iMyanmarHouse.com - Best Property Website for Myanmar
×

ဘီယာဟာ ကမာၻမွာ ေသာက္သုံးမႈအမ်ားဆုံး အေဖ်ာ္ယမကာေတြထဲက တစ္ခုျဖစ္ပါတယ္။ ဘီယာေအးေအး ၾကိဳက္ႏွစ္သက္သူေတြရိွသလို ဘီယာပူပူေလးေတြ ၾကိဳက္သူေတြလည္း ရိွၾကပါတယ္။ ဒါတင္မကေသးပါဘူး ဘီယာကို အေရျပားနဲ႔ ဆံပင္မွာလိမ္းရင္ အက်ဳိးေက်းဇူးမ်ားစြာ အမွန္တကယ္ရရိွေစပါတယ္။ ဘီယာေသာက္သုံးသူအမ်ားစုရဲ႕ ေျပာျပခ်က္အရ ဘီယာတာက အားအင္ခ်ိနဲ႔ေနခ်ိန္ အားအင္တိုးျမင့္ေစႏုိင္ေသာ လန္းဆန္းမႈေပးတဲ့ေသာက္ဖြယ္တစ္ခုအျဖစ္ အသုံးတည့္ေၾကာင္း သိရပါတယ္။

ဘီယာက က်န္းမာအတြက္သာ ေကာင္းတာမဟုတ္ဘဲ အသားအေရနဲ႔ ဆံေကသာအတြက္လည္း လြန္စြာအက်ဳိးျပဳေၾကာင္း လက္ေတြ႔သက္ေသရိွပါတယ္။ ဒီေတာ့ ဘီယာကို အသားအေရနဲ႔ ဆံပင္မွာ အသုံးျပဳပုံအမ်ဳိးမ်ဳိးနဲ႔ ဘာအက်ဳိးေက်းဇူးေတြေပးသလဲဆိုတာ ေလ့လာၾကရေအာင္။

၁။ အသားအေရ ေခ်ာေမြ႔ေတာက္ေျပာင္ျခင္းအတြက္

Antioxidant မ်ားစြာပါရိွျခင္းေၾကာင့္ ဘီယာကို အေရျပားမွာအသုံးျပဳျခင္းက အရြယ္တင္ႏုပ်ဳိေစတဲ့ မ်က္ႏွာလိမ္းေဆးတစ္ခုကဲ့သို႔ အက်ဳိးရိွပါတယ္။ ဘီယာမွာ မြဲေျခာက္ရင့္ေရာ္တဲ့အသားေရကို အက်ဳိးျပဳတဲ့ ဗီတာမင္-ဘီနဲ႔ ပရိုတိန္းတို႔ ပါဝင္ပါတယ္။ ၾကက္ဥ (၁) လုံးအကာ၊ ဘီယာ ၂-၅ ဇြန္းနဲ႔ မက္မြန္ဆီ အစက္အနည္းငယ္ ေရာစပ္ျပီး မ်က္ႏွာမွာ လိမ္းေပးပါ။ ခဏၾကာေအာင္ထားျပီး ေရေအးနဲ႔ေဆးေၾကာရပါမယ္။

၂။ အေရျပားဆဲလ္ေသေတြ နက္ရႈိင္းစြာ ဖယ္ရွားေပး

ဘီယာက အေရျပားဆဲလ္ေသေတြ နက္ရိႈင္းစြာ ဖယ္ရွားေပးတာမုိ႔ ဆားဝက္ျခံနဲ႔ ေခြ်းေပါက္ပိတ္ဆို႔မႈေတြ ကုသေပးပါတယ္။ ဦးေရျပားက အညစ္အေၾကးေတြ ဖယ္ရွားေပးကာ ဆဲလ္ဖြံ႔ျဖိဳးမႈ ျမင့္တင္ေပးပါတယ္။ သင္လုပ္ရမွာက စေတာ္ဘယ္ရီအနည္းငယ္ကို ညက္ညက္ေၾကေအာင္ ၾကိတ္ရပါမယ္။ ဘီယာအနည္းငယ္ ေရာျပီး အတူေရာစပ္ပါ။ ဒါကို မ်က္ႏွာမွာ လိမ္း၊ ခဏၾကာ ႏွိပ္နယ္ျပီး ေရေအးနဲ႔ ေဆးခ်ပါ။

၃။ ဆံပင္ေခ်ာေမြ႕ေစ

ဘီယာနဲ႔ ဆံပင္ တစ္ပတ္ ၁ၾကိမ္/၂ၾကိမ္ ေဆးေၾကာေပးျခင္းက ေခ်ာေမြ႔ေတာက္ပတဲ့ ဆံေကသာရရိွပုိင္ဆုိင္ေစပါတယ္။ ဦးေရျပားထိေရာက္ေအာင္ပဲ ေလာင္းေပးရမွာ ျဖစ္ပါတယ္။ ၁၅မိနစ္ ညင္သာစြာ ႏွိပ္နယ္ျပီး ဘီယာေတြ ဆံပင္အျမစ္ထိေရာက္ ဂရုစုိက္ပါ။ ေရေအးနဲ႔ ေဆးျပီး ေျခာက္ေစပါ။ ဒီနည္းလမ္းအသုံးျပဳျခင္းျဖင့္ ဆံပင္ေခ်ာေမြ႔အေရာင္စိုေစႏုိင္ပါတယ္။

၄။ ဆံပင္ေျဖာင့္စင္းေစ

သဘာဝအေလ်ာက္ေျဖာင့္ဆင္းျပီး အုံထူတဲ့ဆံပင္ ပုိင္ဆုိင္ခ်င္ရင္ ဘီယာက ေပးစြမ္းႏုိင္ပါတယ္။ သဘာဝအင္ဇိုင္းနဲ႔ ဗီတာမင္ေတြေၾကာင့္ ဘီယာက ဆံပင္ေမြးညင္းေပါက္ေတြ ႏုပ်ဳိေစျပီး ဆံေကသာကို ေျဖာင့္ဆင္းသန္မာေစပါတယ္။ ဘီယာအနည္းငယ္ကို ေရဆတူေရာျပီး ဆံပင္အျမစ္ထိေရာက္ေအာင္ လိမ္းက်ံေပးရပါမယ္။ ခဏၾကာေအာင္ေစာင့္ျပီး ေရေအးနဲ႔ေဆးေၾကာပါ။

၅။ ဆံပင္ဝင္းလက္ေစ

သဘာဝအေလ်ာက္ ဝင္းလက္တဲ့ဆံပင္ သုိ႔မဟုတ္ ဆံပင္အေရာေဖ်ာ့ေဖ်ာ့ရဖုိ႔ ရုိးရွင္းနည္းေလးတစ္ခုက ဘီယာအသုံးျပဳျခင္းပါပဲ။ ဘီယာမွာပါရိွတဲ့ အင္ဇုိင္းတုိ႔ေၾကာင့္ ဆံေကသာကို သဘာဝအေလ်ာက္ ဝင္းလက္ေစႏုိင္ပါတယ္။ ဘီယာအနည္းငယ္ကို ပန္းသီးရွာလကာရည္ ဆတူေရာ၊ သံပုယိုဆီေမႊး ၂-၃စက္ ေပါင္းထည့္ျပီး ဆံပင္မွာ လိမ္းေပးရပါမယ္။ ခဏေစာင့္ျပီး ေရနဲ႔ေဆးခ်ပါ။

၆။ေျခေထာက္အက္ကြဲျခင္းကို ေပ်ာက္ကင္းေစ

လမ္းအေလွ်ာက္မ်ားလြန္းမႈက ေျခေထာက္ ေမာပန္းေစကာ ေျခေထာက္ေျခာက္ေသြ႔၊ ညိွမြဲျပီး အက္ကြဲေစႏုိင္ပါေသးတယ္။ ဘီယာက အသားအေရႏုပ်ဳိေစျပီး ေျခဖေႏွာင့္အက္ကြဲမႈတို႔ကို ဖယ္ရွားေပးႏိုင္ပါတယ္။ အက္ကြဲမႈေတြ ကုသဖုိ႔အတြက္ ေရေႏြးနဲ႔ သံပုယိုနဲ႔ ေရာစပ္ထားတဲ့ ဘီယာထဲမွာ ေျခေထာက္ စိမ္ထားပါ။ ခဏၾကာေအာင္ထားပါရပါမယ္။ ဒီနည္းလမ္းက အက္ကြဲမႈေတြကို ေျဖးေျဖးခ်င္း သက္သာေပ်ာက္ကင္းေစပါလိမ့္မယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘီယာဟာ ကမ္ဘာမှာ သောက်သုံးမှုအများဆုံး အဖျော်ယမကာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘီယာအေးအေး ကြိုက်နှစ်သက်သူတွေရှိသလို ဘီယာပူပူလေးတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ဒါတင်မကသေးပါဘူး ဘီယာကို အရေပြားနဲ့ ဆံပင်မှာလိမ်းရင် အကျိုးကျေးဇူးများစွာ အမှန်တကယ်ရရှိစေပါတယ်။ ဘီယာသောက်သုံးသူအများစုရဲ့ ပြောပြချက်အရ ဘီယာတာက အားအင်ချိနဲ့နေချိန် အားအင်တိုးမြင့်စေနိုင်သော လန်းဆန်းမှုပေးတဲ့သောက်ဖွယ်တစ်ခုအဖြစ် အသုံးတည့်ကြောင်း သိရပါတယ်။

ဘီယာက ကျန်းမာအတွက်သာ ကောင်းတာမဟုတ်ဘဲ အသားအရေနဲ့ ဆံကေသာအတွက်လည်း လွန်စွာအကျိုးပြုကြောင်း လက်တွေ့သက်သေရှိပါတယ်။ ဒီတော့ ဘီယာကို အသားအရေနဲ့ ဆံပင်မှာ အသုံးပြုပုံအမျိုးမျိုးနဲ့ ဘာအကျိုးကျေးဇူးတွေပေးသလဲဆိုတာ လေ့လာကြရအောင်။

၁။ အသားအရေ ချောမွေ့တောက်ပြောင်ခြင်းအတွက်

Antioxidant များစွာပါရှိခြင်းကြောင့် ဘီယာကို အရေပြားမှာအသုံးပြုခြင်းက အရွယ်တင်နုပျိုစေတဲ့ မျက်နှာလိမ်းဆေးတစ်ခုကဲ့သို့ အကျိုးရှိပါတယ်။ ဘီယာမှာ မွဲခြောက်ရင့်ရော်တဲ့အသားရေကို အကျိုးပြုတဲ့ ဗီတာမင်-ဘီနဲ့ ပရိုတိန်းတို့ ပါဝင်ပါတယ်။ ကြက်ဥ (၁) လုံးအကာ၊ ဘီယာ ၂-၅ ဇွန်းနဲ့ မက်မွန်ဆီ အစက်အနည်းငယ် ရောစပ်ပြီး မျက်နှာမှာ လိမ်းပေးပါ။ ခဏကြာအောင်ထားပြီး ရေအေးနဲ့ဆေးကြောရပါမယ်။

၂။ အရေပြားဆဲလ်သေတွေ နက်ရှိုင်းစွာ ဖယ်ရှားပေး

ဘီယာက အရေပြားဆဲလ်သေတွေ နက်ရှိုင်းစွာ ဖယ်ရှားပေးတာမို့ ဆားဝက်ခြံနဲ့ ချွေးပေါက်ပိတ်ဆို့မှုတွေ ကုသပေးပါတယ်။ ဦးရေပြားက အညစ်အကြေးတွေ ဖယ်ရှားပေးကာ ဆဲလ်ဖွံ့ဖြိုးမှု မြင့်တင်ပေးပါတယ်။ သင်လုပ်ရမှာက စတော်ဘယ်ရီအနည်းငယ်ကို ညက်ညက်ကြေအောင် ကြိတ်ရပါမယ်။ ဘီယာအနည်းငယ် ရောပြီး အတူရောစပ်ပါ။ ဒါကို မျက်နှာမှာ လိမ်း၊ ခဏကြာ နှိပ်နယ်ပြီး ရေအေးနဲ့ ဆေးချပါ။

၃။ ဆံပင်ချောမွေ့စေ

ဘီယာနဲ့ ဆံပင် တစ်ပတ် ၁ကြိမ်/၂ကြိမ် ဆေးကြောပေးခြင်းက ချောမွေ့တောက်ပတဲ့ ဆံကေသာရရှိပိုင်ဆိုင်စေပါတယ်။ ဦးရေပြားထိရောက်အောင်ပဲ လောင်းပေးရမှာ ဖြစ်ပါတယ်။ ၁၅မိနစ် ညင်သာစွာ နှိပ်နယ်ပြီး ဘီယာတွေ ဆံပင်အမြစ်ထိရောက် ဂရုစိုက်ပါ။ ရေအေးနဲ့ ဆေးပြီး ခြောက်စေပါ။ ဒီနည်းလမ်းအသုံးပြုခြင်းဖြင့် ဆံပင်ချောမွေ့အရောင်စိုစေနိုင်ပါတယ်။

၄။ ဆံပင်ဖြောင့်စင်းစေ

သဘာဝအလျောက်ဖြောင့်ဆင်းပြီး အုံထူတဲ့ဆံပင် ပိုင်ဆိုင်ချင်ရင် ဘီယာက ပေးစွမ်းနိုင်ပါတယ်။ သဘာဝအင်ဇိုင်းနဲ့ ဗီတာမင်တွေကြောင့် ဘီယာက ဆံပင်မွေးညင်းပေါက်တွေ နုပျိုစေပြီး ဆံကေသာကို ဖြောင့်ဆင်းသန်မာစေပါတယ်။ ဘီယာအနည်းငယ်ကို ရေဆတူရောပြီး ဆံပင်အမြစ်ထိရောက်အောင် လိမ်းကျံပေးရပါမယ်။ ခဏကြာအောင်စောင့်ပြီး ရေအေးနဲ့ဆေးကြောပါ။

၅။ ဆံပင်ဝင်းလက်စေ

သဘာဝအလျောက် ဝင်းလက်တဲ့ဆံပင် သို့မဟုတ် ဆံပင်အရောဖျော့ဖျော့ရဖို့ ရိုးရှင်းနည်းလေးတစ်ခုက ဘီယာအသုံးပြုခြင်းပါပဲ။ ဘီယာမှာပါရှိတဲ့ အင်ဇိုင်းတို့ကြောင့် ဆံကေသာကို သဘာဝအလျောက် ဝင်းလက်စေနိုင်ပါတယ်။ ဘီယာအနည်းငယ်ကို ပန်းသီးရှာလကာရည် ဆတူရော၊ သံပုယိုဆီမွှေး ၂-၃စက် ပေါင်းထည့်ပြီး ဆံပင်မှာ လိမ်းပေးရပါမယ်။ ခဏစောင့်ပြီး ရေနဲ့ဆေးချပါ။

၆။ခြေထောက်အက်ကွဲခြင်းကို ပျောက်ကင်းစေ

လမ်းအလျှောက်များလွန်းမှုက ခြေထောက် မောပန်းစေကာ ခြေထောက်ခြောက်သွေ့၊ ညှိမွဲပြီး အက်ကွဲစေနိုင်ပါသေးတယ်။ ဘီယာက အသားအရေနုပျိုစေပြီး ခြေဖနှောင့်အက်ကွဲမှုတို့ကို ဖယ်ရှားပေးနိုင်ပါတယ်။ အက်ကွဲမှုတွေ ကုသဖို့အတွက် ရေနွေးနဲ့ သံပုယိုနဲ့ ရောစပ်ထားတဲ့ ဘီယာထဲမှာ ခြေထောက် စိမ်ထားပါ။ ခဏကြာအောင်ထားပါရပါမယ်။ ဒီနည်းလမ်းက အက်ကွဲမှုတွေကို ဖြေးဖြေးချင်း သက်သာပျောက်ကင်းစေပါလိမ့်မယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top