iMyanmarHouse.com - Best Property Website for Myanmar
×

၀က္ၿခံ ေပါက္ျခင္းႏွင့္ ပတ္သက္၍ အေရျပား အထူးကု ဆရာ၀န္ၾကီး ေဒါက္တ ာစိုး၀င္းဦးႏွင့္ ေတြ႕ဆံု ေမးျမန္း ျဖစ္ခဲ့ရာ မ်က္ႏွာ အေရျပားႏွင့္ ပတ္သတ္ သည္မ်ားကို       ေအာက္ပါ အတိုင္း သတိေပး ေျပာၾကား ခဲ့ပါသည္။

၀က္ၿခံ အမ်ားဆံုး ေပါက္တဲ့ အရြယ္
၀က္ျခံ အမ်ားဆံုး ေပါက္တဲ့ အရြယ္က (၁၀)ေက်ာ္သက္ အရြယ္နဲ႔ အသက္(၂၀)ေက်ာ္ အရြယ္၊ ၾကီးေကာင္၀င္တဲ့ အရြယ္လူၾကီး ျဖစ္တဲ့ အရြယ္၊ ေဟာ္မုန္းဓာတ္မ်ား ျပီး ၾကီးထြားတဲ့ အရြယ္မွာ အမ်ားဆံုး ေပါက္တယ္။ အသက္(၃၀)ေက်ာ္ (၄၀)အထိလည္း ေပါက္တတ္တဲ့သူ ရိွတယ္။

၀က္ျခံေပါက္ျခင္းက မ်ိဳး႐ိုးလိုက္တဲ႕ ေရာဂါမဟုတ္
မိ်ဳး႐ိုး လိုက္တယ္ ဆိုျပီး အတိအက် မွတ္တမ္းတင္ ထားတာေတာ့ မ႐ိွဘူး။ ဒါေပမဲ့ အေဖ၊ အေမမွာ ၀က္ၿခံေပါက္ခဲ့ရင္ သားသမီးမွာလည္း ၀က္ၿခံေပါက္ဖို႔ မ်ားတယ္။ အတိအက် မိ်ဳးရိုးလိုက္တဲ့ ေရာဂါလိုေတာ့ မဟုတ္ပါဘူး။

၀က္ၿခံ မေပါက္ေအာင္ ဘယ္လို ေနထိုင္သင့္လဲ 
၀က္ၿခံေပါက္ ကာစ (ဥပမာ) ဆား၀က္ၿခံေလးေတြ ထြက္လာစ အခ်ိန္မွာ လက္နဲ႔ ကုတ္တာေတြ၊ ဖဲ့တာေတြ၊ ထိုးတာေတြ၊ ဆြတာေတြ၊ မသန္႔တဲ့ ဥစၥာေတြ လိမ္းတာေတြ၊ ေနာက္ၿပီး လိမ္းတယ္ ဆိုရင္ေတာ့ ရိွၿပီးသား ၀က္ၿခံပိုဆိုး လာတတ္ပါတယ္။ အရမ္းျပင္းတဲ့ ခရင္မ္ေတြ၊ ဘာေတြ လိမ္းတာတို႔၊ အေၾကာင္း မသိပဲနဲ႔ တစ္ျခားေဆးေတြ လိမ္းမိတာတို႔ လုပ္လို႕ေတာ့ မရဘူး။ ၀က္ၿခံ မေပါက္ေအာင္ အဓိက အခ်က္အေနနဲ႔ မ်က္ႏွာ သန္႔ရွင္းေရးကို မွန္မွန္ လုပ္ေပးဖို ့အေရးႀကီးတယ္။ ၀က္ၿခံ ေပါက္တာက  အဆီ ထြက္တာမ်ားျပီး အဲဒီအဆီက ကပ္ၿပီးေတာ့ ေခၽြးေပါက္ေတြ ပိတ္တာေပါ့။ ေခၽြးေပါက္ ကလည္း အဆီအိတ္ကပဲ ထြက္တာေပါ့။ အဆီထြက္တဲ့ လမ္းေၾကာင္း ပိတ္ၿပီး ၀က္ၿခံ ေပါက္တာပါ။ ထြက္လာတဲ့ အဆီကို မွန္မွန္ ဖယ္ရွားေပးဖို႕ လိုတယ္။ မပိတ္ေအာင္ သန္႕ရွင္းေပးဖို႔ လိုတယ္။

၀က္ၿခံကင္းစင္ လွေနခ်င္ရင္ေတာ့ မ်က္ႏွာကို တစ္ေန႕ (၂)ၾကိမ္ (သို႔မဟုတ္) (၃) ၾကိမ္ သစ္ေပးဖို႔ လိုတယ္။ ဆပ္ျပာအေပ်ာ့နဲ႔ ပံုမွန္သစ္ ေပးဖို႔လိုတယ္။ ကိုယ္က ဆား၀က္ၿခံေပါက္တတ္တယ္ ဆိုရင္ေတာ့ ဆား၀က္ျခံေပါက္တယ္ ဆိုတာ ေခၽြးေပါက္ ထိပ္ေလးေတြ ပိတ္သြားလို႔ ေခၽြးေပါက္ထိပ္္ မပိတ္ေအာင္ လိမ္းေဆး ေပ်ာ့ေပ်ာ့ေလး တစ္ခုေလာက္ကို ခံၿပီး လိမ္းေပးရမယ္။ ကိုယ္လိမ္းတဲ့ မိတ္ကပ္ေတြ၊ Skin Careေတြ သံုးတဲ့ ပစၥည္းေတြမွာ အားလံုး အဆီပါတာေတြ၊ အဆီမ်ား တာေတြ သံုးေပးလို႔ မရဘူး။ အရမ္းထူတဲ့ မိတ္ကပ္မ်ိဳးေတြ သံုးလို႔ မရဘူး။ ၀က္ၿခံေပါက္သူေတြ အတြက္ သီးသန္႔ ထုတ္လုပ္ထားတဲ့ မ်က္ႏွာသစ္ေဆးေတြကို သံုးသင့္ပါတယ္။ ေဆးဆပ္ျပာလို ဟာမ်ိဳးေလး ေတြလည္း သံုးလို႔ ရပါတယ္။ ေန႔စဥ္ မိတ္ကပ္လိမ္းတဲ့ အမိ်ဳးသမီးေတြ အေနနဲ႔ ညေရာက္ရင္ မ်က္ႏွာသစ္႐ံု အျပင္ မိတ္ကပ္ ဖ်က္ေဆးကိုပါ သံုးသင့္ပါတယ္။ ေခၽြးေပါက္ အရမ္းကို ပိတ္ေစတဲ့ အလွျပင္ ပစၥည္းေတြကို ၀က္ၿခံေပါက္သူေတြ အေနနဲ႔ ေရွာင္က်ဥ္သင့္ပါတယ္။ အဆီ အေျခခံတဲ့ ပစၥည္းထက္ ေရအေျခခံတဲ့ ပစၥည္း မ်ိဳးကို သံုးသင့္ပါတယ္။ သဘာ၀ပစၥည္းပဲျဖစ္ေစ၊ ဓာတုေဗဒ နဲ႕ ေဖာ္စပ္ထားတဲ့ ပစၥည္းပဲျဖစ္ေစ မပ်င္းဘူး။ ၀က္ျခံ မေပါက္ဘူး ေသခ်ာလည္း စမ္းသပ္မႈ လုပ္ထားတယ္၊ လူသိမ်ားတယ္၊ ကိုယ္နဲ႔လည္း အဆင္ေျပမယ့္  ပစၥည္းမ်ိဳးကို သံုးသင့္ပါတယ္။

၀က္ျခံေပါက္သူေတြ ဘယ္လို စားေသာက္ရမလဲ
အစား အေသာက္နဲ႔ ၀က္ၿခံနဲ႔ ေယဘုယ် မပတ္သက္ဘူးလို႔     ေျပာလို႔ ရတယ္။ တစ္ခ်ိဳ႕ေတြက အခုေနာက္ပိုင္း အခ်ိဳစားတာ အရမ္းမ်ားတယ္ ဆိုရင္ ၀က္ၿခံ နည္းနည္း ပိုထြက္တယ္လို႔ ေလ့လာမႈ အခ်ိဳ႕က ဆိုတယ္။ ၀က္ၿခံေပါက္ေနသူ တစ္ေယာက္က အစားအေသာက္ စားတဲ့အခါမွာ ကိုယ္ခႏၶာ အတြက္ က်န္းမာ မွ်တတဲ့ အစာ အာဟာရ ပံုမွန္အတိုင္း စားလို႕ရပါတယ္။

၀က္ျခံဘာေၾကာင့္ေပါက္လဲ
အိပ္ေရးပ်က္ရင္ စိတ္ဖိစီးမႈမ်ားတယ္။ စိတ္ဖိစီး မႈမ်ားရင္ Stress ေဟာ္မုန္းဆိုတာ ထြက္တယ္။ အဲStress ေဟာ္မုန္းက အဆီအိပ္ေတြကို ႏိုးဆြတယ္။ အဆီအိတ္ ေတြကေန ၀က္ျခံေပါက္တယ္။ စိတ္ဖိစီးမႈ မ်ားရင္လည္း ၀က္ျခံေပါက္တယ္ အိပ္ေရးပ်က္ရင္လည္း ၀က္ၿခံေပါက္တယ္။ တစ္ ေယာက္နဲ ့ တစ္ေယာက္ေတာ့ မတူဘူးေလ။

၀က္ျခံေပါက္ျခင္းရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား
၀က္ၿခံကို တတ္ႏိုင္သေလာက္ ဆရာ၀န္ေတြက မညႇစ္ဖို႔ ၫႊန္ၾကားတယ္။ ညႇစ္တယ္ဆို ၀က္ၿခံ အလံုးၾကီးက ေပ်ာက္သြားတဲ့ အတြက္ ေလာေလာဆယ္ေတာ့ ေပ်ာက္တယ္လို႔ စိတ္ထဲမွာ ထင္လိုက္ရတယ္။ တကယ္ေတာ့ မဟုတ္ဘူး။ ညႇစ္ထုတ္လိုက္တဲ့ အတြက္ အျပင္ကို ထြက္သြားသလို အဲဒီ ၀က္ျခံလံုး ထဲမွာ႐ိွတဲ့ မသန္႔တဲ့ ဆဲလ္ေတြ၊ ပိုးေတြ၊ ျပည္ေတြ အဲဒါေတြက အတြင္းထဲကိုလည္း တစ္ခ်ိဳ႕၀င္ သြားတယ္။ အဲဒီ၀င္ သြားတဲ့ ဟာေတြက တစ္ခ်ိဳ႕က်ရင္ အသစ္ျပန္ ေပါက္လာႏိုင္တယ္ ေနာက္ျပီး ညႇစ္ျပီးသား အဖုကလည္း အေပၚယံ အနာေဖးကြာ သြားရင္ အမာရြတ္ က်န္တယ္။ အခန႔္ မသင့္လို႔ ညႇစ္တဲ့ လက္က မသန္႔ရင္ ပိုးေတြဘာေတြ ထပ္၀င္ျပီး ေရာင္ရမ္းတာတို ့၊ ပိုးကူး စက္တာ တို႕ထပ္ ျဖစ္တတ္တယ္။ အထူးသျဖင့္ ပါးစပ္ အေပၚဘက္၊ ႏွာေခါင္း တစ္၀ိုက္၊ ႏွာ႐ိုး တစ္၀ိုက္ ေနရာ ျဖစ္ပါတယ္။ မ်က္လံုး ေအာက္ဘက္၊ ပါးစပ္ အေပၚဘက္ အလည္ပိုင္း ေနရာက ႏွာေခါင္းက အေျမႇးပါးေတြက တစ္ဆင့္ ဦးေႏွာက္ကို တိုက္႐ိုက္သြားတာ။ အဲေနရာ တစ္၀ိုက္မွာ ၀က္ျခံေပါက္ ေနတယ္ ျပည္ေတြ တည္ေနတယ္။ ျပည္တည္တယ္ ဆိုတာ အသားအေရ ပ်က္စီးေနတာ။ ပိုးေတြ၀င္ေနလို႔ ညႇစ္လိုက္ရင္ အဲဒီပိုးေတြ အျပင္ကို ထြက္သလိုမ်ိဳး အတြင္းကိုလည္း ၀င္သြားတယ္။ ၀င္သြားတဲ့ အခါ ႏွာေခါင္းက  အန႔ံခံတဲ့ အာ႐ံုေၾကာလို ေနရာက တစ္ဆင့္ ဦးေႏွာက္ထဲကို တိုက္႐ိုက္ ၀င္သြားလို႔ ရတယ္။ အဲအခါက်ရင္ ဦးေႏွာက္ထဲကို ပိုးပ်ံ႕ႏွံ႔ျပီး ေသြးဆိပ္တက္ၿပီး ေသဆံုးႏိုင္ပါတယ္။

ဘယ္၀က္ျခံ အမ်ားဆံုး ပိုေပါက္လဲ
ဆား၀က္ျခံ၊ ေရာင္ရမ္းတဲ့ ၀က္ျခံ၊ ၀က္ျခံ အျပင္းစား ၀က္ၿခံဆိုျပီး (၃)မ်ိဳး ရိွတယ္။ ဆား၀က္ျခံက ေရာင္ရမ္းမႈ မရိွဘူး၊ အဖု ေသးေသးေလးေတြ၊ အမဲစက္ ေသးေသးေလးေတြ၊ တစ္ခိ်ဳ႕က အျဖဴေရာင္ အလံုးေလးေတြ အဲတာကို ဆား၀က္ၿခံလို႕ ေခၚတယ္။ ဆား၀က္ၿခံ ကေနၿပီး အနီေရာင္ အဖုေတြ ျဖစ္လာတယ္။ အဲမွာမွ ပိုး၀င္ရင္ ျပည္တယ္တဲ့ ၀က္ၿခံ ျဖစ္လာတယ္။ အဲတာဆို ျပည္ဖုေတြ ဘာေတြ ေတြ႔ရတယ္။ အဲလို ၀က္ျခံမ်ိဳးကို ေရာင္ရမ္းတဲ့ ၀က္ၿခံလို႕ ေခၚတယ္။ အျပင္းစား ၀က္ျခံက မ်က္ႏွာ တစ္ခုလံုး မွာလည္း ဆား၀က္ျခံ ေတြေရာ၊ ေရာင္ရမ္းတာ ေတြေရာ၊ ျပည္ဖုေတြေရာ၊ အရည္ေတြထြက္ ေနရာေရာ မ်က္ႏွာတြင္ မကဘူး ရင္ဘတ္ေတြ ေက်ာေတြမွာ အထိပါ ၀က္ျခံ ျပင္းျပင္းေတြ ေပါက္ ေနတာကို ၀က္ ျခံ အျပင္းစား မ်ိဳးလို႔ေခၚတယ္။ လူအမ်ားစုက ဆား၀က္ၿခံရယ္၊ နည္းေရာင္ရမ္းတဲ့ ၀က္ျခံရယ္ေပါင္း ျပီးေပါက္တာ မ်ားတယ္။

Credit: Tomorrow News Journal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
၀က်ခြံ ပေါက်ခြင်းနှင့် ပတ်သက်၍ အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တ ာစိုးဝင်းဦးနှင့် တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ရာ မျက်နှာ အရေပြားနှင့် ပတ်သတ် သည်များကို       အောက်ပါ အတိုင်း သတိပေး ပြောကြား ခဲ့ပါသည်။

ဝက်ခြံ အများဆုံး ပေါက်တဲ့ အရွယ်
ဝက်ခြံ အများဆုံး ပေါက်တဲ့ အရွယ်က (၁၀)ကျော်သက် အရွယ်နဲ့ အသက်(၂၀)ကျော် အရွယ်၊ ကြီးကောင်ဝင်တဲ့ အရွယ်လူကြီး ဖြစ်တဲ့ အရွယ်၊ ဟော်မုန်းဓာတ်များ ပြီး ကြီးထွားတဲ့ အရွယ်မှာ အများဆုံး ပေါက်တယ်။ အသက်(၃၀)ကျော် (၄၀)အထိလည်း ပေါက်တတ်တဲ့သူ ရှိတယ်။

ဝက်ခြံပေါက်ခြင်းက မျိုးရိုးလိုက်တဲ့ ရောဂါမဟုတ်
မျိုးရိုး လိုက်တယ် ဆိုပြီး အတိအကျ မှတ်တမ်းတင် ထားတာတော့ မရှိဘူး။ ဒါပေမဲ့ အဖေ၊ အမေမှာ ဝက်ခြံပေါက်ခဲ့ရင် သားသမီးမှာလည်း ဝက်ခြံပေါက်ဖို့ များတယ်။ အတိအကျ မျိုးရိုးလိုက်တဲ့ ရောဂါလိုတော့ မဟုတ်ပါဘူး။

ဝက်ခြံ မပေါက်အောင် ဘယ်လို နေထိုင်သင့်လဲ
ဝက်ခြံပေါက် ကာစ (ဥပမာ) ဆားဝက်ခြံလေးတွေ ထွက်လာစ အချိန်မှာ လက်နဲ့ ကုတ်တာတွေ၊ ဖဲ့တာတွေ၊ ထိုးတာတွေ၊ ဆွတာတွေ၊ မသန့်တဲ့ ဥစ္စာတွေ လိမ်းတာတွေ၊ နောက်ပြီး လိမ်းတယ် ဆိုရင်တော့ ရှိပြီးသား ဝက်ခြံပိုဆိုး လာတတ်ပါတယ်။ အရမ်းပြင်းတဲ့ ခရင်မ်တွေ၊ ဘာတွေ လိမ်းတာတို့၊ အကြောင်း မသိပဲနဲ့ တစ်ခြားဆေးတွေ လိမ်းမိတာတို့ လုပ်လို့တော့ မရဘူး။ ဝက်ခြံ မပေါက်အောင် အဓိက အချက်အနေနဲ့ မျက်နှာ သန့်ရှင်းရေးကို မှန်မှန် လုပ်ပေးဖို့အရေးကြီးတယ်။ ဝက်ခြံ ပေါက်တာက  အဆီ ထွက်တာများပြီး အဲဒီအဆီက ကပ်ပြီးတော့ ချွေးပေါက်တွေ ပိတ်တာပေါ့။ ချွေးပေါက် ကလည်း အဆီအိတ်ကပဲ ထွက်တာပေါ့။ အဆီထွက်တဲ့ လမ်းကြောင်း ပိတ်ပြီး ဝက်ခြံ ပေါက်တာပါ။ ထွက်လာတဲ့ အဆီကို မှန်မှန် ဖယ်ရှားပေးဖို့ လိုတယ်။ မပိတ်အောင် သန့်ရှင်းပေးဖို့ လိုတယ်။

ဝက်ခြံကင်းစင် လှနေချင်ရင်တော့ မျက်နှာကို တစ်နေ့ (၂)ကြိမ် (သို့မဟုတ်) (၃) ကြိမ် သစ်ပေးဖို့ လိုတယ်။ ဆပ်ပြာအပျော့နဲ့ ပုံမှန်သစ် ပေးဖို့လိုတယ်။ ကိုယ်က ဆားဝက်ခြံပေါက်တတ်တယ် ဆိုရင်တော့ ဆားဝက်ခြံပေါက်တယ် ဆိုတာ ချွေးပေါက် ထိပ်လေးတွေ ပိတ်သွားလို့ ချွေးပေါက်ထိပ် မပိတ်အောင် လိမ်းဆေး ပျော့ပျော့လေး တစ်ခုလောက်ကို ခံပြီး လိမ်းပေးရမယ်။ ကိုယ်လိမ်းတဲ့ မိတ်ကပ်တွေ၊ Skin Careတွေ သုံးတဲ့ ပစ္စည်းတွေမှာ အားလုံး အဆီပါတာတွေ၊ အဆီများ တာတွေ သုံးပေးလို့ မရဘူး။ အရမ်းထူတဲ့ မိတ်ကပ်မျိုးတွေ သုံးလို့ မရဘူး။ ဝက်ခြံပေါက်သူတွေ အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို သုံးသင့်ပါတယ်။ ဆေးဆပ်ပြာလို ဟာမျိုးလေး တွေလည်း သုံးလို့ ရပါတယ်။ နေ့စဉ် မိတ်ကပ်လိမ်းတဲ့ အမျိုးသမီးတွေ အနေနဲ့ ညရောက်ရင် မျက်နှာသစ်ရုံ အပြင် မိတ်ကပ် ဖျက်ဆေးကိုပါ သုံးသင့်ပါတယ်။ ချွေးပေါက် အရမ်းကို ပိတ်စေတဲ့ အလှပြင် ပစ္စည်းတွေကို ဝက်ခြံပေါက်သူတွေ အနေနဲ့ ရှောင်ကျဉ်သင့်ပါတယ်။ အဆီ အခြေခံတဲ့ ပစ္စည်းထက် ရေအခြေခံတဲ့ ပစ္စည်း မျိုးကို သုံးသင့်ပါတယ်။ သဘာဝပစ္စည်းပဲဖြစ်စေ၊ ဓာတုဗေဒ နဲ့ ဖော်စပ်ထားတဲ့ ပစ္စည်းပဲဖြစ်စေ မပျင်းဘူး။ ဝက်ခြံ မပေါက်ဘူး သေချာလည်း စမ်းသပ်မှု လုပ်ထားတယ်၊ လူသိများတယ်၊ ကိုယ်နဲ့လည်း အဆင်ပြေမယ့်  ပစ္စည်းမျိုးကို သုံးသင့်ပါတယ်။

ဝက်ခြံပေါက်သူတွေ ဘယ်လို စားသောက်ရမလဲ
အစား အသောက်နဲ့ ဝက်ခြံနဲ့ ယေဘုယျ မပတ်သက်ဘူးလို့     ပြောလို့ ရတယ်။ တစ်ချို့တွေက အခုနောက်ပိုင်း အချိုစားတာ အရမ်းများတယ် ဆိုရင် ဝက်ခြံ နည်းနည်း ပိုထွက်တယ်လို့ လေ့လာမှု အချို့က ဆိုတယ်။ ဝက်ခြံပေါက်နေသူ တစ်ယောက်က အစားအသောက် စားတဲ့အခါမှာ ကိုယ်ခန္ဓာ အတွက် ကျန်းမာ မျှတတဲ့ အစာ အာဟာရ ပုံမှန်အတိုင်း စားလို့ရပါတယ်။

ဝက်ခြံဘာကြောင့်ပေါက်လဲ
အိပ်ရေးပျက်ရင် စိတ်ဖိစီးမှုများတယ်။ စိတ်ဖိစီး မှုများရင် Stress ဟော်မုန်းဆိုတာ ထွက်တယ်။ အဲStress ဟော်မုန်းက အဆီအိပ်တွေကို နိုးဆွတယ်။ အဆီအိတ် တွေကနေ ဝက်ခြံပေါက်တယ်။ စိတ်ဖိစီးမှု များရင်လည်း ဝက်ခြံပေါက်တယ် အိပ်ရေးပျက်ရင်လည်း ဝက်ခြံပေါက်တယ်။ တစ် ယောက်နဲ့ တစ်ယောက်တော့ မတူဘူးလေ။

ဝက်ခြံပေါက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ
ဝက်ခြံကို တတ်နိုင်သလောက် ဆရာဝန်တွေက မညှစ်ဖို့ ညွှန်ကြားတယ်။ ညှစ်တယ်ဆို ဝက်ခြံ အလုံးကြီးက ပျောက်သွားတဲ့ အတွက် လောလောဆယ်တော့ ပျောက်တယ်လို့ စိတ်ထဲမှာ ထင်လိုက်ရတယ်။ တကယ်တော့ မဟုတ်ဘူး။ ညှစ်ထုတ်လိုက်တဲ့ အတွက် အပြင်ကို ထွက်သွားသလို အဲဒီ ဝက်ခြံလုံး ထဲမှာရှိတဲ့ မသန့်တဲ့ ဆဲလ်တွေ၊ ပိုးတွေ၊ ပြည်တွေ အဲဒါတွေက အတွင်းထဲကိုလည်း တစ်ချို့ဝင် သွားတယ်။ အဲဒီဝင် သွားတဲ့ ဟာတွေက တစ်ချို့ကျရင် အသစ်ပြန် ပေါက်လာနိုင်တယ် နောက်ပြီး ညှစ်ပြီးသား အဖုကလည်း အပေါ်ယံ အနာဖေးကွာ သွားရင် အမာရွတ် ကျန်တယ်။ အခန့် မသင့်လို့ ညှစ်တဲ့ လက်က မသန့်ရင် ပိုးတွေဘာတွေ ထပ်ဝင်ပြီး ရောင်ရမ်းတာတို့၊ ပိုးကူး စက်တာ တို့ထပ် ဖြစ်တတ်တယ်။ အထူးသဖြင့် ပါးစပ် အပေါ်ဘက်၊ နှာခေါင်း တစ်ဝိုက်၊ နှာရိုး တစ်ဝိုက် နေရာ ဖြစ်ပါတယ်။ မျက်လုံး အောက်ဘက်၊ ပါးစပ် အပေါ်ဘက် အလည်ပိုင်း နေရာက နှာခေါင်းက အမြှေးပါးတွေက တစ်ဆင့် ဦးနှောက်ကို တိုက်ရိုက်သွားတာ။ အဲနေရာ တစ်ဝိုက်မှာ ဝက်ခြံပေါက် နေတယ် ပြည်တွေ တည်နေတယ်။ ပြည်တည်တယ် ဆိုတာ အသားအရေ ပျက်စီးနေတာ။ ပိုးတွေဝင်နေလို့ ညှစ်လိုက်ရင် အဲဒီပိုးတွေ အပြင်ကို ထွက်သလိုမျိုး အတွင်းကိုလည်း ဝင်သွားတယ်။ ဝင်သွားတဲ့ အခါ နှာခေါင်းက  အနံ့ခံတဲ့ အာရုံကြောလို နေရာက တစ်ဆင့် ဦးနှောက်ထဲကို တိုက်ရိုက် ဝင်သွားလို့ ရတယ်။ အဲအခါကျရင် ဦးနှောက်ထဲကို ပိုးပျံ့နှံ့ပြီး သွေးဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။

ဘယ်ဝက်ခြံ အများဆုံး ပိုပေါက်လဲ
ဆားဝက်ခြံ၊ ရောင်ရမ်းတဲ့ ဝက်ခြံ၊ ဝက်ခြံ အပြင်းစား ဝက်ခြံဆိုပြီး (၃)မျိုး ရှိတယ်။ ဆားဝက်ခြံက ရောင်ရမ်းမှု မရှိဘူး၊ အဖု သေးသေးလေးတွေ၊ အမဲစက် သေးသေးလေးတွေ၊ တစ်ချို့က အဖြူရောင် အလုံးလေးတွေ အဲတာကို ဆားဝက်ခြံလို့ ခေါ်တယ်။ ဆားဝက်ခြံ ကနေပြီး အနီရောင် အဖုတွေ ဖြစ်လာတယ်။ အဲမှာမှ ပိုးဝင်ရင် ပြည်တယ်တဲ့ ဝက်ခြံ ဖြစ်လာတယ်။ အဲတာဆို ပြည်ဖုတွေ ဘာတွေ တွေ့ရတယ်။ အဲလို ဝက်ခြံမျိုးကို ရောင်ရမ်းတဲ့ ဝက်ခြံလို့ ခေါ်တယ်။ အပြင်းစား ဝက်ခြံက မျက်နှာ တစ်ခုလုံး မှာလည်း ဆားဝက်ခြံ တွေရော၊ ရောင်ရမ်းတာ တွေရော၊ ပြည်ဖုတွေရော၊ အရည်တွေထွက် နေရာရော မျက်နှာတွင် မကဘူး ရင်ဘတ်တွေ ကျောတွေမှာ အထိပါ ဝက်ခြံ ပြင်းပြင်းတွေ ပေါက် နေတာကို ဝက် ခြံ အပြင်းစား မျိုးလို့ခေါ်တယ်။ လူအများစုက ဆားဝက်ခြံရယ်၊ နည်းရောင်ရမ်းတဲ့ ဝက်ခြံရယ်ပေါင်း ပြီးပေါက်တာ များတယ်။

Credit: Tomorrow News Journal
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top