iMyanmarHouse.com - Best Property Website for Myanmar
×

Voodoo ေမွာ္အတတ္ပညာဟာ မိမိမခ်စ္ခင္ မႏွစ္သက္သူမ်ားကုိ ေမွာ္ပညာရပ္နဲ႔ ဖမ္းစားၿပီး ဒုကၡေရာက္ေအာင္လုပ္တဲ့ မေကာင္းတဲ့ မိစာၦအတတ္ျဖစ္ပါတယ္။ ဒီပညာရပ္ဟာ ဘယ္အခ်ိန္တုန္းကတည္းက ေပၚထြက္ခဲ့တယ္ဆုိတာ မသိရေပမယ့္ ေဟတီႏုိင္ငံက အစျပဳခဲ့တယ္လုိ႔ သမုိင္းပညာရွင္ေတြက ယုံၾကည္ၾကတယ္။ ေဟတီနဲ႔ ေဒသရင္းႏုိင္ငံေတြ  ျပင္သစ္ကုိလုိနီဘ၀ကို ေရာက္ေနခ်ိန္မွာ 18 ရာစု အေစာပုိင္းကတည္းက စတင္ပ်ံ႕ႏွံ႔ခဲ့တာလုိ႔ ဆုိပါတယ္။

အခုအခ်ိန္ထိလည္း ေဟတီနဲ႔ အာဖရိကႏုိင္ငံေတြမွာ ဗူဒူး (အျခားအသံထြက္မ်ား ေဟတီ-Vodou,ျပင္သသ္-Vodu (သုိ႔) Vaudou/ˈvoʊ.duː/ ႏွင့္ အဂၤလိပ္ Voodoo/ˈvuː.duː/,(သုိ႔) Vodun/ˈvoʊ.duː/, (သုိ႔) Vodoun/ˈvoʊ.duːn/, Vodu/ˈvoʊ.duː/, (သုိ႔) Vaudoux /ˈvoʊ.duː/ဆုိၿပီး အသံထြက္ၾကပါတယ္။ ဗူဒူးအတတ္ပညာရဲ႕ နက္နဲ႔တဲ့ လွ်ိဳ႕၀ွက္ ခ်က္ေတြကို Shwemom ပရိသတ္ႀကီး ဗဟုသုတအလုိ႔ငွာ ေဖာ္ျပေပးလုိက္ပါတယ္။
(၁) တိရစာၦန္ေသြးျဖင့္ ယစ္ပူေဇာ္ရျခင္း

ဗူဒူးေမွာ္ပညာအတတ္မွာေတာ့ ပထမဦးဆုံးအေနနဲ႔ အေရးႀကီးဆုံး လုပ္ရတဲ့အလုပ္က မစီရင္ခင္မွာ တိရစာၦန္ေတြ ရဲ႕ ေသြးစင္စင္နဲ႔ ေစာင့္ၾကပ္မယ့္နတ္ဘုရားေတြ ေက်နပ္ေအာင္ ပူေဇာ္ရပါတယ္။ ဒါကို ေအာင္ျမင္စြာ လုပ္ႏုိင္မွ ေမွာ္ဆရာ တုိ႔ဟာ မိမိတုိ႔ ထိန္းခ်ဳပ္လုိတဲ့ ၀ိဉာဥ္ေတြကို အလုိရွိသလုိ၊ ေခၚယူႏုိင္တယ္လုိ႔ အယုံအၾကည္ ရွိၾကပါတယ္။
(၂) ေျမြ၏ လႊမ္းမုိးမႈ

ေျမြကလည္း ဗူဒူးအတတ္စီရင္မႈမွာ အေရးႀကီးပါတယ္။ ေျမြနတ္ဘုရား Damballa (သုိ႔)  Danballa ကုိ ကုိယ္စားျပဳၿပီး၊ ဗူဒူးမွာ ခုိေအာင္ေနတဲ့ ၀ိဉာဥ္ေတြကို ႏုိင္နင္းစြာကိုင္တြယ္ၿပီး၊ လုိရာကို ခုိင္းေစႏုိင္တဲ့၊ ျပဳစားႏုိ္င္တဲ့ အစြမ္းသတၱိရွိပါတယ္။ ဗူဒူးအ႐ုပ္နဲ႔ ျပဳစားလုိသူရဲ႕ ၀ိဉာဥ္ကို အဓိက ေပါင္းစပ္ေပးၿပီး၊ ၀ိဉာဥ္ျပန္ထြက္မေျပးႏုိင္ေအာင္လည္း Damballa နတ္ဘုရားက စြမ္းေဆာင္ေပးတယ္လုိ႔ ဆုိပါတယ္။

(၃) အျဖဴအမည္း မရွိပါ

ဗူဒူးေမွာ္ဆရာေတြကေတာ့ မိမိတုိ႔ ဗူဒူးအတတ္ပညာဟာ မိစာၦပညာရပ္မဟုတ္ဘဲ၊ အထက္လမ္း ေအာက္လမ္း မည္သူမဆုိ သင္ၾကားလုိ႔ ရႏုိင္ေၾကာင္း အတည္ျပဳၾကပါတယ္။ တကယ္ေတာ့ ဗူဒူးပညာရပ္ဟာ လူတစ္ေယာက္ကို ေသေစေအာင္ မခံခ်င္ေအာင္ ျပဳစားျခင္းအတြက္သာ သုံးတာမဟုတ္ဘဲ၊ ေဆးကုျခင္းနဲ႔၊ စိတ္ေရာဂါေျပေဖ်ာက္ျခင္းအတြက္လည္း သုံးလုိ႔ရ
ေၾကာင္း ၎တုိ႔က ဆုိပါတယ္။
(၄) အဆင့္ဆင့္တုိင္တည္ရသည့္နတ္ဘုရား

ဗူဒူးအတြက္ အဓိကတုိင္တည္ရတဲ့ နတ္ဘုရားေတြမွာလည္း အဆင့္သုံးဆင့္ရွိပါတယ္။ ပထမအဆင့္မွာ နတ္ဘုရားတစ္ပါး ရွိၿပီး၊ ဒုတိယအဆင့္မွာေတာ့ ၀ိဉာဥ္ေတြကို ထိန္းခ်ဳပ္ကာ လုိရာေစခုိင္းမယ့္ အဓိကရ နတ္ဘုရားေတြ ျဖစ္ပါတယ္၊ တတိယအဆင့္ကေတာ့ ေသမင္းစသည္တုိ႔ကုိ ကုိယ္စားျပဳေစမယ့္ နတ္ဆရာတုိ႔ရဲ႕ အဆင့္ျဖစ္ပါတယ္။ ဒီအဆင့္ေတြကို တစ္ဆင့္ခ်င္းဆီး ဦးစြာတုိင္တည္ေခၚသြားရၿပီး၊ ၀ိဉာဥ္တုိ႔ကို ဗူဒူးအ႐ုပ္ထဲ ခ်ဳပ္ေလွာင္တဲ့ သေဘာပါ။
(၅) ကုစားျခင္းမွာလည္း အသုံးျပဳ

ဗူဒူးအတတ္ပညာဟာ ေစာေစာက ေျပာခဲ့သလုိပဲ ေဆးကုျခင္းမွာလည္း သုံးတယ္လုိ႔ သိရပါတယ္။ ဥပမာအားျဖင့္ စိတ္ပ်ံ႕လႊင့္ေနသူ၊ ႐ူးေနသူတုိ႔ရဲ႕ ၀ိဉာဥ္ကို အျမင္မွန္ရေအာင္ ေခၚယူစစ္ေဆးေပးတဲ့ ကုထုံးမ်ိဳးေတြကုိလည္း ဗူဒူးအတတ္က ေကာင္းစြာ ကုသေပးႏုိင္တယ္လုိ႔ သိရပါတယ္။
(၆) စိတ္၀ိဉာဥ္ရဲ႕ ေၾကးကၽြန္မ်ား

ဗူဒူးအတတ္ပညာမွာ ျပဳစားလုိသူ၊ ကုသေပးလုိသူ စတဲ့ ေမွာ္ဆရာတုိ႔ရဲ႕ ၀ိဉာဥ္ေတြနဲ႔ အျပဳစားခံရသူ၊ အကုခံရမည့္သူတုိရဲ႕ ၀ိဉာဥ္ေတြအားလုံးဟာ မူလခႏၶာကိုယ္မွာ ထြက္ခြာရၿပီး၊ ဂါထာမႏၱာန္ေတြအေပၚ မူတည္ကာ လုိသလုိ လုပ္ေဆာင္ေပးၾကရ ပါတယ္။ တစ္ခါတေလ စိတ္စြမ္းအားအလြန္ေကာင္းတဲ့ ရန္သူကို ျပဳစားတဲ့အခါမ်ိဳးမွာ ေမွာ္ဆရာကိုယ္တုိင္ ဒုကၡျပန္ေရာက္တာမ်ိဳး ရွိတယ္လုိ႔ ဆုိပါတယ္။

(၇) ဗူဒူးပညာအစ Marie Laveau က

Marie Laveau ဆုိတဲ့အမည္ဟာ ဗူဒူးအတတ္ပညာရွင္ေတြ အၿမဲတမ္း ႏႈတ္ကေန တ,ေလ့ရွိတဲ့ ေမွာ္၀ိဉာဥ္ဆရာမႀကီးရဲ႕ အမည္ပါ။ သူမဟာ ျပင္သစ္ႏြယ္ဖြား အေမရိကန္ႏုိင္ငံသူျဖစ္ၿပီး၊ ဗူဒူးေမွာ္အတတ္မွာ တဖက္ကမ္းခပ္ ႏွံ႔စပ္ခဲ့သလုိ၊ ဗူဒူးပညာရပ္ရဲ႕ မိခင္ႀကီးလုိ႔လည္း တင္းစားေခၚေ၀ၚျခင္း ခံရသူ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူမရဲ႕ အမည္ကို တ,ျခင္းအားျဖင့္ နတ္ဘုရားတုိ႔ရဲ႕ ခ်စ္ခင္ျခင္းကို ေမွာ္ဆရာေတြက ရရွိတယ္လုိ႔ ယူဆၾကပါတယ္။ သူမဟာ အိမ္ေထာင္ႏွစ္ဆက္က်ကာ သားသမီး 15 ေယာက္အထိ ထြန္းကားခဲ့ၿပီး 1881 ခုႏွစ္မွာ ေသဆုံးခဲ့ပါတယ္။ သူမ ေသဆုံးၿပီးေနာက္ အတတ္ပညာအား
လုံး ရခဲ့သူကေတာ့ Marie Laveau III လုိ႔ ေက်ာ္ၾကားခဲ့တဲ့ သူရဲ႕ သမီးအရင္း ျဖစ္ပါတယ္။
(၈) ဗူဒူးအ႐ုပ္

ဗူဒူးပညာရပ္မွာ အဓိကအားျဖင့္ အေရးပါလွတဲ့ ၀ိဉာဥ္ခုိေအာင္းရာ အ႐ုပ္ကေလးေတြကိုလည္း ဗူဒူးအ႐ုပ္ေတြလုိ႔ ေခၚၾကပါ တယ္။ ဒီအ႐ုပ္ကေလးေတြဟာ ျပဳစားလုိသူ၊ ျပဳစားခံရသူေတြနဲ႔ သက္ဆုိင္ၿပီး ဗူဒူးဆရာရဲ႕ ထိမ္းခ်ဳပ္မႈေအာက္မွာ ကိုယ္စားခံရတဲ့ အ႐ုပ္ကေလးေတြ ျဖစ္ပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
Voodoo မှော်အတတ်ပညာဟာ မိမိမချစ်ခင် မနှစ်သက်သူများကို မှော်ပညာရပ်နဲ့ ဖမ်းစားပြီး ဒုက္ခရောက်အောင်လုပ်တဲ့ မကောင်းတဲ့ မိစ္ဆာအတတ်ဖြစ်ပါတယ်။ ဒီပညာရပ်ဟာ ဘယ်အချိန်တုန်းကတည်းက ပေါ်ထွက်ခဲ့တယ်ဆိုတာ မသိရပေမယ့် ဟေတီနိုင်ငံက အစပြုခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ယုံကြည်ကြတယ်။ ဟေတီနဲ့ ဒေသရင်းနိုင်ငံတွေ  ပြင်သစ်ကိုလိုနီဘဝကို ရောက်နေချိန်မှာ 18 ရာစု အစောပိုင်းကတည်းက စတင်ပျံ့နှံ့ခဲ့တာလို့ ဆိုပါတယ်။

အခုအချိန်ထိလည်း ဟေတီနဲ့ အာဖရိကနိုင်ငံတွေမှာ ဗူဒူး (အခြားအသံထွက်များ ဟေတီ-Vodou,ပြင်သသ်-Vodu (သို့) Vaudou/ˈvoʊ.duː/ နှင့် အင်္ဂလိပ် Voodoo/ˈvuː.duː/,(သို့) Vodun/ˈvoʊ.duː/, (သို့) Vodoun/ˈvoʊ.duːn/, Vodu/ˈvoʊ.duː/, (သို့) Vaudoux /ˈvoʊ.duː/ဆိုပြီး အသံထွက်ကြပါတယ်။ ဗူဒူးအတတ်ပညာရဲ့ နက်နဲ့တဲ့ လျှို့ဝှက် ချက်တွေကို Shwemom ပရိသတ်ကြီး ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။
(၁) တိရစ္ဆာန်သွေးဖြင့် ယစ်ပူဇော်ရခြင်း

ဗူဒူးမှော်ပညာအတတ်မှာတော့ ပထမဦးဆုံးအနေနဲ့ အရေးကြီးဆုံး လုပ်ရတဲ့အလုပ်က မစီရင်ခင်မှာ တိရစ္ဆာန်တွေ ရဲ့ သွေးစင်စင်နဲ့ စောင့်ကြပ်မယ့်နတ်ဘုရားတွေ ကျေနပ်အောင် ပူဇော်ရပါတယ်။ ဒါကို အောင်မြင်စွာ လုပ်နိုင်မှ မှော်ဆရာ တို့ဟာ မိမိတို့ ထိန်းချုပ်လိုတဲ့ ဝိဉာဉ်တွေကို အလိုရှိသလို၊ ခေါ်ယူနိုင်တယ်လို့ အယုံအကြည် ရှိကြပါတယ်။
(၂) မြွေ၏ လွှမ်းမိုးမှု

မြွေကလည်း ဗူဒူးအတတ်စီရင်မှုမှာ အရေးကြီးပါတယ်။ မြွေနတ်ဘုရား Damballa (သို့)  Danballa ကို ကိုယ်စားပြုပြီး၊ ဗူဒူးမှာ ခိုအောင်နေတဲ့ ဝိဉာဉ်တွေကို နိုင်နင်းစွာကိုင်တွယ်ပြီး၊ လိုရာကို ခိုင်းစေနိုင်တဲ့၊ ပြုစားနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဗူဒူးအရုပ်နဲ့ ပြုစားလိုသူရဲ့ ဝိဉာဉ်ကို အဓိက ပေါင်းစပ်ပေးပြီး၊ ဝိဉာဉ်ပြန်ထွက်မပြေးနိုင်အောင်လည်း Damballa နတ်ဘုရားက စွမ်းဆောင်ပေးတယ်လို့ ဆိုပါတယ်။

(၃) အဖြူအမည်း မရှိပါ

ဗူဒူးမှော်ဆရာတွေကတော့ မိမိတို့ ဗူဒူးအတတ်ပညာဟာ မိစ္ဆာပညာရပ်မဟုတ်ဘဲ၊ အထက်လမ်း အောက်လမ်း မည်သူမဆို သင်ကြားလို့ ရနိုင်ကြောင်း အတည်ပြုကြပါတယ်။ တကယ်တော့ ဗူဒူးပညာရပ်ဟာ လူတစ်ယောက်ကို သေစေအောင် မခံချင်အောင် ပြုစားခြင်းအတွက်သာ သုံးတာမဟုတ်ဘဲ၊ ဆေးကုခြင်းနဲ့၊ စိတ်ရောဂါပြေဖျောက်ခြင်းအတွက်လည်း သုံးလို့ရ
ကြောင်း ၎င်းတို့က ဆိုပါတယ်။
(၄) အဆင့်ဆင့်တိုင်တည်ရသည့်နတ်ဘုရား

ဗူဒူးအတွက် အဓိကတိုင်တည်ရတဲ့ နတ်ဘုရားတွေမှာလည်း အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်မှာ နတ်ဘုရားတစ်ပါး ရှိပြီး၊ ဒုတိယအဆင့်မှာတော့ ဝိဉာဉ်တွေကို ထိန်းချုပ်ကာ လိုရာစေခိုင်းမယ့် အဓိကရ နတ်ဘုရားတွေ ဖြစ်ပါတယ်၊ တတိယအဆင့်ကတော့ သေမင်းစသည်တို့ကို ကိုယ်စားပြုစေမယ့် နတ်ဆရာတို့ရဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်တွေကို တစ်ဆင့်ချင်းဆီး ဦးစွာတိုင်တည်ခေါ်သွားရပြီး၊ ဝိဉာဉ်တို့ကို ဗူဒူးအရုပ်ထဲ ချုပ်လှောင်တဲ့ သဘောပါ။
(၅) ကုစားခြင်းမှာလည်း အသုံးပြု

ဗူဒူးအတတ်ပညာဟာ စောစောက ပြောခဲ့သလိုပဲ ဆေးကုခြင်းမှာလည်း သုံးတယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် စိတ်ပျံ့လွှင့်နေသူ၊ ရူးနေသူတို့ရဲ့ ဝိဉာဉ်ကို အမြင်မှန်ရအောင် ခေါ်ယူစစ်ဆေးပေးတဲ့ ကုထုံးမျိုးတွေကိုလည်း ဗူဒူးအတတ်က ကောင်းစွာ ကုသပေးနိုင်တယ်လို့ သိရပါတယ်။
(၆) စိတ်ဝိဉာဉ်ရဲ့ ကြေးကျွန်များ

ဗူဒူးအတတ်ပညာမှာ ပြုစားလိုသူ၊ ကုသပေးလိုသူ စတဲ့ မှော်ဆရာတို့ရဲ့ ဝိဉာဉ်တွေနဲ့ အပြုစားခံရသူ၊ အကုခံရမည့်သူတိုရဲ့ ဝိဉာဉ်တွေအားလုံးဟာ မူလခန္ဓာကိုယ်မှာ ထွက်ခွာရပြီး၊ ဂါထာမန္တာန်တွေအပေါ် မူတည်ကာ လိုသလို လုပ်ဆောင်ပေးကြရ ပါတယ်။ တစ်ခါတလေ စိတ်စွမ်းအားအလွန်ကောင်းတဲ့ ရန်သူကို ပြုစားတဲ့အခါမျိုးမှာ မှော်ဆရာကိုယ်တိုင် ဒုက္ခပြန်ရောက်တာမျိုး ရှိတယ်လို့ ဆိုပါတယ်။

(၇) ဗူဒူးပညာအစ Marie Laveau က

Marie Laveau ဆိုတဲ့အမည်ဟာ ဗူဒူးအတတ်ပညာရှင်တွေ အမြဲတမ်း နှုတ်ကနေ တ,လေ့ရှိတဲ့ မှော်ဝိဉာဉ်ဆရာမကြီးရဲ့ အမည်ပါ။ သူမဟာ ပြင်သစ်နွယ်ဖွား အမေရိကန်နိုင်ငံသူဖြစ်ပြီး၊ ဗူဒူးမှော်အတတ်မှာ တဖက်ကမ်းခပ် နှံ့စပ်ခဲ့သလို၊ ဗူဒူးပညာရပ်ရဲ့ မိခင်ကြီးလို့လည်း တင်းစားခေါ်ဝေါ်ခြင်း ခံရသူ ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ အမည်ကို တ,ခြင်းအားဖြင့် နတ်ဘုရားတို့ရဲ့ ချစ်ခင်ခြင်းကို မှော်ဆရာတွေက ရရှိတယ်လို့ ယူဆကြပါတယ်။ သူမဟာ အိမ်ထောင်နှစ်ဆက်ကျကာ သားသမီး 15 ယောက်အထိ ထွန်းကားခဲ့ပြီး 1881 ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူမ သေဆုံးပြီးနောက် အတတ်ပညာအား
လုံး ရခဲ့သူကတော့ Marie Laveau III လို့ ကျော်ကြားခဲ့တဲ့ သူရဲ့ သမီးအရင်း ဖြစ်ပါတယ်။
(၈) ဗူဒူးအရုပ်

ဗူဒူးပညာရပ်မှာ အဓိကအားဖြင့် အရေးပါလှတဲ့ ဝိဉာဉ်ခိုအောင်းရာ အရုပ်ကလေးတွေကိုလည်း ဗူဒူးအရုပ်တွေလို့ ခေါ်ကြပါ တယ်။ ဒီအရုပ်ကလေးတွေဟာ ပြုစားလိုသူ၊ ပြုစားခံရသူတွေနဲ့ သက်ဆိုင်ပြီး ဗူဒူးဆရာရဲ့ ထိမ်းချုပ်မှုအောက်မှာ ကိုယ်စားခံရတဲ့ အရုပ်ကလေးတွေ ဖြစ်ပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top