iMyanmarHouse.com - Best Property Website for Myanmar
×

လူသားအားလုံးနီးပါးဟာ ယင္ေကာင္ေတြရဲ႕ ေနာက္ဆက္တြဲဆုိးက်ိဳးေတြကို နေမာ္နမဲ့ေနခဲ့ၾကပါတယ္။ ယင္ေကာင္ေတြ နားေနမွန္းသိတဲ့ အစားအေသာက္ေတြကိုလည္း ယင္ေကာင္ေတြကို ေမာင္းထုတ္ကာ ဆက္လက္စားေသာက္ခဲ့ၾကပါတယ္။ ဒီအေလ့အထဟာ ႏုိင္ငံတုိင္းမွာ ရွိေနခဲ့ၿပီး၊ က်န္းမာေရးလုိက္စားပါတယ္ဆုိတဲ့ ဆရာ၀န္ေတြပင္လွ်င္ လြတ္ကင္းေလ့ မရွိဘူးလုိ႔ ဆုိပါတယ္။

တကယ္ေတာ့ မိမိစားသုံးဖုိ႔ ျပင္ဆင္ေနတဲ့ စားစရာဟာ တစ္ပုိင္းတစေလာက္သာဆုိရင္ စြန္႔ပစ္လုိက္ဖုိ႔ ျပႆနာမရွိေပမယ့္၊ ေတာ္ေတာ္မ်ားျပားတဲ့ပမာဏဆုိရင္ေတာ့ က်န္းမာေရအသိ မည္မွ်ပင္ရွိလင့္ကာမူ စြန္႔ပစ္ဖုိ႔ ၀န္ေလးၾကမွာ မလြဲပါဘူး။ ဒါေပမယ့္ ေဆးဘက္ဆုိင္ရာ သိပၸံပညာရွင္ေတြကေတာ့ မည္သည့္ ယင္နားအစားစာမဆုိ စြန္႔ပစ္သင့္တယ္လုိ႔ သတိေပးခဲ့
ပါတယ္။

ယင္ေကာင္ရဲ႕အရြယ္အစားဟာ မည္မွ်ပင္ ေသးငယ္ေစကာမႈ ပ်မ္းမွ်အားျဖင့္ ဘက္တီးရီးယားနဲ႔ ေရာဂါပုိး 200 ကုိ သယ္ေဆာင္ႏုိင္တယ္လုိ႔ ဆုိပါတယ္။ အဆိုပါ ေရာဂါပုိးမႊားေတြဟာ အနိမ့္ဆုံးအားျဖင့္ေတာ့ ၀မ္းပ်က္၀မ္းေလွ်ာ၊ ေအာ့အန္ ျခင္းကုိ ျဖစ္ေစၿပီး၊ အသက္အႏၱရာယ္ကိုပါ ဒုကၡေပးႏုိင္တဲ့အထိ ျပင္းထန္တယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ ယင္ေကာင္ေတြ ဟာ အစာေတြကို အလြယ္တကူစားေသာက္ဖုိ႔ ၎တုိ႔ရဲ႕ တံေထြးကို အရင္အန္ခ်ၿပီးမွ ေပ်ာ့သြားတဲ့အစားအစာေတြကို စားေသာက္တာ ျဖစ္ပါတယ္။

University of Florida ကေန ျပဳလုပ္ခဲ့တဲ့ သုေတသနမွာ ယင္ေကာင္ကေန သယ္ေဆာင္လာတဲ့ ေရာဂါပုုိးေတြဟာ အစားလမ္းေၾကာင္းဆုိင္ရာ ျပႆနာေတြနဲ႔ ေရာဂါေတြကို ျဖစ္ေစသည့္အျပင္၊ အစာအဆိပ္သင့္မႈကိုလည္း ျဖစ္ေပၚေစႏုိင္ ေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။ ယင္ေကာင္ေတြဟာ အညစ္အေၾကးမွန္သမွ်ကုိ ႀကိဳက္ႏွစ္သက္ၿပီး၊ ဒီအေျခအေနက ေရာဂါပိုး သယ္ေဆာင္သူေတြထဲမွာ အႀကီးမားဆုံး အႏၱရာယ္ေပးႏုိင္သူေတြျဖစ္တယ္လုိ႔ ဆုိပါတယ္။

ယင္ေကာင္ေတြဟာ Salmonella, Anthrax နဲ႔ Tuberculosis စတဲ့ ေရာဂါပုိးေတြကို သယ္ေဆာင္လာေလ့ရွိၿပီး၊ အသားေတြမွာရွိေနတဲ့ ကပ္ပါးေကာင္ေတြဆီကို ၎တုိ႔ဥခ်လို္က္တဲ့ ဥေတြကတစ္ဆင့္ ေရာဂါပုိးေတြ ကုူးစက္ေစေၾကာင္း၊ ဒီမွတစ္ဆင့္ ေရာဂါပုိးမ်ားျပားစြာပါ၀င္တဲ့ အစားအစာကို စားမိလုိက္ပါက အခ်ိန္မေရြး အသက္အႏၱရာယ္အထိ ရွိႏုိင္
ေၾကာင္း သိရပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူသားအားလုံးနီးပါးဟာ ယင်ကောင်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို နမော်နမဲ့နေခဲ့ကြပါတယ်။ ယင်ကောင်တွေ နားနေမှန်းသိတဲ့ အစားအသောက်တွေကိုလည်း ယင်ကောင်တွေကို မောင်းထုတ်ကာ ဆက်လက်စားသောက်ခဲ့ကြပါတယ်။ ဒီအလေ့အထဟာ နိုင်ငံတိုင်းမှာ ရှိနေခဲ့ပြီး၊ ကျန်းမာရေးလိုက်စားပါတယ်ဆိုတဲ့ ဆရာဝန်တွေပင်လျှင် လွတ်ကင်းလေ့ မရှိဘူးလို့ ဆိုပါတယ်။

တကယ်တော့ မိမိစားသုံးဖို့ ပြင်ဆင်နေတဲ့ စားစရာဟာ တစ်ပိုင်းတစလောက်သာဆိုရင် စွန့်ပစ်လိုက်ဖို့ ပြဿနာမရှိပေမယ့်၊ တော်တော်များပြားတဲ့ပမာဏဆိုရင်တော့ ကျန်းမာရေအသိ မည်မျှပင်ရှိလင့်ကာမူ စွန့်ပစ်ဖို့ ဝန်လေးကြမှာ မလွဲပါဘူး။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေကတော့ မည်သည့် ယင်နားအစားစာမဆို စွန့်ပစ်သင့်တယ်လို့ သတိပေးခဲ့
ပါတယ်။

ယင်ကောင်ရဲ့အရွယ်အစားဟာ မည်မျှပင် သေးငယ်စေကာမှု ပျမ်းမျှအားဖြင့် ဘက်တီးရီးယားနဲ့ ရောဂါပိုး 200 ကို သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ ရောဂါပိုးမွှားတွေဟာ အနိမ့်ဆုံးအားဖြင့်တော့ ဝမ်းပျက်ဝမ်းလျှော၊ အော့အန် ခြင်းကို ဖြစ်စေပြီး၊ အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနိုင်တဲ့အထိ ပြင်းထန်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယင်ကောင်တွေ ဟာ အစာတွေကို အလွယ်တကူစားသောက်ဖို့ ၎င်းတို့ရဲ့ တံထွေးကို အရင်အန်ချပြီးမှ ပျော့သွားတဲ့အစားအစာတွေကို စားသောက်တာ ဖြစ်ပါတယ်။

University of Florida ကနေ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ယင်ကောင်ကနေ သယ်ဆောင်လာတဲ့ ရောဂါပိုုးတွေဟာ အစားလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ရောဂါတွေကို ဖြစ်စေသည့်အပြင်၊ အစာအဆိပ်သင့်မှုကိုလည်း ဖြစ်ပေါ်စေနိုင် ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ယင်ကောင်တွေဟာ အညစ်အကြေးမှန်သမျှကို ကြိုက်နှစ်သက်ပြီး၊ ဒီအခြေအနေက ရောဂါပိုး သယ်ဆောင်သူတွေထဲမှာ အကြီးမားဆုံး အန္တရာယ်ပေးနိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ယင်ကောင်တွေဟာ Salmonella, Anthrax နဲ့ Tuberculosis စတဲ့ ရောဂါပိုးတွေကို သယ်ဆောင်လာလေ့ရှိပြီး၊ အသားတွေမှာရှိနေတဲ့ ကပ်ပါးကောင်တွေဆီကို ၎င်းတို့ဥချလိုက်တဲ့ ဥတွေကတစ်ဆင့် ရောဂါပိုးတွေ ကုူးစက်စေကြောင်း၊ ဒီမှတစ်ဆင့် ရောဂါပိုးများပြားစွာပါဝင်တဲ့ အစားအစာကို စားမိလိုက်ပါက အချိန်မရွေး အသက်အန္တရာယ်အထိ ရှိနိုင်
ကြောင်း သိရပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top