iMyanmarHouse.com - Best Property Website for Myanmar
×

သင္ ခႏၶာကုိယ္အေလးခ်ိန္ေလွ်ာ့ေတာ့မယ္ဆုိရင္ အစားစားတာနည္းေလ အေလးခ်ိန္ ပုိက်သြားေလလုိ႕ သင္ထင္မိမွာပါ။  ဒါဟာ မွန္သလုိရွိေနေပမဲ့ အစားအစာ မွန္သမွ်မစားဘဲေနတုိင္း ခႏၶာကုိယ္အေလးခ်ိန္ ေလ်ာ့သြားမွာမဟုတ္ပါဘူး။သင့္အေနနဲ႕ က်န္းမာေရးနဲ႕ ကုိက္ညီတဲ့ အစားအစာေတြကုိ ပုိျပီး စားသုံးသင့္ျပီး အထူးသျဖင့္ မနက္စာကုိ ပုံမွန္စားသုံးျခင္းဟာ က်န္းမာေရးနဲ႕ ကုိက္ညီတဲ့ ကုိယ္အေလးခ်ိန္တစ္ခုကုိ ရရွိေစမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ၀ိတ္ေလွ်ာ့မယ္ဆုိျပီး မနက္စာကုိ မစားဘဲေနတဲ့ အက်င့္ဟာ သင့္ခႏၶာကုိယ္အေလးခ်ိန္ကုိ ပုိတုိးေစမွာ ျဖစ္ပါတယ္။

အစၥေရး ႏုိင္ငံ တဲလ္အဗစ္ တကၠသုိလ္မွ ေလ့လာခ်က္တစ္ခုအရ သင့္တင့္တဲ့ ပရုိတင္းဓာတ္နဲ႕ ကာဘုိဟုိင္ဒရိတ္ဓာတ္ ပါ၀င္တဲ့ မနက္စာကုိစားသုံးတဲ့ သူေတြဟာ မစားသုံးတဲ့ သူေတြထက္ တစ္ေန႕တာလုံး သိပ္မဆာေလာင္ဘဲ စားခ်င္စိတ္လည္း သိပ္မရွိၾကေတာ့ဘူးလုိ႕ဆုိပါတယ္။မနက္စာကုိ အာဟာရျပည့္၀စြာ စားသုံးေလ့ရွိတဲ့ သူေတြဟာ ခႏၶာကုိယ္ထဲက ကယ္လုိရီပမာဏကုိ လည္း မွ်တစြာ ထိန္းသိမ္းသြားႏုိင္တယ္ လုိ႕သိရပါတယ္။ဒါေၾကာင့္ မနက္ပုိင္းမွာ ခႏၶာကုိယ္အတြက္ လုံေလာက္တဲ့ မနက္စာကုိ စားသုံးလုိက္ျခင္းဟာ က်န္တစ္ေန႕တာလုံး စားခ်င္ေသာက္ခ်င္စိတ္ျဖစ္ေနျခင္းကုိ တားဆီးေပးတယ္ လုိ႕ ေလ့လာသူမ်ားက ဆုိပါတယ္။

ခႏၶာကုိယ္အေလးခ်ိန္တုိးေစတဲ့ ေနာက္ထပ္ အခ်က္တစ္ခ်က္ကေတာ့ အိပ္ေရး၀ေအာင္ မအိပ္စက္ျခင္းပဲ ျဖစ္ပါတယ္။ခႏၶာကုိယ္အေလးခ်ိန္ေလွ်ာ့ခ်လုိတဲ့ လူတစ္ေယာက္ဟာ အိပ္ေရး ၀ေအာင္ မအိပ္စက္ျခင္းနဲ႕ အလြန္အကၽြံအိပ္စက္ျခင္း စတဲ့ အစြန္းႏွစ္ဖက္ကုိ ေရွာင္ရွားသင့္ျပီး သင့္တင့္ေလွ်ာက္ပါတ္တဲ့ အခ်ိန္တစ္ခုအထိ အိပ္စက္ဖုိ႕ လုိတယ္ လုိ႕ ေလ့လာသူေတြက ဆုိခဲ့ၾကပါတယ္။ဒါေၾကာင့္ ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်လုိတဲ့ လူတစ္ေယာက္အေနနဲ႕ တစ္ေန႕ကုိ ၇ နာရီခန္႕ နွစ္နွစ္ျခဳိက္ျခဳိက္အိပ္စက္သင့္ျပီး မနက္စာကုိလည္း ေက်ာ္မသြားပဲ ပုံမွန္စားသုံးသင့္ပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

သင် ခန္ဓာကိုယ်အလေးချိန်လျှော့တော့မယ်ဆိုရင် အစားစားတာနည်းလေ အလေးချိန် ပိုကျသွားလေလို့ သင်ထင်မိမှာပါ။  ဒါဟာ မှန်သလိုရှိနေပေမဲ့ အစားအစာ မှန်သမျှမစားဘဲနေတိုင်း ခန္ဓာကိုယ်အလေးချိန် လျော့သွားမှာမဟုတ်ပါဘူး။သင့်အနေနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို ပိုပြီး စားသုံးသင့်ပြီး အထူးသဖြင့် မနက်စာကို ပုံမှန်စားသုံးခြင်းဟာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်တစ်ခုကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝိတ်လျှော့မယ်ဆိုပြီး မနက်စာကို မစားဘဲနေတဲ့ အကျင့်ဟာ သင့်ခန္ဓာကိုယ်အလေးချိန်ကို ပိုတိုးစေမှာ ဖြစ်ပါတယ်။

အစ္စရေး နိုင်ငံ တဲလ်အဗစ် တက္ကသိုလ်မှ လေ့လာချက်တစ်ခုအရ သင့်တင့်တဲ့ ပရိုတင်းဓာတ်နဲ့ ကာဘိုဟိုင်ဒရိတ်ဓာတ် ပါဝင်တဲ့ မနက်စာကိုစားသုံးတဲ့ သူတွေဟာ မစားသုံးတဲ့ သူတွေထက် တစ်နေ့တာလုံး သိပ်မဆာလောင်ဘဲ စားချင်စိတ်လည်း သိပ်မရှိကြတော့ဘူးလို့ဆိုပါတယ်။မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးလေ့ရှိတဲ့ သူတွေဟာ ခန္ဓာကိုယ်ထဲက ကယ်လိုရီပမာဏကို လည်း မျှတစွာ ထိန်းသိမ်းသွားနိုင်တယ် လို့သိရပါတယ်။ဒါကြောင့် မနက်ပိုင်းမှာ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ မနက်စာကို စားသုံးလိုက်ခြင်းဟာ ကျန်တစ်နေ့တာလုံး စားချင်သောက်ချင်စိတ်ဖြစ်နေခြင်းကို တားဆီးပေးတယ် လို့ လေ့လာသူများက ဆိုပါတယ်။

ခန္ဓာကိုယ်အလေးချိန်တိုးစေတဲ့ နောက်ထပ် အချက်တစ်ချက်ကတော့ အိပ်ရေးဝအောင် မအိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်အလေးချိန်လျှော့ချလိုတဲ့ လူတစ်ယောက်ဟာ အိပ်ရေး ဝအောင် မအိပ်စက်ခြင်းနဲ့ အလွန်အကျွံအိပ်စက်ခြင်း စတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ရှားသင့်ပြီး သင့်တင့်လျှောက်ပါတ်တဲ့ အချိန်တစ်ခုအထိ အိပ်စက်ဖို့ လိုတယ် လို့ လေ့လာသူတွေက ဆိုခဲ့ကြပါတယ်။ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချလိုတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ၇ နာရီခန့် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်သင့်ပြီး မနက်စာကိုလည်း ကျော်မသွားပဲ ပုံမှန်စားသုံးသင့်ပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top