iMyanmarHouse.com - Best Property Website for Myanmar
×

စာသင္ေက်ာင္းအမ်ားစုမွာ ကေလးေတြကို အသက္ ၂.၅ ႏွစ္ေလာက္ကေန စတင္ေက်ာင္းအပ္လက္ခံၾကေပမယ့္ ဒီအသက္အရြယ္ သတ္မွတ္ခ်က္က ကေလးေတြ ေက်ာင္းေနဖုိ႔ အဆင္သင့္ျဖစ္ျပီဆုိတဲ့ လမ္းညႊန္ခ်က္တစ္ခုေတာ့ မဟုတ္ပါဘူး။ မိဘအေတာ္မ်ားမ်ား ကေလးေတြ ေက်ာင္းစထားဖုိ႔ သင့္ေတာ္တဲ့ အသက္အရြယ္ေပၚ ထပ္ခါတလဲလဲ အခ်ိန္ယူစဥ္းစားၾကပါတယ္။ ဘာလုိ႔လဲဆိုေတာ့ ကေလးေတြ ေက်ာင္းစေနတာ အရမ္းမေစာသင့္ေၾကာင္း အဆုိျပဳထားတဲ့ သုေတသနမ်ားစြာ ရိွေနျခင္းေၾကာင့္ ျဖစ္ပါတယ္။ အခုေတာ့ မၾကာေသးမီက ေလ့လာသုေတသနျပဳမႈတစ္ခုက ဒီအေၾကာင္းကို ထပ္မံေျပာဆိုထားပါတယ္။

ကေလးေတြ အသက္ ၆ႏွစ္ထိ ေစာင့္ျပီးမွ သူငယ္တန္းစထားတဲ့ မိဘေတြဟာ စြမ္းေဆာင္ရည္ျမင့္မားထူးခြ်န္တဲ့ ကေလးေတြ ရရိွပိုင္ဆုိင္ခဲ့ၾကပါတယ္လုိ႔ Standford တကၠသိုလ္က ျပဳလုပ္တဲ့ မၾကာေသးမီက ေလ့လာမႈတစ္ခုက အခုိင္အမာသက္ေသျပခဲ့ပါတယ္။ အဲဒီကေလးေတြမွာ စာေမးပြဲရမွတ္ပိုေကာင္းျပီး အသက္ ၇ နဲ႔ ၁၁ ႏွစ္ေရာက္တဲ့အခ်ိန္မွာ မိမိကုိယ္ကို ထိန္းခ်ဳပ္ႏုိင္မႈ ပိုမုိေကာင္းမြန္ၾကပါတယ္။

မိမိကုိယ္ကုိယ္ထိန္းခ်ဳပ္ႏုိင္မႈကို စီမံခန္႔ခြဲမႈတစ္ခုအျဖစ္ စိတ္ပညာရွင္ေတြ ရႈျမင္ၾကပါတယ္။ ကေလးေတြ ဒီအရည္အခ်င္းကို ပထမဆုံးေက်ာင္းတက္တဲ့ႏွစ္ေတြမွာ သင္ယူရရိွၾကပါတယ္။ စီမံခန္႔ခြဲမႈအားေကာင္းတဲ့ ကေလးေတြက သူတုိ႔အခ်ိန္ကို ပိုမိုေကာင္းစြာ စီမံခန္႔ခြဲႏုိင္ၾကပါတယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

စာသင်ကျောင်းအများစုမှာ ကလေးတွေကို အသက် ၂.၅ နှစ်လောက်ကနေ စတင်ကျောင်းအပ်လက်ခံကြပေမယ့် ဒီအသက်အရွယ် သတ်မှတ်ချက်က ကလေးတွေ ကျောင်းနေဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ လမ်းညွှန်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ မိဘအတော်များများ ကလေးတွေ ကျောင်းစထားဖို့ သင့်တော်တဲ့ အသက်အရွယ်ပေါ် ထပ်ခါတလဲလဲ အချိန်ယူစဉ်းစားကြပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေ ကျောင်းစနေတာ အရမ်းမစောသင့်ကြောင်း အဆိုပြုထားတဲ့ သုတေသနများစွာ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ အခုတော့ မကြာသေးမီက လေ့လာသုတေသနပြုမှုတစ်ခုက ဒီအကြောင်းကို ထပ်မံပြောဆိုထားပါတယ်။

ကလေးတွေ အသက် ၆နှစ်ထိ စောင့်ပြီးမှ သူငယ်တန်းစထားတဲ့ မိဘတွေဟာ စွမ်းဆောင်ရည်မြင့်မားထူးချွန်တဲ့ ကလေးတွေ ရရှိပိုင်ဆိုင်ခဲ့ကြပါတယ်လို့ Standford တက္ကသိုလ်က ပြုလုပ်တဲ့ မကြာသေးမီက လေ့လာမှုတစ်ခုက အခိုင်အမာသက်သေပြခဲ့ပါတယ်။ အဲဒီကလေးတွေမှာ စာမေးပွဲရမှတ်ပိုကောင်းပြီး အသက် ၇ နဲ့ ၁၁ နှစ်ရောက်တဲ့အချိန်မှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု ပိုမိုကောင်းမွန်ကြပါတယ်။

မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုကို စီမံခန့်ခွဲမှုတစ်ခုအဖြစ် စိတ်ပညာရှင်တွေ ရှုမြင်ကြပါတယ်။ ကလေးတွေ ဒီအရည်အချင်းကို ပထမဆုံးကျောင်းတက်တဲ့နှစ်တွေမှာ သင်ယူရရှိကြပါတယ်။ စီမံခန့်ခွဲမှုအားကောင်းတဲ့ ကလေးတွေက သူတို့အချိန်ကို ပိုမိုကောင်းစွာ စီမံခန့်ခွဲနိုင်ကြပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top