iMyanmarHouse.com - Best Property Website for Myanmar
×

မိဘေတြ ကေလးေတြကို ရင္ႏွစ္သဲျခာခ်စ္ၾကတယ္ဆိုတာ လူတိုင္းသိပါတယ္။ တခါတေလမွာေတာ့ ကိုယ့္ရဲ့အခ်စ္ေတြဟာ ကေလးကို စိတ္ထိခိုက္ေစတတ္ပါတယ္။ ကေလးေတြနဲ႔ စကားေျပာဆိုဆက္သြယ္ရာမွာ မိဘေတြဟာ မၾကာခဏဆိုသလို စကားလံုးအမွားေတြကို ေရြးခ်ယ္သံုးစြဲမိၾကပါတယ္။ တခါတေလသူတို႔ လံုး၀မေျပာသင့္တဲ့ စကားလံုးေတြပါပါတယ္။ ေရာင္အားအေကာင္းဆံုးစာအုပ္ျဖစ္ခဲ့တဲ့ Hero: Being the Strong Father Your Children Need စာအုပ္ကိုေရးသားသူ မိခင္တစ္ဦးလည္းျဖစ္တဲ့ Dr. Meg Meeker ရဲ့ အႀကံျပဳခ်က္ေတြကို မွ်ေ၀ေပးလုိက္ပါတယ္။

နည္းေတာင္နည္းေသးတယ္

ကေလးေတြကို ေငါ့ေတာ့ေတာ့နဲ႔ ဟာသသေဘာေလွာင္ေျပာင္တတ္ၾကပါတယ္။ အဲဒီလိုေလာင္တာဟာ သူငယ္ခ်င္းမိတ္ေဆြအခ်င္းခ်င္းသာ ျပဳလုပ္တတ္ၾကတာပါ။ ဥပမာ ကေလးက တစ္ခုခုမွားသြားရင္ နည္းေတာင္နည္းေသးတယ္ ေျပာစကားမွနားမေထာင္တာ ဆိုတာမ်ိဳး ေျပာေလ့ရွိတတ္ပါတယ္။ သင္ေျပာတဲ့စကားလံုးေတြအားလံုးကို သတိထားပါ။

မင္းငါ့ကို ရူးေအာင္လုပ္ေနတာပဲ

ကေလးေတြဟာ သင့္ကို စိတ္ရႈပ္ေအာင္ အေနွာင့္အယွက္ျဖစ္ေအာင္ လုပ္ခ်င္ၾကတဲ့သူေတြမဟုတ္ပါဘူး။ တခါတေလမွာေတာ့ သင္ေျပာသမွ်ကိုနားမေထာင္ေပးမယ့္လည္း သူတို႔မွာ အဲဒီလိုစိတ္ေနသေဘာထားမရွိပါဘူး။ သူတို႔ကိုသိေအာင္ဘယ္လိုလုပ္မလဲ ဘယ္လိုေျပာရမလဲဆိုတာကို ေသခ်ာစဥ္းစားသင့္ပါတယ္။

ငါ့ကိုရူးေအာင္လုပ္ေနတာပဲဆိုတာက ကေလးေတြဟာ သူတို႔ကိုတကယ္မခ်စ္ေတာ့ဘူးလို႔ ခံစားရေစပါတယ္။ အဲဒီအစား သမီးကို ေမေမအရမ္းခ်စ္တယ္ ဒါေပမဲ့အခုလိုလုပ္တာကိုေတာ့ ေမေမမႀကိဳက္ဘူးေနာ္။ ဆိုတာမ်ိဳးေျပာသင့္ပါတယ္။

သူတို႔ရဲ့ကုိယ္အေလးခ်ိန္အေပၚ ေျပာဆိုျခင္း

ကေလးေတြကို ၀လိုက္တာဟယ္ လို႔မေျပာသင့္ပါဘူး။ အဲဒါဟာ သူတို႔ကိုရုပ္ဆိုးလိုက္တာလို႔ ၾကားခ်င္ၾကမွာလဲ။ အေသးအမႊားဆိုေပမယ့္ ကေလးေတြကိုစိတ္ထိခိုက္ေစၿပီး သူတို႔ရဲ့ ကိုယ္အေလးခ်ိန္အေပၚ မေကာင္းတဲ့အျမင္ကေန ျမင္သြားတတ္ပါတယ္။ ေနာက္ဆံုး အစားအစာခ်ိန္မမွန္တာမ်ိဳး ျဖစ္ေစတတ္ပါတယ္။

သူတို႔ကို သိမ္ငယ္အာင္ေျပာဆိုျခင္း

အထူးသျဖင့္ သားေယာက်ၤားေလးေတြအေပၚမွာ အရမ္းပိန္တာပဲဆိုတာမ်ိဳး ေျပာေလ့ရွိတတ္ပါတယ္။ အိမ္ကဟာေလးက ဘယ္ေလာက္စားစား ၀လာတယ္ကိုးမရွိဘူး။ ဒီလိုေျပာဆိုတာဟာ သူတို႔ကို အားႏြဲ႔လိုက္တာ၊ မသန္မာလိုက္တာ လို႔ ထင္ေစပါတယ္။ အဲဒီလိုေျပာတာ သူတို႔ရဲ့ ေယာက်ၤားဆန္တဲ့စိတ္ကို ေလွ်ာ့ေစပါတယ္။

လုပ္လည္းဘာမွထူးမွာမဟုတ္ဘူး

ကေလးေတြဟာ တစ္ခုခုကိုရဖို႔ ႀကိဳးစားအားထုတ္ေနခ်ိန္မွာ အခက္အခက္ေတြ အမ်ားႀကီးႀကံဳေတြ႔ရေလ့ရွိၿပီး စိတ္ဓါတ္က်ေနတတ္ပါတယ္။ အဲဒီအခါ သားေရ ဆက္မလုပ္နဲ႔ေတာ့၊ ဘာလို႔ဆက္လုပ္ေနမွာလဲဆိုတဲ့ စကားမ်ိဳးကို လံုး၀လံုး၀ ေရွာင္က်ဥ္သင့္ပါတယ္။

ကေလးက စာညံ့တယ္ဆိုပါေတာ့။ သူက ၁၀ တန္းေအာင္ဖို႔ ႀကိဳးစားေနတယ္ဆိုရင္။ လုပ္မေနနဲ႔ ဘာမွထူးလာမွာမဟုတ္ဘူး။ အလုပ္ပဲလုပ္ေတာ့ဆိုတာမ်ိဳးေတြ မၾကာခဏၾကားရေလ့ရွိပါတယ္။

ကေလးေတြဟာ မိဘဆီက အားေပးစကားကို လိုခ်င္ၾကပါတယ္။ ကိုယ့္ရဲ့အားေပးစကားက သူ႔အတြက္အားျဖစ္ေစၿပီး ႀကိဳးစားခ်င္စိတ္ပိုျဖစ္ေစတာပါ။

တပါးသူနဲ႔ ႏိႈင္းယွဥ္ျခင္း

ေတြ႔လား သူမ်ားသားသမီးေတြမ်ားေတာ္လိုက္တာ ညည္းလိုမဟုတ္ဘူးလို႔ မိဘေတြ ကေလးေတြကို ေျပာမိတတ္ၾကပါတယ္။ ဒါဟာ ကေလးေတြရဲ့ စိတ္ခံစားခ်က္ကို ညွစ္ညမ္းေစပါတယ္။ ကေလးေတြရ့ဲစိတ္ဟာ အျဖဴထည္ပါ။ အဲလိုႏိႈင္းယွဥ္တာမ်ားရင္ မနာလိုစိတ္ေတြ ျပင္းထန္သြားေစပါတယ္။

သူကို စိတ္မထိခိုက္ပါေစနဲ႔

လူတိုင္းေတာ့ ခံစားခ်က္ရွိၾကပါတယ္။ ကေလးေတြမွာလည္း ခံစားခ်က္ရွိစၿမဲပါပဲ။ ကေလးေတြကေန လူငယ္ျဖစ္လာတယ္။ လူငယ္ျဖစ္လာတဲ့အခါမွာ ခ်စ္သူရည္းစားေပးထားလာၾကတယ္။ အဲဒီအခ်ိန္မွာလည္း သူ႔ရဲ့အခ်စ္ေရးအခ်စ္ရာန႔ဲပတ္သတ္လို႔ ကိုယ့္ကိုပြင့္ပြင့္လင္းလင္းတိုင္ပင္ ေျပာျပႏိုင္ေအာင္ လမ္းဖြင့္ေပးထားသင့္ပါတယ္။ သူတို႔ရဲ့ခံစားခ်က္ကို မထိခိုက္ပါေစနဲ႔။

အဲလိုမခံစားသင့္ဘူး

ကေလးေတြမွမဟုတ္ဘူး အရြယ္ေရာက္လာတဲ့သူေတြကိုလည္း အဲလိုမခံစားသင့္ဘူးလို႔ ေျပာတတ္ၾကပါတယ္။ ဒါဟာ သူတို႔ရဲ့ စိတ္ခံစားခ်က္ကို သက္သာေစတယ္လို႔ ထင္ေကာင္းထင္ရေစမွာပါ။ ကေလးေတြရဲ့ စိတ္ခံစားခ်က္ဟာ မွားယြင္းတယ္လို႔ ေျပာလိုက္တာဟာ သူတို႔ကို စိတ္ဖိစီးမႈေတြ ျဖစ္ေစပါတယ္။ အရြယ္ေရာက္ၿပီးသားသူေတြဆိုရင္ ခ်စ္ေရးခ်စ္ရာနဲ႔ပတ္သတ္လို႔ ျပႆနာျဖစ္ေစပါတယ္။

ကေလးေတြကို ဘာေတြေျပာမလဲ

ကေလးေတြကို ဆူတာ၊ ေအာ္တာမ်ိဳးမေျပာဘဲ အၿမဲတမ္း အားေပးသင့္ပါတယ္။ ကေလးေတြ တစ္ႏွစ္တစ္တန္းေအာင္ဖို႔ စာဘယ္ေလာက္ႀကိဳးစားရတယ္ ဘယ္ေလာက္အခက္ခဲရွိတယ္ဆိုတာ မိဘေတြသိၿပီးသာျဖစ္မွာပါ။ အဲဒီအတြက္ သူတို႔ကို ဘာလုပ္ေပးရမလဲ။ သမီးဘာလိုေသးလဲ။ သားဘာလိုေသးလဲဆိုတာမ်ိဳးနဲ႔ အၿမဲအားေပးသင့္ပါတယ္။ အျပဳသေဘာေဆာင္တဲ့ စကားေတြေျပာဆိုၿပီး ကေလးေတြကို ကိုယ့္ကိုကိုယ္ယံုၾကည္မႈအျပည့္ရွိဖို႔ တြန္းအားေပးလုိက္ပါ။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိဘတွေ ကလေးတွေကို ရင်နှစ်သဲခြာချစ်ကြတယ်ဆိုတာ လူတိုင်းသိပါတယ်။ တခါတလေမှာတော့ ကိုယ့်ရဲ့အချစ်တွေဟာ ကလေးကို စိတ်ထိခိုက်စေတတ်ပါတယ်။ ကလေးတွေနဲ့ စကားပြောဆိုဆက်သွယ်ရာမှာ မိဘတွေဟာ မကြာခဏဆိုသလို စကားလုံးအမှားတွေကို ရွေးချယ်သုံးစွဲမိကြပါတယ်။ တခါတလေသူတို့ လုံးဝမပြောသင့်တဲ့ စကားလုံးတွေပါပါတယ်။ ရောင်အားအကောင်းဆုံးစာအုပ်ဖြစ်ခဲ့တဲ့ Hero: Being the Strong Father Your Children Need စာအုပ်ကိုရေးသားသူ မိခင်တစ်ဦးလည်းဖြစ်တဲ့ Dr. Meg Meeker ရဲ့ အကြံပြုချက်တွေကို မျှဝေပေးလိုက်ပါတယ်။

နည်းတောင်နည်းသေးတယ်

ကလေးတွေကို ငေါ့တော့တော့နဲ့ ဟာသသဘောလှောင်ပြောင်တတ်ကြပါတယ်။ အဲဒီလိုလောင်တာဟာ သူငယ်ချင်းမိတ်ဆွေအချင်းချင်းသာ ပြုလုပ်တတ်ကြတာပါ။ ဥပမာ ကလေးက တစ်ခုခုမှားသွားရင် နည်းတောင်နည်းသေးတယ် ပြောစကားမှနားမထောင်တာ ဆိုတာမျိုး ပြောလေ့ရှိတတ်ပါတယ်။ သင်ပြောတဲ့စကားလုံးတွေအားလုံးကို သတိထားပါ။

မင်းငါ့ကို ရူးအောင်လုပ်နေတာပဲ

ကလေးတွေဟာ သင့်ကို စိတ်ရှုပ်အောင် အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်ကြတဲ့သူတွေမဟုတ်ပါဘူး။ တခါတလေမှာတော့ သင်ပြောသမျှကိုနားမထောင်ပေးမယ့်လည်း သူတို့မှာ အဲဒီလိုစိတ်နေသဘောထားမရှိပါဘူး။ သူတို့ကိုသိအောင်ဘယ်လိုလုပ်မလဲ ဘယ်လိုပြောရမလဲဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။

ငါ့ကိုရူးအောင်လုပ်နေတာပဲဆိုတာက ကလေးတွေဟာ သူတို့ကိုတကယ်မချစ်တော့ဘူးလို့ ခံစားရစေပါတယ်။ အဲဒီအစား သမီးကို မေမေအရမ်းချစ်တယ် ဒါပေမဲ့အခုလိုလုပ်တာကိုတော့ မေမေမကြိုက်ဘူးနော်။ ဆိုတာမျိုးပြောသင့်ပါတယ်။

သူတို့ရဲ့ကိုယ်အလေးချိန်အပေါ် ပြောဆိုခြင်း

ကလေးတွေကို ဝလိုက်တာဟယ် လို့မပြောသင့်ပါဘူး။ အဲဒါဟာ သူတို့ကိုရုပ်ဆိုးလိုက်တာလို့ ကြားချင်ကြမှာလဲ။ အသေးအမွှားဆိုပေမယ့် ကလေးတွေကိုစိတ်ထိခိုက်စေပြီး သူတို့ရဲ့ ကိုယ်အလေးချိန်အပေါ် မကောင်းတဲ့အမြင်ကနေ မြင်သွားတတ်ပါတယ်။ နောက်ဆုံး အစားအစာချိန်မမှန်တာမျိုး ဖြစ်စေတတ်ပါတယ်။

သူတို့ကို သိမ်ငယ်အာင်ပြောဆိုခြင်း

အထူးသဖြင့် သားယောကျၤားလေးတွေအပေါ်မှာ အရမ်းပိန်တာပဲဆိုတာမျိုး ပြောလေ့ရှိတတ်ပါတယ်။ အိမ်ကဟာလေးက ဘယ်လောက်စားစား ဝလာတယ်ကိုးမရှိဘူး။ ဒီလိုပြောဆိုတာဟာ သူတို့ကို အားနွဲ့လိုက်တာ၊ မသန်မာလိုက်တာ လို့ ထင်စေပါတယ်။ အဲဒီလိုပြောတာ သူတို့ရဲ့ ယောကျၤားဆန်တဲ့စိတ်ကို လျှော့စေပါတယ်။

လုပ်လည်းဘာမှထူးမှာမဟုတ်ဘူး

ကလေးတွေဟာ တစ်ခုခုကိုရဖို့ ကြိုးစားအားထုတ်နေချိန်မှာ အခက်အခက်တွေ အများကြီးကြုံတွေ့ရလေ့ရှိပြီး စိတ်ဓါတ်ကျနေတတ်ပါတယ်။ အဲဒီအခါ သားရေ ဆက်မလုပ်နဲ့တော့၊ ဘာလို့ဆက်လုပ်နေမှာလဲဆိုတဲ့ စကားမျိုးကို လုံးဝလုံး၀ ရှောင်ကျဉ်သင့်ပါတယ်။

ကလေးက စာညံ့တယ်ဆိုပါတော့။ သူက ၁၀ တန်းအောင်ဖို့ ကြိုးစားနေတယ်ဆိုရင်။ လုပ်မနေနဲ့ ဘာမှထူးလာမှာမဟုတ်ဘူး။ အလုပ်ပဲလုပ်တော့ဆိုတာမျိုးတွေ မကြာခဏကြားရလေ့ရှိပါတယ်။

ကလေးတွေဟာ မိဘဆီက အားပေးစကားကို လိုချင်ကြပါတယ်။ ကိုယ့်ရဲ့အားပေးစကားက သူ့အတွက်အားဖြစ်စေပြီး ကြိုးစားချင်စိတ်ပိုဖြစ်စေတာပါ။

တပါးသူနဲ့ နှိုင်းယှဉ်ခြင်း

တွေ့လား သူများသားသမီးတွေများတော်လိုက်တာ ညည်းလိုမဟုတ်ဘူးလို့ မိဘတွေ ကလေးတွေကို ပြောမိတတ်ကြပါတယ်။ ဒါဟာ ကလေးတွေရဲ့ စိတ်ခံစားချက်ကို ညှစ်ညမ်းစေပါတယ်။ ကလေးတွေရဲ့စိတ်ဟာ အဖြူထည်ပါ။ အဲလိုနှိုင်းယှဉ်တာများရင် မနာလိုစိတ်တွေ ပြင်းထန်သွားစေပါတယ်။

သူကို စိတ်မထိခိုက်ပါစေနဲ့

လူတိုင်းတော့ ခံစားချက်ရှိကြပါတယ်။ ကလေးတွေမှာလည်း ခံစားချက်ရှိစမြဲပါပဲ။ ကလေးတွေကနေ လူငယ်ဖြစ်လာတယ်။ လူငယ်ဖြစ်လာတဲ့အခါမှာ ချစ်သူရည်းစားပေးထားလာကြတယ်။ အဲဒီအချိန်မှာလည်း သူ့ရဲ့အချစ်ရေးအချစ်ရာနဲ့ပတ်သတ်လို့ ကိုယ့်ကိုပွင့်ပွင့်လင်းလင်းတိုင်ပင် ပြောပြနိုင်အောင် လမ်းဖွင့်ပေးထားသင့်ပါတယ်။ သူတို့ရဲ့ခံစားချက်ကို မထိခိုက်ပါစေနဲ့။

အဲလိုမခံစားသင့်ဘူး

ကလေးတွေမှမဟုတ်ဘူး အရွယ်ရောက်လာတဲ့သူတွေကိုလည်း အဲလိုမခံစားသင့်ဘူးလို့ ပြောတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်ခံစားချက်ကို သက်သာစေတယ်လို့ ထင်ကောင်းထင်ရစေမှာပါ။ ကလေးတွေရဲ့ စိတ်ခံစားချက်ဟာ မှားယွင်းတယ်လို့ ပြောလိုက်တာဟာ သူတို့ကို စိတ်ဖိစီးမှုတွေ ဖြစ်စေပါတယ်။ အရွယ်ရောက်ပြီးသားသူတွေဆိုရင် ချစ်ရေးချစ်ရာနဲ့ပတ်သတ်လို့ ပြဿနာဖြစ်စေပါတယ်။

ကလေးတွေကို ဘာတွေပြောမလဲ

ကလေးတွေကို ဆူတာ၊ အော်တာမျိုးမပြောဘဲ အမြဲတမ်း အားပေးသင့်ပါတယ်။ ကလေးတွေ တစ်နှစ်တစ်တန်းအောင်ဖို့ စာဘယ်လောက်ကြိုးစားရတယ် ဘယ်လောက်အခက်ခဲရှိတယ်ဆိုတာ မိဘတွေသိပြီးသာဖြစ်မှာပါ။ အဲဒီအတွက် သူတို့ကို ဘာလုပ်ပေးရမလဲ။ သမီးဘာလိုသေးလဲ။ သားဘာလိုသေးလဲဆိုတာမျိုးနဲ့ အမြဲအားပေးသင့်ပါတယ်။ အပြုသဘောဆောင်တဲ့ စကားတွေပြောဆိုပြီး ကလေးတွေကို ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိဖို့ တွန်းအားပေးလိုက်ပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top