iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
Unicode Version
Heart Attack ဖြစ်တဲ့ လူနာအတော်များများဟာ တစ်ယောက်တည်း ရှိနေချိန်မျိုးမှာ Heart Attack ရတာ များပါတယ်။
Heart Attack ရကာ နီးရင် ဘာတွေ ဖြစ်သလဲ
အသက်ရှုမဝသလို ဖြစ်မယ်။ မောလာမယ်။ ခေါင်းမူးလာမယ်။ နှလုံးကို ညှစ်ခံထားရသလို စူးစူးဝါးဝါး နာကျင်တယ်။ ခြေတွေ လက်တွေ တုန်လာမယ်။ အားမရှိသလို ပျော့ခွေသွားပြီး သတိလက်လွတ်ဖြစ်သွားမယ်။ သတိလစ်သွားပြီး လဲကျမသွားခင် မိမိကိုယ်ကို ကယ်တင်ဖို့ (၁၀) စက္ကန့်လောက်သာ အချိန်ရပါတယ်။
Heart Attack ရရင် ဘာလုပ်ရမလဲ
နှလုံးထဲကို အောက်စီဂျင်ရောက်တာနည်းတဲ့အတွက် Heart Attack ကိုခံစားရတာလို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ လူနာအနေနဲ့ မူးလဲချင်သလို ခံစားရတဲ့အခါ အဆက်မပြတ်နဲ့ ပြင်းပြင်းထန်ထန် ချောင်းဆိုးပေးရပါမယ်။ ချောင်းမဆိုးခင်မှာ အသက်ကို ဝအောင် ရှူပြီး ချောင်းကို သလိပ်ကပ်တဲ့အခါ သလိပ်ရအောင် ဆိုးသလိုမျိုး ဆိုးရမှာ ဖြစ်ပါတယ်။  "အဟွတ်!!!!!!!!!!" ဆိုပြီး ချောင်း တစ်ချက်တည်းကို ရှည်ရှည်ဆွဲပြီး ဆက်တိုက် ဆိုးရမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းတွေကို ပြောရရင် အသက်ပြင်းပြင်းရှူခြင်းက အောက်စီဂျင် ကို အဆုတ်တွေဆီ လုံလောက်စွာ ပို့ဆောင်ပေးနိုင်ပါတယ်။ ချောင်း ပြင်းပြင်းထန်ထန် ဆိုးခြင်းကတော့ နှလုံးရဲ့ ညှစ်အားကို ကောင်းစေပြီး သွေးလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ကူညီပေးပါမယ်။ နှလုံးခုန်နှုန်း ပြန်လည်မှန်ကန်လာစေဖို့လည်း အထောက်အပံ့ ပေးပါတယ်။ အသက်ရှူလိုက်၊   ချောင်းဆိုးလိုက်လုပ်တာကို ဆက်တိုက်လုပ်ပေးရင်းနဲ့ နှလုံးဆီကို အောက်စီဂျင်ရောက်အောင် ကူပေးမှာ ဖြစ်ပါတယ်။
အရေးပေါ်ကား၊ အခြားအကူအညီ တစ်ခုခုရောက်လာတဲ့ အချိန်အထိ မိမိကိုယ်ကို အတတ်နိုင်ဆုံး ထိန်းထားလို့ ရနိုင်မှာ ဖြစ်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top