iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔တာကို အစပ်ိဳးေတာ့မယ္ဆို မနက္ခင္းမွာကတည္းက ေကာင္းတဲ့အရာေတြနဲ႔ စတင္လိုက္မယ္ဆို တစ္ေန႔လံုးလိုလို အဆင္ေျပေနမွာ အေသအခ်ာပဲ။ ဒီအခ်က္ ၇ ခ်က္အတိုင္း တေသြမတိမ္း လိုက္နာသူေတြအေနနဲ႔ အလုပ္မွာ၊ ေက်ာင္းမွာသာမက ဘယ္ေနရာမွာပဲျဖစ္ေနပါေစ တျခားလူေတြထက္ ပိုမိုအဆင္ေျပတဲဲ့ ေန႔ရက္ေတြကို ပိုင္ဆိုင္ရပါလိမ့္မယ္။

၁။ အသက္႐ႈေလ့က်င့္ခန္း

ဝင္ေလ၊ထြက္ေလကို မွတ္ရတဲ့အက်င့္ေလး လုပ္ထားတာ ေကာင္းပါတယ္။ တရားမွတ္တတ္သူဆုိရင္ေတာ့ တရားမွတ္ေပါ့။ တစ္ေနရာမွာ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး စိတ္အာ႐ံုကို တည္ၿငိမ္ေအာင္ထိန္းကာ အသက္႐ႈရတာ ျဖစ္ပါတယ္။ အာ႐ံုစူးစိုက္မႈ အားေကာင္းေစပါတယ္။

၂။ ကာယေလ့က်င့္ခန္း

ကိုယ္ခႏၶာ က်န္းမာၾကံ႕ခိုင္ေစမယ့္ ကာယေလ့က်င့္ခန္းလည္း မိနစ္အနည္းငယ္ၾကာ ျပဳလုပ္သင့္ပါတယ္။ ေယာဂေလ့က်င့္ခန္း ျပဳလုပ္တာလည္း ေကာင္းပါတယ္။ ကာယေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ ခႏၶာကိုယ္ကိုသာမက စိတ္ကိုလည္း လန္းဆန္းေစပါတယ္။

၃။ စာဖတ္ပါ

"ကၽြန္ေတာ့္မွာသာ စူပါပါဝါ႐ွိမယ္ဆို စာေတြကိုျမန္ျမန္ဖတ္ႏိုင္ခ်င္တယ္"လို႔ ဘီလ္ဂိတ္စ္က ေျပာဖူးတယ္။ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ႀကီးကေတာင္ ဒီလိုေျပာမွေတာ့ ကိုယ့္ဘဝတုိးတက္ေရးအတြက္ ေလ့လာသင္ယူမႈဟာ ဘယ္ေလာက္အေရးႀကီးတယ္ဆုိတာ နားလည္သင့္ပါတယ္။ အသိဉာဏ္နဲ႔ ဗဟုသုတ တိုးပြားေစမယ့္စာကို ဖတ္ပါ။

၄။ ေရ

မနက္္စာ မစားမီမွာ ေရတစ္ခြက္ေသာက္ပါ။ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ေျပေစၿပီး လူကိုလန္းဆန္းေစပါတယ္။

၅။ ပန္းတုိင္ခ်မွတ္ပါ

ဒီေန႔ဘာေတြလုပ္ရမလဲ၊ ဘာေတြကို ၿပီးေအာင္လုပ္မလဲ။ ဘယ္လိုလုပ္မလဲ။ စတဲ့ ပန္းတုိင္ေတြကို ခ်မွတ္ရပါမယ္။ ဆံုးျဖတ္ထားတဲ့အတိုင္းလည္း ျဖစ္ေအာင္လုပ္ရပါမယ္။

၆။ ကိုယ့္ကိုေပ်ာ္႐ႊင္ေစတဲဲ့လူေတြအေၾကာင္း

တစ္ေန႔တာကို ေပ်ာ္႐ႊင္ၾကည္ႏူးစရာေတြနဲ႔ စတင္ရတာ တကယ္ကိုေကာင္းတယ္မဟုတ္လား။ မနက္ခင္းမွာတည္းက ေပ်ာ္စရာေတြကိုပဲ စဥ္းစားထားရင္ အလုပ္လည္းပိုလုပ္ႏုိင္မယ္ေလ။ ဘယ္သူေတြက ကိုယ့္ကိုေပ်ာ္ရႊင္ေစတာလဲ? ဘာေတြေၾကာင့္ ကိုယ္ ေပ်ာ္႐ႊင္ႏိုင္မလဲ? သူတုိ႔အေၾကာင္းကို စဥ္းစားပါ။ ၿပီးေတာ့ ျပံဳးပါ။

၇။ ေရခ်ိဳးရင္းသီခ်င္းဆို

ေရခ်ိဳးရင္းနဲ႔ ပါးစပ္က အသံထြက္ၿပီးသီခ်င္းဆုိတယ္ဆုိတာ ကေလးဆန္တဲ့ကိစၥမဟုတ္ဘူးေနာ္။ တကယ္ကို စိတ္ေပါ့ပါးေစတဲ့အရာပါ။ စိတ္ဖိစီးမႈေတြ ေျပေလ်ာ့သြားၿပီး ခံစားခ်က္ေကာင္းေတြ ရလာပါတယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တစ်နေ့တာကို အစပျိုးတော့မယ်ဆို မနက်ခင်းမှာကတည်းက ကောင်းတဲ့အရာတွေနဲ့ စတင်လိုက်မယ်ဆို တစ်နေ့လုံးလိုလို အဆင်ပြေနေမှာ အသေအချာပဲ။ ဒီအချက် ၇ ချက်အတိုင်း တသွေမတိမ်း လိုက်နာသူတွေအနေနဲ့ အလုပ်မှာ၊ ကျောင်းမှာသာမက ဘယ်နေရာမှာပဲဖြစ်နေပါစေ တခြားလူတွေထက် ပိုမိုအဆင်ပြေတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။

၁။ အသက်ရှုလေ့ကျင့်ခန်း

ဝင်လေ၊ထွက်လေကို မှတ်ရတဲ့အကျင့်လေး လုပ်ထားတာ ကောင်းပါတယ်။ တရားမှတ်တတ်သူဆိုရင်တော့ တရားမှတ်ပေါ့။ တစ်နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး စိတ်အာရုံကို တည်ငြိမ်အောင်ထိန်းကာ အသက်ရှုရတာ ဖြစ်ပါတယ်။ အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။

၂။ ကာယလေ့ကျင့်ခန်း

ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေမယ့် ကာယလေ့ကျင့်ခန်းလည်း မိနစ်အနည်းငယ်ကြာ ပြုလုပ်သင့်ပါတယ်။ ယောဂလေ့ကျင့်ခန်း ပြုလုပ်တာလည်း ကောင်းပါတယ်။ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ကိုသာမက စိတ်ကိုလည်း လန်းဆန်းစေပါတယ်။

၃။ စာဖတ်ပါ

"ကျွန်တော့်မှာသာ စူပါပါဝါရှိမယ်ဆို စာတွေကိုမြန်မြန်ဖတ်နိုင်ချင်တယ်"လို့ ဘီလ်ဂိတ်စ်က ပြောဖူးတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးကတောင် ဒီလိုပြောမှတော့ ကိုယ့်ဘဝတိုးတက်ရေးအတွက် လေ့လာသင်ယူမှုဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်သင့်ပါတယ်။ အသိဉာဏ်နဲ့ ဗဟုသုတ တိုးပွားစေမယ့်စာကို ဖတ်ပါ။

၄။ ရေ

မနက်စာ မစားမီမှာ ရေတစ်ခွက်သောက်ပါ။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေစေပြီး လူကိုလန်းဆန်းစေပါတယ်။

၅။ ပန်းတိုင်ချမှတ်ပါ

ဒီနေ့ဘာတွေလုပ်ရမလဲ၊ ဘာတွေကို ပြီးအောင်လုပ်မလဲ။ ဘယ်လိုလုပ်မလဲ။ စတဲ့ ပန်းတိုင်တွေကို ချမှတ်ရပါမယ်။ ဆုံးဖြတ်ထားတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ရပါမယ်။

၆။ ကိုယ့်ကိုပျော်ရွှင်စေတဲ့လူတွေအကြောင်း

တစ်နေ့တာကို ပျော်ရွှင်ကြည်နူးစရာတွေနဲ့ စတင်ရတာ တကယ်ကိုကောင်းတယ်မဟုတ်လား။ မနက်ခင်းမှာတည်းက ပျော်စရာတွေကိုပဲ စဉ်းစားထားရင် အလုပ်လည်းပိုလုပ်နိုင်မယ်လေ။ ဘယ်သူတွေက ကိုယ့်ကိုပျော်ရွှင်စေတာလဲ? ဘာတွေကြောင့် ကိုယ် ပျော်ရွှင်နိုင်မလဲ? သူတို့အကြောင်းကို စဉ်းစားပါ။ ပြီးတော့ ပြုံးပါ။

၇။ ရေချိုးရင်းသီချင်းဆို

ရေချိုးရင်းနဲ့ ပါးစပ်က အသံထွက်ပြီးသီချင်းဆိုတယ်ဆိုတာ ကလေးဆန်တဲ့ကိစ္စမဟုတ်ဘူးနော်။ တကယ်ကို စိတ်ပေါ့ပါးစေတဲ့အရာပါ။ စိတ်ဖိစီးမှုတွေ ပြေလျော့သွားပြီး ခံစားချက်ကောင်းတွေ ရလာပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top