iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ေဟာ္မုန္းထိန္းခ်ဳပ္တဲ့သေႏၶတားနည္း

အိမ္ေထာင္သည္ အမ်ိဳးသမီးေတြအေနနဲ႔ သေႏၶတားဖုိ႔ ဆံုးျဖတ္ထားရင္ ေဟာ္မုန္းကိုထိန္းခ်ဳပ္ေပးတဲ့ သေႏၶတားနည္းကို ေရြးသင့္ပါတယ္။ ေသာက္ေဆးနဲ႔ သေႏၶတားတဲ့ အမ်ိဳးသမီးေတြဟာ ၅ ႏွစ္အၾကာမွာ သားအိမ္ကင္ဆာျဖစ္ႏိုင္ေျခ ၅၀ ရာခိုင္ႏႈန္းေလ်ာ့သြားတယ္လို႔ သိရပါတယ္။ ေသာက္ေဆးမေသာက္ခ်င္ဘူးဆုိရင္ေတာ့ IUD ပစၥည္းကို သံုးသင့္ေၾကာင္း အေမရိကန္က်န္းမာေရးပညာရွင္ေတြက ဆုိပါတယ္။

၂။ အသားစားျခင္း

အသားဓာတ္ (ပ႐ိုတိန္း)က ခႏၶာကိုယ္အတြက္ မရွိမျဖစ္ လိုတာမွန္ပါတယ္။ ဒါေပမဲ့ အလြန္အကၽြံစားမယ္ဆို အူမႀကီးကင္ဆာ ျဖစ္ႏိုင္တာကို သတိျပဳသင့္ပါတယ္။ အထူးသျဖင့္ စီမံျပဳျပင္ထားတဲ့ စက္႐ံုထုတ္ အသားေတြကို ေလွ်ာ့စားပါ။

၃။ အိပ္ေရး၀ဖို႔လိုတယ္

အိပ္ေရးပ်က္ျခင္း၊ အိပ္ေရးမဝျခင္းဟာ လူကို သိသိသာသာ ဆုိးက်ိဳးျဖစ္ေစပါတယ္။ ရင္သားကင္ဆာ အပါအဝင္ အျခားကင္ဆာေရာဂါေတြလည္း ျဖစ္လာေအာင္ လမ္းစေပးသလို ျဖစ္ေနတာမို႔ တစ္ညကို ၇ နာရီေလာက္ေတာ့ အိပ္ႏိုင္ေအာင္ ႀကိဳးစားရပါမယ္။

၄။ ႏွလံုးကို ဂ႐ုစိုက္

ႏွလံုးခုန္ႏႈန္း မွန္ေနဖုိ႔ အေရးႀကီးပါတယ္။ လမ္းေလွ်ာက္ျခင္း၊ ခပ္ဖြဖြေျပးျခင္း၊ ေရကူးျခင္း၊ စက္ဘီးစီးျခင္း စတဲ့ ေလ့က်င့္ခန္းေတြကို ပံုမွန္လုပ္ႏုိင္ေအာင္ ႀကိဳးစားပါ။ ကယ္လိုရီေတြေလာင္ကၽြမ္းၿပီး ဝိတ္က်ေစတာမို႔ ႏွလံုးလည္းက်န္းမာၿပီး ကင္ဆာျဖစ္ႏိုင္ေျခလည္း ေလွ်ာ့ခ်ေပးပါတယ္။ တစ္ပတ္ကို ၂နာရီခြဲေလာက္ ေလ့က်င့္ခန္းလုပ္သင့္ပါတယ္။

၅။ ဗီတာမင္ ဒီ

ခႏၶာကိုယ္တြင္းမွာ ဗီတာမင္ D မလံုေလာက္ဘူးဆုိရင္ ကင္ဆာေရာဂါေပါင္းမ်ားစြာျဖစ္ႏိုင္ေျခ ျမင့္မားလာပါတယ္။ ဗီတာမင္ D ကို ရရွိဖုိ႔အတြက္ မနက္ခင္းပိုင္းမွာ ေနေရာင္ျခည္ကို ခံယူပါ။ ဗီတာမင္ D ပမာဏကို ေသြးစစ္ၾကည့္ရံုနဲ႔ သိႏိုင္တာမို႔ စစ္ေဆးေပးသင့္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁။ ဟော်မုန်းထိန်းချုပ်တဲ့သန္ဓေတားနည်း

အိမ်ထောင်သည် အမျိုးသမီးတွေအနေနဲ့ သန္ဓေတားဖို့ ဆုံးဖြတ်ထားရင် ဟော်မုန်းကိုထိန်းချုပ်ပေးတဲ့ သန္ဓေတားနည်းကို ရွေးသင့်ပါတယ်။ သောက်ဆေးနဲ့ သန္ဓေတားတဲ့ အမျိုးသမီးတွေဟာ ၅ နှစ်အကြာမှာ သားအိမ်ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလျော့သွားတယ်လို့ သိရပါတယ်။ သောက်ဆေးမသောက်ချင်ဘူးဆိုရင်တော့ IUD ပစ္စည်းကို သုံးသင့်ကြောင်း အမေရိကန်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

၂။ အသားစားခြင်း

အသားဓာတ် (ပရိုတိန်း)က ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုတာမှန်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားမယ်ဆို အူမကြီးကင်ဆာ ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။ အထူးသဖြင့် စီမံပြုပြင်ထားတဲ့ စက်ရုံထုတ် အသားတွေကို လျှော့စားပါ။

၃။ အိပ်ရေးဝဖို့လိုတယ်

အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းဟာ လူကို သိသိသာသာ ဆိုးကျိုးဖြစ်စေပါတယ်။ ရင်သားကင်ဆာ အပါအဝင် အခြားကင်ဆာရောဂါတွေလည်း ဖြစ်လာအောင် လမ်းစပေးသလို ဖြစ်နေတာမို့ တစ်ညကို ၇ နာရီလောက်တော့ အိပ်နိုင်အောင် ကြိုးစားရပါမယ်။

၄။ နှလုံးကို ဂရုစိုက်

နှလုံးခုန်နှုန်း မှန်နေဖို့ အရေးကြီးပါတယ်။ လမ်းလျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်နိုင်အောင် ကြိုးစားပါ။ ကယ်လိုရီတွေလောင်ကျွမ်းပြီး ဝိတ်ကျစေတာမို့ နှလုံးလည်းကျန်းမာပြီး ကင်ဆာဖြစ်နိုင်ခြေလည်း လျှော့ချပေးပါတယ်။ တစ်ပတ်ကို ၂နာရီခွဲလောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

၅။ ဗီတာမင် ဒီ

ခန္ဓာကိုယ်တွင်းမှာ ဗီတာမင် D မလုံလောက်ဘူးဆိုရင် ကင်ဆာရောဂါပေါင်းများစွာဖြစ်နိုင်ခြေ မြင့်မားလာပါတယ်။ ဗီတာမင် D ကို ရရှိဖို့အတွက် မနက်ခင်းပိုင်းမှာ နေရောင်ခြည်ကို ခံယူပါ။ ဗီတာမင် D ပမာဏကို သွေးစစ်ကြည့်ရုံနဲ့ သိနိုင်တာမို့ စစ်ဆေးပေးသင့်ပါတယ်။

Credit:duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top