iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးအမ်ားစုဟာအျပင္ပန္း၀တ္စားဆင္ယင္မႈကိုပဲအာရံုစိုက္ၾကတာမ်ားပါတယ္။အတြင္းခံအ၀တ္အစားေတြနဲ႔ပတ္သက္ၿပီးသိပ္ၿပီးအေလးမထားတတ္ၾကပါဘူး။မ်ားေသာအားျဖင့္အမ်ိဳးသမီးေတြသတိမထားမိဘဲ လုပ္မိေနတဲ့အမွားေတြကို ဗဟုသုတမွတ္စုတိုအျဖစ္ေဖာ္ျပေပးခ်င္ပါတယ္။

(၁)ဘရာတမ်ိဳးတည္းကိုတသတ္မတ္တည္း၀တ္ဆင္ျခင္း

မတူညီတဲ့လုပ္ငန္းေဆာင္တာေတြအတြက္မတူညီတဲ့ဘရာအမ်ိဳးအစားကို၀တ္ဆင္ဖို႔လိုပါတယ္။ဒါမွလည္းအမ်ိဳးသမီးေတြအေနနဲ႔ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိမွာပါ။ဥပမာအားကစားလုပ္ရင္အားကစားဘရာကို၀တ္ဆင္သင့္သလို ေရကူးရင္ ေရကူးဘရာကို၀တ္ဆင္ဖို႔ပါ။လက္ရွိမွာေတာ့အမ်ိဳးသမီးအမ်ားစုဟာဘရာတစ္မ်ိဳးတည္းကိုပဲ ေနရာတိုင္းအတြက္တသတ္မတ္တည္း၀တ္ဆင္ေနၿပီး ဒီအေလ့အက်င့္ဟာ ႀကီးစြာေသာအမွားအယြင္းတစ္ခုလို႔ဆိုရမွာပါ။

(၂)ဘရာအမ်ိဳးအစားစံုလင္စြာမထားရွိျခင္း

တခ်ိဳ႕က်ေတာ့လည္း အေကာင္းႀကီးပဲရွိေသးတယ္ဆိုၿပီး ဘရာတစ္ထည္ကိုႏွစ္ရွည္လမ်ားစြာ၀တ္ဆင္တာမ်ိဳးရွိသလို တခ်ိဳ႕က်ေတာ့လည္းအားကစားလုပ္တဲ့အခါ၊ထသြားထလာနဲ႔၊ပြဲလမ္းသဘင္သြားတဲ့အခါစသျဖင့္ေနရာေဒသအလိုက္ေရြးခ်ယ္၀တ္ဆင္တာမ်ိဳးမဟုတ္ဘဲဘရာတစ္မ်ိဳးတည္းကိုတစ္သတ္မတ္တည္း၀တ္ဆင္တတ္ၾကပါတယ္။ဒါ့အျပင္ကိုယ္နဲ႔ကိုက္ညီတဲ့ sizeကိုေရြးခ်ယ္၀တ္ဆင္ဖို႔လည္းအေရးႀကီးပါတယ္။

(၃)ညဘက္ ဘရာ၀တ္ၿပီးအိပ္စက္ျခင္း

ညဘက္မွာဘရာအလြတ္နဲ႔အိပ္စက္ျခင္းကလူကိုသက္ေတာင့္သက္သာျဖစ္ေစၿပီးက်န္းမာေရးအတြက္လည္းညီညြတ္ေစတယ္လို႔ကၽြမ္းက်င္ပညာရွင္ေတြက ေထာက္ျပထားေပမယ့္ညဘက္ဘရာ၀တ္အိပ္တဲ့အမ်ိဳးသမီးအမ်ားအျပားရွိေနပါေသးတယ္။

(၄)အေနအထားမမွန္မကန္၀တ္ဆင္ျခင္း

တခ်ိဳ႕အမ်ိဳးသမီးေတြက်ေတာ့မလံုမလဲျဖစ္လို႔တင္းတင္းၾကပ္ၾကပ္၀တ္ဆင္တတ္သလိုတခ်ိဳ႕က်ေတာ့လည္းအသက္ရႈၾကပ္လို႔ဆိုၿပီးေခ်ာင္ေခ်ာင္ခ်ိခ်ိ၀တ္ဆင္တတ္ၾကပါတယ္။တကယ္ကိုေရွာင္ရွားသင့္တဲ့အျပဳအမူေတြပါ။တင္းလြန္း၊ေလ်ာ့လြန္းတဲ့အေနအထားေတြဟာကိုယ့္ရဲ႕ရင္သားအတြက္သာမကက်န္းမာေရးအတြက္ပါဆိုးက်ိဳးေတြရွိႏုိင္တဲ့အတြက္မေလ်ာ့လြန္းမတင္းလြန္းအေျခအေနေတြနဲ႔က်င့္သားရေအာင္ေျပာင္းလဲ၀တ္ဆင္သင့္ပါတယ္။

(၅)အရည္အေသြးကို ဂရုမစိုက္ျခင္း

ေစ်းကြက္မွာဘရာအမ်ိဳးအစားေပါင္းမ်ားစြာရရွိႏိုင္ပါတယ္။ေစ်းသက္သာတဲ့အမ်ိဳးအစားရွိသလိုတန္ဖိုးႀကီးေပးရတဲ့ဘရာအမ်ိဳးအစားေတြလည္းရွိပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ဒီလိုအမ်ိဳးသမီးေတြရဲ႕ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိေစဖို႔သာမကက်န္းမာေရးအတြက္ပါအေရးႀကီးတဲ့အတြင္းခံအတြက္ဆိုရင္ေတာ့ခ်ည္သားအမ်ိဳးအစားကအေကာင္းဆံုးပါပဲ။ေန႔စဥ္ပံုမွန္လဲလွယ္၀တ္ဆင္သင့္သလို က်န္းမာေရးနဲ႔ညီညြတ္တဲ့ အရည္အေသြးရွိဖို႔လည္းလိုအပ္ပါတယ္။

(၆)မွားယြင္းတဲ့ေလွ်ာ္ဖြတ္ျခင္းပံုစံ

အတြင္းခံေတြကိုစက္နဲ႔ေလွ်ာ္ဖြတ္တာထက္လက္နဲ႔ေလွ်ာ္ဖြတ္တာကပိုၿပီးသင့္ေတာ္ပါတယ္။ဒါေပမယ့္သန္႔ရွင္းမႈအတြက္ ေမႊးပ်႕ံလြန္းတဲ့ဆပ္ျပာအသံုးျပဳေလွ်ာ္ဖြတ္ျခင္းကက်န္းမာေရးအတြက္မေကာင္းႏိုင္ပါဘူး။အေရျပားအတြက္ဆိုးက်ိဳးအနည္းဆံုး ဆပ္ျပာအမ်ိဳးအစားကိုအသံုးျပဳၿပီး လက္နဲ႔ေလွ်ာ္ဖြတ္ျခင္းကိုပဲအားေပးခ်င္ပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသမီးအများစုဟာအပြင်ပန်းဝတ်စားဆင်ယင်မှုကိုပဲအာရုံစိုက်ကြတာများပါတယ်။အတွင်းခံအဝတ်အစားတွေနဲ့ပတ်သက်ပြီးသိပ်ပြီးအလေးမထားတတ်ကြပါဘူး။များသောအားဖြင့်အမျိုးသမီးတွေသတိမထားမိဘဲ လုပ်မိနေတဲ့အမှားတွေကို ဗဟုသုတမှတ်စုတိုအဖြစ်ဖော်ပြပေးချင်ပါတယ်။

(၁)ဘရာတမျိုးတည်းကိုတသတ်မတ်တည်းဝတ်ဆင်ခြင်း

မတူညီတဲ့လုပ်ငန်းဆောင်တာတွေအတွက်မတူညီတဲ့ဘရာအမျိုးအစားကိုဝတ်ဆင်ဖို့လိုပါတယ်။ဒါမှလည်းအမျိုးသမီးတွေအနေနဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှာပါ။ဥပမာအားကစားလုပ်ရင်အားကစားဘရာကိုဝတ်ဆင်သင့်သလို ရေကူးရင် ရေကူးဘရာကိုဝတ်ဆင်ဖို့ပါ။လက်ရှိမှာတော့အမျိုးသမီးအများစုဟာဘရာတစ်မျိုးတည်းကိုပဲ နေရာတိုင်းအတွက်တသတ်မတ်တည်းဝတ်ဆင်နေပြီး ဒီအလေ့အကျင့်ဟာ ကြီးစွာသောအမှားအယွင်းတစ်ခုလို့ဆိုရမှာပါ။

(၂)ဘရာအမျိုးအစားစုံလင်စွာမထားရှိခြင်း

တချို့ကျတော့လည်း အကောင်းကြီးပဲရှိသေးတယ်ဆိုပြီး ဘရာတစ်ထည်ကိုနှစ်ရှည်လများစွာဝတ်ဆင်တာမျိုးရှိသလို တချို့ကျတော့လည်းအားကစားလုပ်တဲ့အခါ၊ထသွားထလာနဲ့၊ပွဲလမ်းသဘင်သွားတဲ့အခါစသဖြင့်နေရာဒေသအလိုက်ရွေးချယ်ဝတ်ဆင်တာမျိုးမဟုတ်ဘဲဘရာတစ်မျိုးတည်းကိုတစ်သတ်မတ်တည်းဝတ်ဆင်တတ်ကြပါတယ်။ဒါ့အပြင်ကိုယ်နဲ့ကိုက်ညီတဲ့ sizeကိုရွေးချယ်ဝတ်ဆင်ဖို့လည်းအရေးကြီးပါတယ်။

(၃)ညဘက် ဘရာဝတ်ပြီးအိပ်စက်ခြင်း

ညဘက်မှာဘရာအလွတ်နဲ့အိပ်စက်ခြင်းကလူကိုသက်တောင့်သက်သာဖြစ်စေပြီးကျန်းမာရေးအတွက်လည်းညီညွတ်စေတယ်လို့ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြထားပေမယ့်ညဘက်ဘရာဝတ်အိပ်တဲ့အမျိုးသမီးအများအပြားရှိနေပါသေးတယ်။

(၄)အနေအထားမမှန်မကန်ဝတ်ဆင်ခြင်း

တချို့အမျိုးသမီးတွေကျတော့မလုံမလဲဖြစ်လို့တင်းတင်းကြပ်ကြပ်ဝတ်ဆင်တတ်သလိုတချို့ကျတော့လည်းအသက်ရှုကြပ်လို့ဆိုပြီးချောင်ချောင်ချိချိဝတ်ဆင်တတ်ကြပါတယ်။တကယ်ကိုရှောင်ရှားသင့်တဲ့အပြုအမူတွေပါ။တင်းလွန်း၊လျော့လွန်းတဲ့အနေအထားတွေဟာကိုယ့်ရဲ့ရင်သားအတွက်သာမကကျန်းမာရေးအတွက်ပါဆိုးကျိုးတွေရှိနိုင်တဲ့အတွက်မလျော့လွန်းမတင်းလွန်းအခြေအနေတွေနဲ့ကျင့်သားရအောင်ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။

(၅)အရည်အသွေးကို ဂရုမစိုက်ခြင်း

ဈေးကွက်မှာဘရာအမျိုးအစားပေါင်းများစွာရရှိနိုင်ပါတယ်။ဈေးသက်သာတဲ့အမျိုးအစားရှိသလိုတန်ဖိုးကြီးပေးရတဲ့ဘရာအမျိုးအစားတွေလည်းရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုအမျိုးသမီးတွေရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့သာမကကျန်းမာရေးအတွက်ပါအရေးကြီးတဲ့အတွင်းခံအတွက်ဆိုရင်တော့ချည်သားအမျိုးအစားကအကောင်းဆုံးပါပဲ။နေ့စဉ်ပုံမှန်လဲလှယ်ဝတ်ဆင်သင့်သလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရည်အသွေးရှိဖို့လည်းလိုအပ်ပါတယ်။

(၆)မှားယွင်းတဲ့လျှော်ဖွတ်ခြင်းပုံစံ

အတွင်းခံတွေကိုစက်နဲ့လျှော်ဖွတ်တာထက်လက်နဲ့လျှော်ဖွတ်တာကပိုပြီးသင့်တော်ပါတယ်။ဒါပေမယ့်သန့်ရှင်းမှုအတွက် မွှေးပျံ့လွန်းတဲ့ဆပ်ပြာအသုံးပြုလျှော်ဖွတ်ခြင်းကကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူး။အရေပြားအတွက်ဆိုးကျိုးအနည်းဆုံး ဆပ်ပြာအမျိုးအစားကိုအသုံးပြုပြီး လက်နဲ့လျှော်ဖွတ်ခြင်းကိုပဲအားပေးချင်ပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top