iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔လံုး အလုပ္ေတြလုပ္ၿပီး ပင္ပန္းႏြမ္းနယ္ခဲ့သမွ် ညဘက္ ေရေအးေအးေလး စိမ္ခ်ိဳးလိုက္ရရင္ စိတ္က သက္ေတာင့္သက္သာ ျဖစ္သြားပါတယ္။ ဆပ္ျပဳျမႇဳပ္ေတြထဲဝင္စိမ္၊ အနံ႔ေမႊးတဲ့ဖေယာင္းတိုင္ေလးထြန္းလိုက္ၿပီး ေရကိုစိမ္ခ်ိဳးရတာဟာ စိတ္ကိုတည္ၿငိမ္ေအးခ်မ္းေစပါတယ္။ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ၾကြက္သားေတြကို သက္ေတာင့္သက္သာျဖစ္ေစတာမို႕ ညအိပ္ခါနီး ေရခ်ိဳးတာက တကယ္ကိုေကာင္းပါတယ္။

ကိုယ့္အသားအေရေလးလည္းလွ၊ စိတ္လည္း တည္ၿငိမ္ေအးခ်မ္းေစဖုိ႔အတြက္ ေရခ်ိဳးနည္း ႐ွိပါတယ္။ လိုအပ္တဲ့ ပစၥည္းေတြကိုေတာ့ စံုေအာင္ ႐ွာထားေနာ္။ ဒါမွ အက်ိဳးသက္ေရာက္မႈေကာင္းမွာ။
အုတ္ဂ်ံဳလိုတယ္ဆုိ မအံ့ၾသပါနဲ႔။ သူက အသားအေရေျခာက္ေသြ႕မႈ၊ ေနေလာင္ျခင္းနဲ႔ အေရျပားယားယံတာကို သက္သာေစပါတယ္။ ဟင္းခ်က္ရာမွာခ်င္တြယ္တဲ့ ခြက္ေလးနဲ႔ ၁ ခြက္ လိုပါတယ္။ ပ်ားရည္က အသားအေရကို စိုျပည္ေစတာမို႔ ထမင္းစားဇြန္း ၂ ဇြန္းစာ လိုပါတယ္။ လာဗင္ဒါအဆီကေတာ့ စိတ္ကိုသက္ေတာင့္သက္သာျဖစ္ေစတာမုိ႔ ၆ စက္ေလာက္ ထည့္ပါ။ ယူကလစ္ဆီ၊ ပက္ပါမင့္ဆီတို႔က စိတ္ကို လန္းဆန္းေစပါတယ္။ အုန္းဆီကိုလည္း ထည့္ပါဦး။ အသားအေရကို ေခ်ာေမြ႕တင္းရင္းေစတယ္ေလ။

 မုန္႔ဖုတ္ဆုိဒါကေတာ့ အသားအေရမွာ ကပ္ၿငိေနတဲ့ ေၾကးေညႇာ္ေတြကို ဖယ္ရွားေပးပါတယ္။ သူ႔ကိုေတာ့ ေရဇလံုထဲမထည့္ပါနဲ႔။ ေရစိမ္ေနရင္း တံေတာင္၊ ဒူး၊ ခ်ိဳင္းၾကားနဲ႔ ၾကမ္းတမ္းညိဳမြဲတဲ့ေနရာေတြကို ပြတ္တုိက္ေပးရမွာ ျဖစ္ပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
တစ်နေ့လုံး အလုပ်တွေလုပ်ပြီး ပင်ပန်းနွမ်းနယ်ခဲ့သမျှ ညဘက် ရေအေးအေးလေး စိမ်ချိုးလိုက်ရရင် စိတ်က သက်တောင့်သက်သာ ဖြစ်သွားပါတယ်။ ဆပ်ပြုမြှုပ်တွေထဲဝင်စိမ်၊ အနံ့မွှေးတဲ့ဖယောင်းတိုင်လေးထွန်းလိုက်ပြီး ရေကိုစိမ်ချိုးရတာဟာ စိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေတာမို့ ညအိပ်ခါနီး ရေချိုးတာက တကယ်ကိုကောင်းပါတယ်။

ကိုယ့်အသားအရေလေးလည်းလှ၊ စိတ်လည်း တည်ငြိမ်အေးချမ်းစေဖို့အတွက် ရေချိုးနည်း ရှိပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ စုံအောင် ရှာထားနော်။ ဒါမှ အကျိုးသက်ရောက်မှုကောင်းမှာ။

 အုတ်ဂျုံလိုတယ်ဆို မအံ့သြပါနဲ့။ သူက အသားအရေခြောက်သွေ့မှု၊ နေလောင်ခြင်းနဲ့ အရေပြားယားယံတာကို သက်သာစေပါတယ်။ ဟင်းချက်ရာမှာချင်တွယ်တဲ့ ခွက်လေးနဲ့ ၁ ခွက် လိုပါတယ်။ ပျားရည်က အသားအရေကို စိုပြည်စေတာမို့ ထမင်းစားဇွန်း ၂ ဇွန်းစာ လိုပါတယ်။ လာဗင်ဒါအဆီကတော့ စိတ်ကိုသက်တောင့်သက်သာဖြစ်စေတာမို့ ၆ စက်လောက် ထည့်ပါ။ ယူကလစ်ဆီ၊ ပက်ပါမင့်ဆီတို့က စိတ်ကို လန်းဆန်းစေပါတယ်။ အုန်းဆီကိုလည်း ထည့်ပါဦး။ အသားအရေကို ချောမွေ့တင်းရင်းစေတယ်လေ။

 မုန့်ဖုတ်ဆိုဒါကတော့ အသားအရေမှာ ကပ်ငြိနေတဲ့ ကြေးညှော်တွေကို ဖယ်ရှားပေးပါတယ်။ သူ့ကိုတော့ ရေဇလုံထဲမထည့်ပါနဲ့။ ရေစိမ်နေရင်း တံတောင်၊ ဒူး၊ ချိုင်းကြားနဲ့ ကြမ်းတမ်းညိုမွဲတဲ့နေရာတွေကို ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။
Credit: Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top