iMyanmarHouse.com - Best Property Website for Myanmar
×

မိသားစုထဲမွာ မိန္းကေလးက ကိုယ္တစ္ေယာက္တည္းရွိတယ္ဆိုရင္ေတာ့ တျခားသမီးမိန္းကေလးေတြနဲ႔ ကြာျခားတာေတြရွိပါတယ္။ တျခားသမီးမိန္းကေလးေတြ သတိမထားမိတာကို သတိထားမိတတ္ပါတယ္။ တစ္ဦးတည္းေသာ သမီးေတြပဲပိုမိုနားလည္ႏုိင္တာေတြရွိပါတယ္။

၁ - အျမဲတမ္းအသစ္ရတယ္

တစ္ဦးတည္းေသာ သမီးဆိုေတာ့ အဝတ္အစားဆို အျမဲအသစ္ရပါတယ္။ သင့္ဆီက ငွားမယ့္လူလည္း မရွိသလို အေဟာင္းျပန္ျပင္ထားတာမ်ိဳးလည္း မဝတ္ရပါဘူး။ အစ္ကိုေတြထဲမွာ သမီးမိန္းကေလးတစ္ဦးတည္း ေမြးထားတာ ဆိုရင္ေတာ့ အစ္ကိုေတြ ရွပ္အက်ႌဝတ္ရတာက ခၽြင္းခ်က္ပါ။

၂ - အေမရဲ႕ အခင္ဆံုးသူငယ္ခ်င္း

အေမနဲ႔ ေစ်းဝယ္ထြက္တယ္၊ အေမနဲ႔ အျပင္ထြက္စားတယ္၊ အေမနဲ႔ ေက်ာင္းသြားတယ္၊ အေမနဲ႔ ခရီးထြက္တယ္ ဒီလိုကိစၥေတြဟာ အသက္ၾကီးတဲ့ထိ အေမနဲ႔ပဲ လုပ္ျဖစ္ေနတတ္ပါတယ္။ ကိုယ့္ကို လာၾကိဳက္တဲ့ေကာင္ေလးအေၾကာင္းေတာင္ အေမနဲ႔ တုိင္ပင္သူေတြ ရွိပါတယ္။ အေမဟာ အခ်စ္ဆံုးသူငယ္ခ်င္းပါ။ ကိုယ့္အေမက အရမ္းငယ္ေနတယ္ဆိုရင္ေတာ့ ညီအစ္မလို႔ေတာင္ ထင္သြားတတ္ပါတယ္။

၃ - ကုိယ့္ဘာသာကိုယ္ ရပ္တည္ႏုိင္

ကိုယ့္ကိုယ္ကုိယ္ကာကြယ္ရာမွာ သူမ်ားထက္ ပါးနပ္ပါတယ္။ တစ္ဦးတည္းၾကီးလာရတာေၾကာင့္ ငယ္ငယ္ေလးကတည္းက အက်င့္ျဖစ္ေနတာပါ။ ကိုယ့္အတြက္ကိုယ္ေတာင္းဆိုဖို႔ ဝန္မေလးပါဘူး။ အေမ၊ မိဘ လိုက္မလာႏုိင္တဲ့ ကိစၥေတြမွာ တစ္ဦးတည္း ေျဖရွင္းရာကေန အေျမာက္အမ်ားေလ့လာခဲ့ရသူ ျဖစ္ပါတယ္။

၄ - အေဖခ်စ္တဲ့သမီး

အေဖကေတာ့ သင့္ကို မင္းသမီးေလးလို ဆက္ဆံတာပါ။ အေဖရဲ႕တစ္ဦးတည္းေသာ သမီးေလးပါ။ သင္နဲ႔ပတ္သက္ရင္ အေမထက္ အေဖက ပိုအကဲဆတ္တတ္ပါတယ္။ သတိထားၾကည့္ရင္ အေမကို ေရွ႕မွထားျပီး အေဖက ေနာက္ကြယ္ကေန သင့္ကို ေစာင့္ၾကည့္ေနတတ္ပါတယ္။ သင္ဘာသီခ်င္းေတြ နားေထာင္ေနတယ္၊ ဘာေတြ ဝါသနာပါျပီး ဘာေတြ စိတ္ဝင္စားေနတယ္ဆိုတာကို အေမေလာက္မသိဘူးလို႔ထင္ရင္ မွားပါလိမ့္မယ္။

၅ - ေဆြမ်ိဳးမုန္းတဲ့အက်င့္

ေဆြမ်ိဳးမုန္းတဲ့အက်င့္လည္း ရွိႏုိင္ပါတယ္။ လူတုိင္းေတာ့ မဟုတ္ပါဘူး။ ေဆြမ်ိဳးေတြဆံုၾကတဲ့အခါ တစ္ဦးတည္းေသာ သမီးျဖစ္တဲ့ သင့္အေၾကာင္းကို သာမန္ထက္ကို အေမးအျမန္းထူတတ္ၾကပါတယ္။ သာမန္ထက္ကို စပ္စုတတ္ၾကပါတယ္။ အမ်ိဳးထဲမွာ သင္ဘာလုပ္လုပ္ တျခားလူေတြထက္ကို အေရးလုပ္ေနတတ္ၾကပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မိသားစုထဲမှာ မိန်းကလေးက ကိုယ်တစ်ယောက်တည်းရှိတယ်ဆိုရင်တော့ တခြားသမီးမိန်းကလေးတွေနဲ့ ကွာခြားတာတွေရှိပါတယ်။ တခြားသမီးမိန်းကလေးတွေ သတိမထားမိတာကို သတိထားမိတတ်ပါတယ်။ တစ်ဦးတည်းသော သမီးတွေပဲပိုမိုနားလည်နိုင်တာတွေရှိပါတယ်။

၁ - အမြဲတမ်းအသစ်ရတယ်

တစ်ဦးတည်းသော သမီးဆိုတော့ အဝတ်အစားဆို အမြဲအသစ်ရပါတယ်။ သင့်ဆီက ငှားမယ့်လူလည်း မရှိသလို အဟောင်းပြန်ပြင်ထားတာမျိုးလည်း မဝတ်ရပါဘူး။ အစ်ကိုတွေထဲမှာ သမီးမိန်းကလေးတစ်ဦးတည်း မွေးထားတာ ဆိုရင်တော့ အစ်ကိုတွေ ရှပ်အကျႌဝတ်ရတာက ချွင်းချက်ပါ။

၂ - အမေရဲ့ အခင်ဆုံးသူငယ်ချင်း

အမေနဲ့ ဈေးဝယ်ထွက်တယ်၊ အမေနဲ့ အပြင်ထွက်စားတယ်၊ အမေနဲ့ ကျောင်းသွားတယ်၊ အမေနဲ့ ခရီးထွက်တယ် ဒီလိုကိစ္စတွေဟာ အသက်ကြီးတဲ့ထိ အမေနဲ့ပဲ လုပ်ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကို လာကြိုက်တဲ့ကောင်လေးအကြောင်းတောင် အမေနဲ့ တိုင်ပင်သူတွေ ရှိပါတယ်။ အမေဟာ အချစ်ဆုံးသူငယ်ချင်းပါ။ ကိုယ့်အမေက အရမ်းငယ်နေတယ်ဆိုရင်တော့ ညီအစ်မလို့တောင် ထင်သွားတတ်ပါတယ်။

၃ - ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်

ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရာမှာ သူများထက် ပါးနပ်ပါတယ်။ တစ်ဦးတည်းကြီးလာရတာကြောင့် ငယ်ငယ်လေးကတည်းက အကျင့်ဖြစ်နေတာပါ။ ကိုယ့်အတွက်ကိုယ်တောင်းဆိုဖို့ ဝန်မလေးပါဘူး။ အမေ၊ မိဘ လိုက်မလာနိုင်တဲ့ ကိစ္စတွေမှာ တစ်ဦးတည်း ဖြေရှင်းရာကနေ အမြောက်အများလေ့လာခဲ့ရသူ ဖြစ်ပါတယ်။

၄ - အဖေချစ်တဲ့သမီး

အဖေကတော့ သင့်ကို မင်းသမီးလေးလို ဆက်ဆံတာပါ။ အဖေရဲ့တစ်ဦးတည်းသော သမီးလေးပါ။ သင်နဲ့ပတ်သက်ရင် အမေထက် အဖေက ပိုအကဲဆတ်တတ်ပါတယ်။ သတိထားကြည့်ရင် အမေကို ရှေ့မှထားပြီး အဖေက နောက်ကွယ်ကနေ သင့်ကို စောင့်ကြည့်နေတတ်ပါတယ်။ သင်ဘာသီချင်းတွေ နားထောင်နေတယ်၊ ဘာတွေ ဝါသနာပါပြီး ဘာတွေ စိတ်ဝင်စားနေတယ်ဆိုတာကို အမေလောက်မသိဘူးလို့ထင်ရင် မှားပါလိမ့်မယ်။

၅ - ဆွေမျိုးမုန်းတဲ့အကျင့်

ဆွေမျိုးမုန်းတဲ့အကျင့်လည်း ရှိနိုင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ ဆွေမျိုးတွေဆုံကြတဲ့အခါ တစ်ဦးတည်းသော သမီးဖြစ်တဲ့ သင့်အကြောင်းကို သာမန်ထက်ကို အမေးအမြန်းထူတတ်ကြပါတယ်။ သာမန်ထက်ကို စပ်စုတတ်ကြပါတယ်။ အမျိုးထဲမှာ သင်ဘာလုပ်လုပ် တခြားလူတွေထက်ကို အရေးလုပ်နေတတ်ကြပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top