iMyanmarHouse.com - Best Property Website for Myanmar
×






Credit:7Day Daily



Unicode Version

ဘေဆယ်လ် ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပါမောက ္ခခရစ်တိုဘက်လင်ဂျာနှင့် စိတ်ရောဂါဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခ စတီဖန်ဘော့ဂ်ဝက်တို့ ဦးဆောင်သော သုတေသီအဖွဲ့ များ၏ လေ့လာမှုအသစ်တစ်ခုအရ ဂရင်းတီးအဆီသည် ဦးနှောက်၏ အရေးပါသော ဆက်သွယ်မှုကို တိုးတက်စေပြီး ဦးနှောက်အစိတ်အပိုင်းတစ်ခုမှ အခြားအစိတ်အပိုင်းတစ်ခုကို အသုံးချသည့် အမြဲတမ်းမဟုတ်သော လွှမ်းမိုးမှု ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့အကျိုးသက်ရောက်မှုကြောင့် ဦးနှောက်၏ ဆက်သွယ်မှုအပေါ် အမှန်တကယ်သိမြင်တတ်သော စွမ်းဆောင်မှုများကိုလည်း တိုးတက်စေနိုင်သည်။ ယင်းလေ့လာမှုတွင် ပါဝင်သူများကို ဂရင်းတီးအဆီတိုက်ကျွေးပြီးနောက် ၎င်းတို့၏လက်တွေ့ အသုံးချမှတ်ဉာဏ်များ သိသိသာသာ ပိုကောင်းလာကြောင်းတွေ့ရသည်။

၎င်းတို့၏ဦးနှောက်လုပ်ဆောင်မှုများကို သိပ္ပံပညာရှင်များက သံလိုက်လှိုင်းဖြင့် ပုံဖော်ခြင်းစနစ် (MRI)စက်အသုံးပြုပြီး လေ့လာခဲ့ရာ ဦးနှောက်အလယ်ပိုင်းအခန်းနှင့် ရှေ့ပိုင်းကြား ဆက်သွယ်မှု တိုးတက်လာကြောင်း တွေ့ရှိရသည်။

ယင်းအာရုံကြောဆိုင်ရာ လေ့လာတွေ့ရှိချက်များမှာ GreenTea သောက်ထားသူ၏ အလုပ်တာဝန်စွမ်းဆောင်ရည်တိုးတက်မှု နှင့် အပြုသဘော ဆက်စပ်မှုရှိကြောင်းဖော်ပြနိုင်သည်။

Green Tea ကို အပူ၊ အအေး မိမိကြိုက်နှစ်သက်ရာ သောက်သုံးနိုင်သဖြင့် ကျောင်းသား၊ ကျောင်းသူများအပြင် အခြားသူများလည်း ဦးနှောက်အားကောင်းရန် သောက်သုံးသင့်ကြောင်း အကြံပြုထားသည်။ သုတေသီများက ၎င်းတို့၏ တွေ့ရှိချက်များကို Psy-chophar macology ဂျာနယ်တွင် ဖော်ပြထားသည်။

Credit:7Day Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top