iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကို လာၿပီး ခ်စ္ႀကိဳးသြယ္သူတိုင္းကို ကိုယ္က ျပန္ႀကိဳက္တာမွမဟုတ္တာေနာ္။ ဒီလိုျဖစ္လာတဲ့အခါ အားနာလို႔ သူ႔ကို ကိုယ္မခ်စ္ေၾကာင္းမေျပာခ်င္ဘဲ အခ်ိန္ေတြ ဆြဲထားတာဟာ ႀကိဳးရွည္ရွည္နဲ႔ လွန္ထားတယ္လို႔ သူ႔ကိုထင္ေစပါတယ္။

ဒါ့အျပင္ ကိုယ့္ကို ဘာလိုလိုနဲ႔ မ်က္ႏွာမ်ားသူအျဖစ္ ျမင္ေစပါတယ္။ သူငယ္ခ်င္းျဖစ္ေနရင္လည္း မ်က္ႏွာပူစရာ အခင္အမင္ပ်က္စရာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပညာသားပါပါနဲ႔ ျငင္းႏိုင္ပါတယ္။

အမွန္တိုင္းေျပာပါ။

ဟုတ္ပါတယ္။ တစံုတေယာက္ကို ျငင္းရမွာ အားနာတတ္တဲ့ ျမန္မာတို႔အဖို႔ တကယ္ကိုမလြယ္ကူပါဘူး။ သူ႔ကိုစိတ္ထိခိုက္မွာ စိုးရိမ္တာေတြရွိပါတယ္။ ဒါေပမယ့္ရိုးသားပါ။ အမွန္တိုင္းျပာပါ။ လိမ္ညာဖံုးကြယ္တာဟာ အဆပ္တစ္ခုလိုပါပဲ။

တိတိက်က်ေျပာပါ။

မျပတ္မသား စဥ္းစားဦးမယ္ ဆိုတာမ်ိဳး တြဲၾကည့္မယ္ဆိုတာမ်ိဳးက တဖက္ကလူကို ေမွ်ာ္လင့္ခ်က္ေပးရာက်ပါတယ္။ ဘာေၾကာင့္သူ႔ကို ျငင္းရတယ္ဆိုတာမ်ိဳးကို တိတိက်က်ေျပာပါ။

ေလသံကိုသတိထားပါ။

ေလသံမာမာ ခပ္က်ယ္က်ယ္ေျပာတာဟာ တဖက္သားရဲ့ ဂုဏ္သိကၡာကို ထိပါးေစပါတယ္။ ေလသံကို သတိထားပါ။ စကားလံုးေရြးခ်ယ္မႈကလည္း သိပ္ကိုအေရးႀကီးပါတယ္။

ေစ့စပ္ညွိႏိႈင္းၾကည္ပါ။

လူတိုင္းကို တထစ္ခ် အျပည့္အ၀ ျငင္းရမယ္လို႔မဆိုလိုပါပဲ။ ညွိႏႈိင္းလို႔ရပါတယ္။ အခ်ိန္ကို အတိအက်ေပးပါ။ ဘယ္ေတာ့ အေျဖျပန္ေပးမယ္ခဏေစာင့္ပါဆိုတာမ်ိဳးေပါ့။

သူတို႔ရဲ့ ခံစားခ်က္ေတြကို ေျပာပါေစ။

သင္ေျပာခ်င္တဲ့အရာကို ခပ္ျမန္ျမန္မေျပာေသးဘဲ သူေျပာတာကို အရင္နားေထာင္ေပးပါ။ ဒါမွ ကိုယ္သူ႔ကို ဘယ္လိုမနာက်င္ရေအာင္ေျပာမယ္ဆိုတာ ႀကိဳေတြးႏိုင္မွာျဖစ္ပါတယ္။

ကိုယ့္ကိုကိုယ္ တန္ဖိုးထားပါ။

ကိုယ့္ကိုကိုယ္ပဲ တန္ဖိုးထားရမွာပါ။ ကိုယ့္တန္ဖိုးကို တန္ဖိုးထားမွ တျခားသူေတြလည္း တန္ဖိုးထားမွာျဖစ္ပါတယ္။ ကိုယ့္ကို တျခားသူအျမင္မွာ အရိုင္းအစိုင္းတစ္ေယာက္လိုမျမင္ေအာင္ ေလသံကိုေရာ စကားလံုးေရြးခ်ယ္မႈကိုေရာ အထူးဂရုစိုက္ပါ။ သူ႔ကို မနာက်င္ေစႏိုင္တဲ့ စကားလံုးကို ေရြးခ်ယ္ပါ။

ဒါေပမယ့္ ျငင္းဆန္တယ္ဆိုတာ မလြယ္ကူပါဘူး။ အထူးသျဖင့္ သူတို႔ကို မနာက်င္ေအာင္ျငင္းဆန္ဖို႔ဆိုတာ တကယ္ကို မလြယ္ကူလွပါဘူး။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ့်ကို လာပြီး ချစ်ကြိုးသွယ်သူတိုင်းကို ကိုယ်က ပြန်ကြိုက်တာမှမဟုတ်တာနော်။ ဒီလိုဖြစ်လာတဲ့အခါ အားနာလို့ သူ့ကို ကိုယ်မချစ်ကြောင်းမပြောချင်ဘဲ အချိန်တွေ ဆွဲထားတာဟာ ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်လို့ သူ့ကိုထင်စေပါတယ်။

ဒါ့အပြင် ကိုယ့်ကို ဘာလိုလိုနဲ့ မျက်နှာများသူအဖြစ် မြင်စေပါတယ်။ သူငယ်ချင်းဖြစ်နေရင်လည်း မျက်နှာပူစရာ အခင်အမင်ပျက်စရာဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာသားပါပါနဲ့ ငြင်းနိုင်ပါတယ်။

အမှန်တိုင်းပြောပါ။

ဟုတ်ပါတယ်။ တစုံတယောက်ကို ငြင်းရမှာ အားနာတတ်တဲ့ မြန်မာတို့အဖို့ တကယ်ကိုမလွယ်ကူပါဘူး။ သူ့ကိုစိတ်ထိခိုက်မှာ စိုးရိမ်တာတွေရှိပါတယ်။ ဒါပေမယ့်ရိုးသားပါ။ အမှန်တိုင်းပြာပါ။ လိမ်ညာဖုံးကွယ်တာဟာ အဆပ်တစ်ခုလိုပါပဲ။

တိတိကျကျပြောပါ။

မပြတ်မသား စဉ်းစားဦးမယ် ဆိုတာမျိုး တွဲကြည့်မယ်ဆိုတာမျိုးက တဖက်ကလူကို မျှော်လင့်ချက်ပေးရာကျပါတယ်။ ဘာကြောင့်သူ့ကို ငြင်းရတယ်ဆိုတာမျိုးကို တိတိကျကျပြောပါ။

လေသံကိုသတိထားပါ။

လေသံမာမာ ခပ်ကျယ်ကျယ်ပြောတာဟာ တဖက်သားရဲ့ ဂုဏ်သိက္ခာကို ထိပါးစေပါတယ်။ လေသံကို သတိထားပါ။ စကားလုံးရွေးချယ်မှုကလည်း သိပ်ကိုအရေးကြီးပါတယ်။

စေ့စပ်ညှိနှိုင်းကြည်ပါ။

လူတိုင်းကို တထစ်ချ အပြည့်အ၀ ငြင်းရမယ်လို့မဆိုလိုပါပဲ။ ညှိနှိုင်းလို့ရပါတယ်။ အချိန်ကို အတိအကျပေးပါ။ ဘယ်တော့ အဖြေပြန်ပေးမယ်ခဏစောင့်ပါဆိုတာမျိုးပေါ့။

သူတို့ရဲ့ ခံစားချက်တွေကို ပြောပါစေ။

သင်ပြောချင်တဲ့အရာကို ခပ်မြန်မြန်မပြောသေးဘဲ သူပြောတာကို အရင်နားထောင်ပေးပါ။ ဒါမှ ကိုယ်သူ့ကို ဘယ်လိုမနာကျင်ရအောင်ပြောမယ်ဆိုတာ ကြိုတွေးနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။

ကိုယ့်ကိုကိုယ်ပဲ တန်ဖိုးထားရမှာပါ။ ကိုယ့်တန်ဖိုးကို တန်ဖိုးထားမှ တခြားသူတွေလည်း တန်ဖိုးထားမှာဖြစ်ပါတယ်။ ကိုယ့်ကို တခြားသူအမြင်မှာ အရိုင်းအစိုင်းတစ်ယောက်လိုမမြင်အောင် လေသံကိုရော စကားလုံးရွေးချယ်မှုကိုရော အထူးဂရုစိုက်ပါ။ သူ့ကို မနာကျင်စေနိုင်တဲ့ စကားလုံးကို ရွေးချယ်ပါ။

ဒါပေမယ့် ငြင်းဆန်တယ်ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် သူတို့ကို မနာကျင်အောင်ငြင်းဆန်ဖို့ဆိုတာ တကယ်ကို မလွယ်ကူလှပါဘူး။
Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top