iMyanmarHouse.com - Best Property Website for Myanmar
×

ေနၾကာေစ့ဟာ သာမန္သြားရည္စာတစ္မ်ိဳးမဟုတ္

ပဲ ဗီတာမင္ဘီႏွင့္ ဗီတာမင္အီး ႂကြယ္ဝတဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ ထို႔အျပင္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ပ႐ုိတင္း (Protein) ဓာတ္အျပင္ မဂၢနီစီယမ္ (Magnesium)၊ ဇင့္ (Zinc) ကဲ့သို႔ေသာ သတၱဳဓာတ္ပါဝင္တာေၾကာင့္လည္း က်န္းမာေရးေရာ အလွအပအတြက္ပါမ်ားစြာ အေထာက္အကူျပဳပါတယ္။

၁။ ဆံသားအတြက္ ေနၾကာေစ့။

ေနၾကာေစ့မွာ ဆံသားအတြက္လိုအပ္တဲ့ ဗီတာမင္ႏွင့္ သတၱဳဓာတ္အျပင္ ပ႐ုိတင္းဓာတ္လည္းပါဝင္ပါတယ္။ ယင္းပ႐ုိတင္းဓာတ္ဟာ ဆံသားႏွစ္ခြျဖစ္ျခင္းကို တားဆီးေပးတဲ့အျပင္ နက္ေမွာင္ေတာက္ေျပာင္႐ွည္လ်ားတဲ့ ဆံသားကိုရ႐ွိေစပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေတြ ကိုယ္ဝန္ေဆာင္ကာလမွာ အသားအေရႏွင့္ ဆံသားကို ဂ႐ုစိုက္သည့္အေနနဲ႔ ေနၾကာေစ့ကို စားသံုးေပးသင့္ပါတယ္။

၂။ေနၾကာေစ့နဲ႔ ဝိတ္ေလ်ွာ့မယ္။

ကိုယ္အေလးခ်ိန္ေလ်ွာ့ခ်ဖို႔ Diet လုပ္ၾကတဲ့သူေတြ အတြက္ေတာ့ ေနၾကာေစ့ဟာ အေကာင္းဆံုး အဆာေျပစာ ျဖစ္ပါတယ္။ ေနၾကာေစ့မွာ အာဟာရဓာတ္မ်ားစြာႂကြယ္ဝတဲ့အတြက္ အစာေ႐ွာင္စားတဲ့အခါ အာဟာရဓာတ္ခ်ိဳ႕တဲ့မွာ မပူရပါဘူး။

၃။ႏွလံုးႏွင့္ ေသြးေၾကာကို က်န္းမာေစတယ္။

ေနၾကာေစ့ထဲတြင္ ေသြးထဲကမေကာင္းတဲ့ ကိုလက္စထေရာကို ေလ်ာ့နည္းေစတဲ့ အဆီအက္စစ္ (Fatty Acid) ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ကိုလက္စထေရာပါဝင္မႈႏႈန္း မ်ားျပားသူေတြရဲ႕ ေနစဥ္အစားစားမႈစနစ္မွာ ေနၾကာေစ့ ပါဝင္သင့္္ပါတယ္။

၄။ဆီးခ်ိဳေရာဂါႏွင့္ ေနၾကာေစ့။

ဆီးခ်ိဳေရာဂါ႐ွိသူေတြဟာ ေန႔စဥ္ေနၾကာေစ့ကို စိုးရိမ္စရာမလိုပဲ စားသံုးလို႔ရပါတယ္။ ဆရာဝန္ေတြရဲ႕ ေျပာၾကားခ်က္အရ ေန႔ၾကာေစ့ဟာ ေသြးခ်ိဳႏႈန္းကို ပံုမွန္ထိန္းေပးတယ္လို႔ သိရပါတယ္။

၅။ အသားအေရအတြက္လည္း အက်ိဳးျပဳတယ္။

ေနၾကာေစ့ထဲမွာ ဗီတာမင္နဲ႔ သတၱဳဓာတ္ပါဝင္တာေၾကာင့္ အသားအေရကို ပိုမို ေကာင္းမြန္လာေစပါတယ္။ ထို႔အျပင္ အသားအေရေပၚမွာ႐ွိတဲ့ ဆဲလ္အေသေတြကို ဖယ္႐ွားေပးကာ မ်က္ႏွာေပၚ႐ွိ သဘာဝအဆီဓာတ္ကို ထိန္းေပးထားႏိုင္တဲ့ အတြက္ေၾကာင့္လည္း ေနၾကာေစ့ကို စား၍သာမကပဲ ႀကိတ္ၿပီး Face Mask အေန႔နဲ႔ပါ အသံုးျပဳလို႔ရပါတယ္။

ေနၾကာေစ့ဟာ က်န္းမာေရကို အဖက္ဖက္က ကူညီေစေပမယ့္ သဘာဝေနၾကာေစ့ေလွာ္ကို ေရြးခ်ယ္စားသံုးျခင္းသာအေကာင္းဆံုးပါ။ အရသာခပ္ထားတဲ့ ေနၾကာေစ့အထုပ္ေတြဟာ သဘာဝေလာက္အက်ိဳးမျပဳတာကိုေတာ့ သတိျပဳေစခ်င္ပါတယ္။

Credit : mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


နေကြာစေ့ဟာ သာမန်သွားရည်စာတစ်မျိုးမဟုတ်

ပဲ ဗီတာမင်ဘီနှင့် ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်း (Protein) ဓာတ်အပြင် မဂ္ဂနီစီယမ် (Magnesium)၊ ဇင့် (Zinc) ကဲ့သို့သော သတ္တုဓာတ်ပါဝင်တာကြောင့်လည်း ကျန်းမာရေးရော အလှအပအတွက်ပါများစွာ အထောက်အကူပြုပါတယ်။

၁။ ဆံသားအတွက် နေကြာစေ့။

နေကြာစေ့မှာ ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်အပြင် ပရိုတင်းဓာတ်လည်းပါဝင်ပါတယ်။ ယင်းပရိုတင်းဓာတ်ဟာ ဆံသားနှစ်ခွဖြစ်ခြင်းကို တားဆီးပေးတဲ့အပြင် နက်မှောင်တောက်ပြောင်ရှည်လျားတဲ့ ဆံသားကိုရရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ကာလမှာ အသားအရေနှင့် ဆံသားကို ဂရုစိုက်သည့်အနေနဲ့ နေကြာစေ့ကို စားသုံးပေးသင့်ပါတယ်။

၂။နေကြာစေ့နဲ့ ဝိတ်လျှော့မယ်။

ကိုယ်အလေးချိန်လျှော့ချဖို့ Diet လုပ်ကြတဲ့သူတွေ အတွက်တော့ နေကြာစေ့ဟာ အကောင်းဆုံး အဆာပြေစာ ဖြစ်ပါတယ်။ နေကြာစေ့မှာ အာဟာရဓာတ်များစွာကြွယ်ဝတဲ့အတွက် အစာရှောင်စားတဲ့အခါ အာဟာရဓာတ်ချို့တဲ့မှာ မပူရပါဘူး။

၃။နှလုံးနှင့် သွေးကြောကို ကျန်းမာစေတယ်။

နေကြာစေ့ထဲတွင် သွေးထဲကမကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေတဲ့ အဆီအက်စစ် (Fatty Acid) ပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုလက်စထရောပါဝင်မှုနှုန်း များပြားသူတွေရဲ့ နေစဉ်အစားစားမှုစနစ်မှာ နေကြာစေ့ ပါဝင်သင့်ပါတယ်။

၄။ဆီးချိုရောဂါနှင့် နေကြာစေ့။

ဆီးချိုရောဂါရှိသူတွေဟာ နေ့စဉ်နေကြာစေ့ကို စိုးရိမ်စရာမလိုပဲ စားသုံးလို့ရပါတယ်။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ နေ့ကြာစေ့ဟာ သွေးချိုနှုန်းကို ပုံမှန်ထိန်းပေးတယ်လို့ သိရပါတယ်။

၅။ အသားအရေအတွက်လည်း အကျိုးပြုတယ်။

နေကြာစေ့ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်တာကြောင့် အသားအရေကို ပိုမို ကောင်းမွန်လာစေပါတယ်။ ထို့အပြင် အသားအရေပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးကာ မျက်နှာပေါ်ရှိ သဘာဝအဆီဓာတ်ကို ထိန်းပေးထားနိုင်တဲ့ အတွက်ကြောင့်လည်း နေကြာစေ့ကို စား၍သာမကပဲ ကြိတ်ပြီး Face Mask အနေ့နဲ့ပါ အသုံးပြုလို့ရပါတယ်။

နေကြာစေ့ဟာ ကျန်းမာရေကို အဖက်ဖက်က ကူညီစေပေမယ့် သဘာဝနေကြာစေ့လှော်ကို ရွေးချယ်စားသုံးခြင်းသာအကောင်းဆုံးပါ။ အရသာခပ်ထားတဲ့ နေကြာစေ့အထုပ်တွေဟာ သဘာဝလောက်အကျိုးမပြုတာကိုတော့ သတိပြုစေချင်ပါတယ်။

Credit : mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top