iMyanmarHouse.com - Best Property Website for Myanmar
×






Credit:thithtoolwin


#Unicode Version

ကော်ဖီတစ်နေ့ ၃ခွက်ကနေ ၅ခွက်သောက်ခြင်းက အသက်ပိုရှည်စေတယ်လို့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။

ပုံမှန် (အရသာအပြင်းအပျော့) ကော်ဖီသောက်သုံးခြင်းက နှလုံးရောဂါနဲ့ အရွယ်မရောက်ခင်သေဆုံးမှု အန္တရာယ်ကို လျှော့ချပေးပါတယ်။ ပါကင်းဆန် ရောဂါကဲ့သို့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများ၊ ဆီးချိုရောဂါ စတဲ့ အန္တရာယ်တွေကိုလည်း လျှော့ချပေးကြောင်း သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သေကြောင်းကြံစည်မှု အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပုံရပါတယ်။ ကင်ဆာရောဂါနဲ့ သေဆုံးမှုနှုန်းနဲ့ ဆက်စပ်မှုကိုတော့ မတွေ့ရသေးပါဘူး။

ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်က အဓိကမဟုတ်ပါဘူး။ ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကော်ဖီမှာပါတဲ့ အခြားသော အပင်ဒြပ်ပေါင်းတွေဆီကနေ ချိတ်ဆက်ရရှိတာဖြစ်တယ်လို့ သိရပါတယ်။

"ကော်ဖီမှာပါဝင်တဲ့ ဇီဝအကျိုးသက်ရောက်မှုရှိ ဒြပ်ပေါင်းတွေက အင်ဆူလင် ဆေးယဉ်မှုကို လျှော့ချပေးပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေဖြစ်စေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ဆက်လက်လေ့လာမှု လုပ်ဖို့လိုအပ်သေးတယ်။" လို့ အမေရိကန် ပြည်သူ့ကျန်းမာရေးကျောင်းမှ ဦးဆောင်သုတေသီ Ming Ding ကပြောခဲ့ပါတယ်။

Credit:thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top