iMyanmarHouse.com - Best Property Website for Myanmar
×

လုပ္ငန္းတာဝန္္ေတြ မ်ားျပားလွတဲ့ ေန႔ရက္ေတြက အလုပ္ကို စိတ္ပ်က္လာေစပါတယ္။ အလုပ္ေၾကာင့္ရလာတဲ့ စိတ္ဖိစီးမႈေတြကို တိုက္ထုတ္ႏိုင္မယ့္ နည္းလမ္းေသးေသးမႊားမႊားေလးေတြကို လုပ္ၾကည့္ပါ။ တကူးတက အားစိုက္အခ်ိန္ေပးစရာမလိုဘဲ စိတ္ကို သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။

၁။ အလုပ္ဆင္းၿပီဆုိတာနဲဲ႔ ကိုယ့္ရဲ႕ ဖုန္း၊ ကြန္ပ်ဴတာ စတာေတြကို ပိတ္ထားလိုက္ပါ။ ဒီလိုမွမဟုတ္ရင္ စိတ္ဖိစီးမႈေတြနဲ႔ အလုပ္ရဲ႕ဖိအားေတြက ေတာက္ေလွ်ာက္ ထိုးႏွက္ေနဦးမွာပဲ။

၂။ သီခ်င္းနားေထာင္ပါ။ ဂီတက စိတ္ခံစားခ်က္ကို ေျပာင္းလဲေစပါတယ္။ ကိုယ့္စိတ္ကို သက္ေတာင့္သက္သာျဖစ္ေစမယ့္သီခ်င္း၊ ေပ်ာ္႐ႊင္ျမဴးတူးေစတဲ့ သီခ်င္းေတြကို နားေထာင္တာလည္း မဆုိးပါဘူး။ KTV သြားၿပီး တစ္နာရီေလာက္ ဟဲပစ္လိုက္မွ စိတ္ေပါ့သြားမယ္ဆုိလည္း သြားလိုက္ပါ။

၃။ တစ္ေယာက္တည္း လမ္းေလွ်ာက္ပါ။ အိမ္နဲ႔ ဘတ္စ္ကားတစ္မွတ္တိုင္စာပဲျဖစ္ျဖစ္ မိုင္ဝက္ေလာက္ျဖစ္ျဖစ္ ကိုယ့္စိတ္ၿငိမ္သြားတဲ့အထိ စိတ္ေအးလက္ေအး ေလွ်ာက္ရတာလည္း စိတ္ဖိစီးမႈေတြ ေလ်ာ့သြားေစပါတယ္။

၄။ အယ္လ္ကိုေဟာကို မေရြးပါနဲ႔။ ပူေႏြးတဲ့အရည္ တစ္ခုခုေလာက္ ေသာက္ၾကည့္ေလ။ ေခ်ာကလက္အပူ သို႔မဟုတ္ ပန္းေျခာက္ေရေႏြးတစ္မ်ိဳးေလာက္ကို ေသာက္လိုက္ရင္လည္း စိတ္ထဲမွာ ေႏြးေထြးသြားသလို ခံစားရပါတယ္။

၅။ "တစ္သက္လံုးေပ်ာ္ခ်င္ရင္ သစ္ပင္စိုက္ပါတဲ့" ။ အိမ္မွာ အပင္ေလးေတြစိုက္ထားတယ္ဆုိရင္ သစ္ပင္ေလးေတြကို ေရေလာင္းေပးပါ။

အပင္စိမ္းစိမ္းစိုစိုေလးေတြကို ျမင္ရတာ စိတ္ထဲလန္းဆန္းရပါတယ္။

၆။ သင္းပ်ံ႕တဲ့ ရနံ႔တစ္မ်ိဳးေလာက္ကို ရယူပါ။ အေမႊးနံ႔႐ွိတဲဲ့ ဖေယာင္းတုိင္ေလးကို အခန္းထဲဲမွာ ထြန္းထားၿပီး ေရခ်ိဳးရင္း သီခ်င္းနားေထာင္ရတာကလည္း စိတ္ေအးခ်မ္းေစပါတယ္။ ကိုယ္ႀကိဳက္တဲ့ ပန္းတစ္မ်ိဳးေလာက္ကို အိပ္ရာေဘးထားၿပီး လဲေလ်ာင္းတာလည္း မဆိုးလွပါဘူး။

၇။ ေဆးေရာင္ျခယ္တာက ကေလးတုန္းက အေပ်ာ္သေဘာ ျခယ္ခဲ့ၾကတာပါ။ ခုေခတ္မွာ လူႀကီးေတြအတြက္ ရည္ရြယ္ထုတ္လုပ္ထားတဲ့ Adult colouring စာအုပ္ေတြ ႐ွိေနပါၿပီ။ အေသးစိတ္ ေဆးေရာင္ျခယ္လိုက္ရင္ အာရံုေတြက မပ်ံ႕လြင့္ေတာ့ဘူး။ စိတ္ၿငိမ္သြားပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 လုပ်ငန်းတာဝန်တွေ များပြားလှတဲ့ နေ့ရက်တွေက အလုပ်ကို စိတ်ပျက်လာစေပါတယ်။ အလုပ်ကြောင့်ရလာတဲ့ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းသေးသေးမွှားမွှားလေးတွေကို လုပ်ကြည့်ပါ။ တကူးတက အားစိုက်အချိန်ပေးစရာမလိုဘဲ စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။

၁။ အလုပ်ဆင်းပြီဆိုတာနဲ့ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ စတာတွေကို ပိတ်ထားလိုက်ပါ။ ဒီလိုမှမဟုတ်ရင် စိတ်ဖိစီးမှုတွေနဲ့ အလုပ်ရဲ့ဖိအားတွေက တောက်လျှောက် ထိုးနှက်နေဦးမှာပဲ။

၂။ သီချင်းနားထောင်ပါ။ ဂီတက စိတ်ခံစားချက်ကို ပြောင်းလဲစေပါတယ်။ ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်စေမယ့်သီချင်း၊ ပျော်ရွှင်မြူးတူးစေတဲ့ သီချင်းတွေကို နားထောင်တာလည်း မဆိုးပါဘူး။ KTV သွားပြီး တစ်နာရီလောက် ဟဲပစ်လိုက်မှ စိတ်ပေါ့သွားမယ်ဆိုလည်း သွားလိုက်ပါ။

၃။ တစ်ယောက်တည်း လမ်းလျှောက်ပါ။ အိမ်နဲ့ ဘတ်စ်ကားတစ်မှတ်တိုင်စာပဲဖြစ်ဖြစ် မိုင်ဝက်လောက်ဖြစ်ဖြစ် ကိုယ့်စိတ်ငြိမ်သွားတဲ့အထိ စိတ်အေးလက်အေး လျှောက်ရတာလည်း စိတ်ဖိစီးမှုတွေ လျော့သွားစေပါတယ်။

၄။ အယ်လ်ကိုဟောကို မရွေးပါနဲ့။ ပူနွေးတဲ့အရည် တစ်ခုခုလောက် သောက်ကြည့်လေ။ ချောကလက်အပူ သို့မဟုတ် ပန်းခြောက်ရေနွေးတစ်မျိုးလောက်ကို သောက်လိုက်ရင်လည်း စိတ်ထဲမှာ နွေးထွေးသွားသလို ခံစားရပါတယ်။

၅။ "တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ပါတဲ့" ။ အိမ်မှာ အပင်လေးတွေစိုက်ထားတယ်ဆိုရင် သစ်ပင်လေးတွေကို ရေလောင်းပေးပါ။

အပင်စိမ်းစိမ်းစိုစိုလေးတွေကို မြင်ရတာ စိတ်ထဲလန်းဆန်းရပါတယ်။

၆။ သင်းပျံ့တဲ့ ရနံ့တစ်မျိုးလောက်ကို ရယူပါ။ အမွှေးနံ့ရှိတဲ့ ဖယောင်းတိုင်လေးကို အခန်းထဲမှာ ထွန်းထားပြီး ရေချိုးရင်း သီချင်းနားထောင်ရတာကလည်း စိတ်အေးချမ်းစေပါတယ်။ ကိုယ်ကြိုက်တဲ့ ပန်းတစ်မျိုးလောက်ကို အိပ်ရာဘေးထားပြီး လဲလျောင်းတာလည်း မဆိုးလှပါဘူး။

၇။ ဆေးရောင်ခြယ်တာက ကလေးတုန်းက အပျော်သဘော ခြယ်ခဲ့ကြတာပါ။ ခုခေတ်မှာ လူကြီးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Adult colouring စာအုပ်တွေ ရှိနေပါပြီ။ အသေးစိတ် ဆေးရောင်ခြယ်လိုက်ရင် အာရုံတွေက မပျံ့လွင့်တော့ဘူး။ စိတ်ငြိမ်သွားပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top