iMyanmarHouse.com - Best Property Website for Myanmar
×

သဘာ၀သစ္သီးေတြက ဆံေကသာကိုေကာင္းမြန္ေစပါတယ္။ အဲဒီထဲမွာ ငွက္ေပ်ာသီးရဲ႕အစြမ္းကလည္းအံ့မခန္းပါပဲ။ သင့္အေနနဲ႔ ငွက္ေပ်ာသီးကို ဆံေကသာနဲ႔ဦးေရျပားအတြက္ သံုးၾကည့္ဖူးပါသလား။ သင္စားေနက် ငွက္ေပ်ာသီးမွာ အလွအပအတြက္ အသံုးခ်လို႔ရတဲ့နည္းေတြအမ်ားၾကီး ရွိေနပါတယ္။

၁။ပ်က္စီးေနတဲ့ ဆံပင္ေတြအတြက္
ၾကမ္းတမ္းၿပီးေျခာက္ေသြ႔ပ်က္စီးေနတဲ့ဆံသားေတြအတြက္ အေကာင္းဆံုးျပန္လည္ထိန္းသိမ္းရမယ့္ နည္းကေတာ့ Banana Conditioner Recipeပါ။ ငွက္ေပ်ာသီးတစ္လံုးကိုေခ်ၿပီး အုန္းႏို႔နဲ႔ ေရာပါ။ ဆီးျဖဴသီးအရည္ရွိရင္လည္း ထပ္ပါ။ ဒီအေရာအေႏွာကို ဆံပင္မွာ သုတ္လိမ္းလိုက္ၿပီး ၁၀မိနစ္ေလာက္အၾကာမွာ ေရေဆးခ်လိုက္ပါ။ ပ်က္စီးေနတဲ့ဆံပင္ေတြ သိသိသာသာေကာင္းမြန္လာမွာကို ေတြ႔ရမွာပါ။

၂။ဆံပင္ရွည္ၿပီးေတာက္ပဖို႔အတြက္
ေခ်ထားတဲ့ ငွက္ေပ်ာသီး အႏွစ္၊ေနၾကာဆီ စားပြဲတင္ဇြန္း ၁ ဇြန္း၊ သံပုရာရည္ စားပြဲတင္ဇြန္း တစ္၀က္ကို ေရာေမႊပါ။ ခပ္ပ်စ္ပ်စ္အႏွစ္ေလးျဖစ္သြားေအာင္ ေရာေမႊၿပီးရင္ေတာ့ ဆံပင္အရင္းနားကေန  အဖ်ားထိ သုတ္လိမ္းထားၿပီး သဘက္ေလးနဲ႔ေပါင္းထားပါ။ မိနစ္ ၁၅ကေနမိနစ္၂၀ေလာက္ထိ ထားၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ေလွ်ာ္ခ်လိုက္ပါ။ ဒီနည္းလမ္းကို တစ္လ ၂ေခါက္ေလာက္လုပ္ရင္ ဆံပင္ေတြသိသိသာသာ ရွည္ၿပီး ေတာက္ေျပာင္လာမွာျဖစ္ပါတယ္။

၃။ဆံပင္ကၽြတ္တာသက္သာဖို႔အတြက္
ဆံပင္ကၽြတ္ရျခင္းအေၾကာင္းရင္းေတြထဲမွာေဗာက္ေတြနဲ႔ ဦးေရျပား ယားယံမႈေတြလည္း ပါ၀င္ပါတယ္။ မွည့္ေနတဲ့ငွက္ေပ်ာသီးက ဒီျပႆနာေတြကို ေျဖရွင္းနိုင္ပါတယ္။ ငွက္ေပ်ာသီးအမွည့္ကို ဒိန္ခဲအစိမ္း ခြက္တစ္၀က္နဲ႔ ေရာၿပီး ဆံပင္ကို လိမ္းပါ။ ၁၅မိနစ္ကေန မိနစ္ ၂၀ေလာက္ထိ ထားၿပီး ေရေဆးခ်လိုက္ပါ။ ေဗာက္ေတြနဲ႔ ယားယံတာေတြ သက္သာသြားပါလိမ့္မယ္။

၄။ဦးေရျပား အစိုဓာတ္ရဖို႔အတြက္
ဦးေရျပားအစိုဓာတ္ရဖို႔ Maskကိုေတာ့ ေခ်ထားတဲ့ ငွက္ေပ်ာသီးထဲကို သံလြင္ဆီနဲ႔ အုန္းဆီနည္းနည္းေရာထဲၿပီး ဆံပင္အရင္းကေန အဖ်ားေတြထိ လိမ္းေပးပါ။ မိနစ္ ၂၀ ေလာက္ထားၿပီးရင္ေတာ့ ေရေႏြးနဲ႔ ေခါင္းေလွ်ာ္ပါ။ အေကာင္းဆံုး ရလဒ္ေတြရဖို႔အတြက္ တစ္လမွာႏွစ္ခါေလာက္ လုပ္ေပးသင့္ပါတယ္။

၅။ဦးေရျပားအဆီျပန္တာ ထိန္းခ်ဳပ္ဖို႔အတြက္
သင္က ဦးေရျပားအဆီျပန္တတ္တဲ့သူတစ္ေယာက္ဆုိရင္ေတာ့ မွည့္ေနတဲ့ ငွက္ေပ်ာသီးတစ္လံုးကို ေခ်လိုက္ၿပီး ပ်ားရည္နဲ႔ ေရာေမႊလိုက္ပါ။ ရလာတဲ့အႏွစ္ကို ဆံပင္အရင္းကေန အဖ်ားထိ လိမ္းပါ။ မိနစ္ ၂၀ ေလာက္ ထားၿပီးရင္ေတာ့ ေရေဆးခ်လိုက္ပါ။ ဒီနည္းလမ္းကို ႏွစ္ပတ္တစ္ႀကိမ္ လုပ္ေပးျခင္းအားျဖင့္ ဦးေရျပားအဆီျပန္တာကို ေကာင္းေကာင္းေျဖရွင္းႏိုင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သဘာဝသစ်သီးတွေက ဆံကေသာကိုကောင်းမွန်စေပါတယ်။ အဲဒီထဲမှာ ငှက်ပျောသီးရဲ့အစွမ်းကလည်းအံ့မခန်းပါပဲ။ သင့်အနေနဲ့ ငှက်ပျောသီးကို ဆံကေသာနဲ့ဦးရေပြားအတွက် သုံးကြည့်ဖူးပါသလား။ သင်စားနေကျ ငှက်ပျောသီးမှာ အလှအပအတွက် အသုံးချလို့ရတဲ့နည်းတွေအများကြီး ရှိနေပါတယ်။

၁။ပျက်စီးနေတဲ့ ဆံပင်တွေအတွက်
ကြမ်းတမ်းပြီးခြောက်သွေ့ပျက်စီးနေတဲ့ဆံသားတွေအတွက် အကောင်းဆုံးပြန်လည်ထိန်းသိမ်းရမယ့် နည်းကတော့ Banana Conditioner Recipeပါ။ ငှက်ပျောသီးတစ်လုံးကိုချေပြီး အုန်းနို့နဲ့ ရောပါ။ ဆီးဖြူသီးအရည်ရှိရင်လည်း ထပ်ပါ။ ဒီအရောအနှောကို ဆံပင်မှာ သုတ်လိမ်းလိုက်ပြီး ၁၀မိနစ်လောက်အကြာမှာ ရေဆေးချလိုက်ပါ။ ပျက်စီးနေတဲ့ဆံပင်တွေ သိသိသာသာကောင်းမွန်လာမှာကို တွေ့ရမှာပါ။

၂။ဆံပင်ရှည်ပြီးတောက်ပဖို့အတွက်
ချေထားတဲ့ ငှက်ပျောသီး အနှစ်၊နေကြာဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း တစ်ဝက်ကို ရောမွှေပါ။ ခပ်ပျစ်ပျစ်အနှစ်လေးဖြစ်သွားအောင် ရောမွှေပြီးရင်တော့ ဆံပင်အရင်းနားကနေ  အဖျားထိ သုတ်လိမ်းထားပြီး သဘက်လေးနဲ့ပေါင်းထားပါ။ မိနစ် ၁၅ကနေမိနစ်၂၀လောက်ထိ ထားပြီးရင်တော့ ရေနွေးလေးနဲ့လျှော်ချလိုက်ပါ။ ဒီနည်းလမ်းကို တစ်လ ၂ခေါက်လောက်လုပ်ရင် ဆံပင်တွေသိသိသာသာ ရှည်ပြီး တောက်ပြောင်လာမှာဖြစ်ပါတယ်။

၃။ဆံပင်ကျွတ်တာသက်သာဖို့အတွက်
ဆံပင်ကျွတ်ရခြင်းအကြောင်းရင်းတွေထဲမှာဗောက်တွေနဲ့ ဦးရေပြား ယားယံမှုတွေလည်း ပါဝင်ပါတယ်။ မှည့်နေတဲ့ငှက်ပျောသီးက ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ ငှက်ပျောသီးအမှည့်ကို ဒိန်ခဲအစိမ်း ခွက်တစ်ဝက်နဲ့ ရောပြီး ဆံပင်ကို လိမ်းပါ။ ၁၅မိနစ်ကနေ မိနစ် ၂၀လောက်ထိ ထားပြီး ရေဆေးချလိုက်ပါ။ ဗောက်တွေနဲ့ ယားယံတာတွေ သက်သာသွားပါလိမ့်မယ်။

၄။ဦးရေပြား အစိုဓာတ်ရဖို့အတွက်
ဦးရေပြားအစိုဓာတ်ရဖို့ Maskကိုတော့ ချေထားတဲ့ ငှက်ပျောသီးထဲကို သံလွင်ဆီနဲ့ အုန်းဆီနည်းနည်းရောထဲပြီး ဆံပင်အရင်းကနေ အဖျားတွေထိ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင်တော့ ရေနွေးနဲ့ ခေါင်းလျှော်ပါ။ အကောင်းဆုံး ရလဒ်တွေရဖို့အတွက် တစ်လမှာနှစ်ခါလောက် လုပ်ပေးသင့်ပါတယ်။

၅။ဦးရေပြားအဆီပြန်တာ ထိန်းချုပ်ဖို့အတွက်
သင်က ဦးရေပြားအဆီပြန်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ မှည့်နေတဲ့ ငှက်ပျောသီးတစ်လုံးကို ချေလိုက်ပြီး ပျားရည်နဲ့ ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဆံပင်အရင်းကနေ အဖျားထိ လိမ်းပါ။ မိနစ် ၂၀ လောက် ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကို နှစ်ပတ်တစ်ကြိမ် လုပ်ပေးခြင်းအားဖြင့် ဦးရေပြားအဆီပြန်တာကို ကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top