ်။ ဒီနည်းတွေအတိုင်း သေချာပြင်ဆင်သွားမယ်ဆိုရင် သင့်ရဲ့ ရေချိုးခန်းဟာ သင့်မိသားစုဝင်တွေသာမကပဲ အပြင်ကလာတဲ့ ဧည့်သည်တောင် သဘောကျနှစ်ခြိုက်သွားပါလိမ့်မယ်။
·         ရေချိုးခန်းဟာ မိမိနေအိမ်အတွင်းရှိ အသေးဆုံးအခန်းလေး တစ်ခုသာဖြစ်တာမို့ မိမိရေချိုးခန်းလေး ညစ်ပတ်ရှုပ်ပွနေမှုကို ရှောင်ရှားပါ။ သင်ဟာ ရေချိုးခန်းမှာ အလှပြင်ပစ္စည်းတစ်ချို့လည်း ထားရှိတယ်ဆိုရင် လက်ဆေးခွက် သို့မဟုတ် နံရံအောက်ရှိ ဗီရိုအတွင်း ထည့်သိမ်းထားပါ။ အပြင်ထုတ်မထားပါနဲ့။
·         လက်ဆေးခွက်မျက်နှာပြင်နဲ့ အိမ်သာခွက်တို့ကို ပုံမှန် အသုံးပြုတာမို့ နေ့တိုင်း မဖြစ်မနေတိုက်ချွတ်ပြီး သန့်ရှင်းနေရပါမယ်။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အပတ်တိုင်းပုံှမှန်သန့်ရှင်းရေးတဲ့အခါ ပိုသက်သာသွားလိမ့်မယ်။
·         အကယ်၍ ရေချိုးခန်းလိုက်ကာတွေ ရှိတယ်ဆိုရင် ပုံမှန်လှဲလှယ်ပေးပါ။ ပလတ်စတစ်လိုက်ကာတွေကို လျှော်ပွတ်နိုင်ပါတယ်။ လက်ဆေးခွက်ပေါ်က လက်သုတ်ပုဝါကိုလည်း ထိုနည်းအတိုင်း လုပ်ပေးပါ။ မနက်တိုင်း သန့်ရှင်းတဲ့ပုဝါလေးတစ်ခု ထားပေးပါ။
·         ရေချိုးခန်းအတွင်း အထူးသဖြင့် ကြမ်းပင်ပေါ် မလျှော်ရသေးတဲ့အဝတ်အစား သို့မဟုတ် ပုဝါအစိုတွေ ဘယ်တော့မှ မထားပါနဲ့။ အသုံးပြုပြီးတာနဲ့ အဝတ်လျှော်စက် သို့မဟုတ် လျှော်ရမယ့် အဝတ်အစားထည့်ချင်းထဲ တန်းထည့်လိုက်ပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top