iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္ေတာ္ ကေလး ဘ၀အရြယ္တံုးက အျဖစ္အပ်က္ေလးတစ္ခုပါ ။ ဆင္းရဲႏြမ္းပါးတဲ့ ကၽြန္ေတာ္တို႕မိသားစု မွာ ေန႔စဥ္ထမင္းနပ္မွန္ေအာင္ စားဖို႔ေတာင္ မေသခ်ာတဲ့ေန႔ေတြရွိခဲ့တယ္ ။

ဒါေပမဲ့ အေမ ကေတာ့ မၾကာခဏ သူ႕ပန္းကန္ထဲက ထမင္းေတြကိုယူယူၿပီး ကၽြန္ေတာ့္ထဲ အၿမဲထည့္ထည့္ေပးတတ္တယ္ ။ ၿပီးရင္ အေမ ေျပာတဲ့ စကားတစ္ခြန္းရွိတယ္ ။ “စား .. ငါ့သား အေမ သိပ္မဆာဘူး..” ။

အဲ့ဒါ ကၽြန္ေတာ္ သိတတ္စအရြယ္က အေမ့ ရဲ႕ ပထမဆံုး မုသား စကားေလးပါ ။


ကၽြန္ေတာ္ နည္းနည္းအရြယ္ေရာက္လာေတာ့ ပိန္လွီေသးေကြးရွာတဲ့ ကၽြန္ေတာ့္ကို အာဟာရဓါတ္ျပည့္၀ေစခ်င္တဲ့စိတ္နဲ႔ အိမ္ေဘးနားက ျမစ္ကမ္းနံေဘးမွာ အေမရယ္ ကၽြန္ေတာ္ရယ္ ငါးသြားမွ်ားတယ္ ။ အဲ့ဒီေန႔က ငါးႏွစ္ေကာင္မိေတာ့ အေမ ငါးဟင္းခ်ိဳလုပ္တုိက္တယ္ ။

ကၽြန္ေတာ္ ဟင္းခ်ိဳ  ကို အားရပါးရေသာက္ေနတံုး အေမက ကၽြန္ေတာ့္ေဘးကေနထုိင္ၾကည့္ၿပီး ၾကည္ႏူးမႈအျပည့္နဲ႔ ။ တခါတေလ ကၽြန္ေတာ္ စားထားတဲ့ အၾကြင္းအက်န္ ငါးရိုးေလးေတြ ယူစားတယ္။ ဒါကို ျမင္ၿပီး ကၽြန္ေတာ္ စိတ္မေကာင္းေတာ့ ငါးအသားေလးဖဲ့ၿပီး အေမ့ကို ေကၽြးတယ္။ အေမမစားဘူး ။ ၿပီးေတာ့ ေျပာတယ္ ။ “စား .. ငါ့သား ..အေမ ငါး သိပ္မႀကိဳက္ဘူး..”

အဲ့ဒါ အေမ့ရဲ႕ ဒုတိယေျမာက္ မုသား ။


ကၽြန္ေတာ္ ေက်ာင္းေနရမဲ့ အရြယ္ေရာက္ၿပီ။ အေမက မီးျခစ္ဆံထုတ္လုပ္တဲ့ စက္ရံုတစ္ခုမွာ မီးျခစ္ဆံျဖည့္တဲ့ အလုပ္ေလးယူလုပ္တယ္ ။ ညဘက္အိမ္ယူၿပီး လုပ္ရတာဆိုေတာ့ ကၽြန္ေတာ့္ကိုလဲ ေစာင့္ေရွာက္ ၾကည့္ရႈႏုိင္ေသးလုိ႔ အေမသေဘာက်တယ္ ။

တည ကၽြန္ေတာ္ ႏုိးလာတဲ့အခ်ိန္ (ေတာ္ေတာ္ညဥ့္နက္ ေနာက္က်ေနၿပီ) အေမ ဖေယာင္းတုိင္မီးေလးထြန္းၿပီး ဗူးေလးေတြထဲကို မီးျခစ္ဆံျဖည့္တဲ့အလုပ္ေတြ လုပ္ေနတံုးပဲ။ “အေမ .. အရမ္းမိုးခ်ဳပ္ေနၿပီ၊ အိပ္ပါေတာ့။ မနက္မွ ဆက္လုပ္လို႔ရတာပဲ” လို႕ ကၽြန္ေတာ္ေျပာေတာ့ အေမကၿပံဳးၿပီး ျပန္ေျပာတယ္ ။ “သြားအိပ္ ငါ့သား .. အေမ အိပ္ခ်င္စိတ္မရွိေသးလို႔ ဆက္လုပ္ လုိက္ဦးမယ္” တဲ့ ။
 
အေမ့ရဲ႕ တတိယေျမာက္ မုသား စကားေလးပါ ။

တခါတံုးက ကၽြန္ေတာ္ အတန္းတင္စာေမးပြဲေျဖတဲ့ေန႔႔မွာ အေမ ကၽြန္ေတာ့္ကို လုိက္ပို႔ၿပီး အခန္းအျပင္ဘက္တေနရာက ထုိင္ေစာင့္တယ္။ ပူျပင္းလွတဲ့ေနေရာင္ဒဏ္ကို သိပ္အကာအကြယ္မေပးႏုိင္ရွာတဲ့ ေနရာ တစ္ခုမွာ နာရီေပါင္းမ်ားစြာ အေမ ကၽြန္ေတာ့္ကို ထုိင္ေစာင့္တယ္ ။

စာေမးပြဲၿပီးၿပီးခ်င္း အေမ့ဆီ ကၽြန္ေတာ္ အေျပးအလႊားသြားတယ္ ။ အေမ ကၽြန္ေတာ့္ကိုဖက္ထားၿပီး အသင့္ျပင္ဆင္လာတဲ့ အခ်ိဳရည္ ေအးေအးေလးတခြက္ တုိက္တယ္ ။ တကိုယ္လံုးေခၽြးေတြရႊဲေနရွာတဲ့ အေမ့ကို ျမင္ေတာ့ ကၽြန္ေတာ္ စိတ္မေကာင္းဘူး ။ “အေမလဲ ေသာက္ဦးေလ” လို႔ ေျပာေတာ့ အေမ့ထံုးစံအတုိင္း “ငါ့သားပဲ ေသာက္ပါ။ အေမ ေရမဆာဘူး” တဲ့ ။

အဲ့ဒါ အေမ ရဲ႕စတုတၳေျမာက္ မုသား စကားတစ္ခြန္း ။


သိပ္မၾကာခင္ အေဖဆံုးတယ္ ။ အတန္းႀကီးလာၿပီျဖစ္တဲ့ ကၽြန္ေတာ္တို႔ပညာေရးနဲ႔ အိမ္ကိစၥက အေမ့တာ၀န္လံုးလံုးျဖစ္ၿပီ။ အေမ အျပင္ထြက္အလုပ္လုပ္ၿပီး ေငြရွာရေတာ့ အိမ္မွာက်န္ခဲ့တဲ့ ကၽြန္ေတာ္တုိ႔ေတြ ငတ္တလွည့္ ျပတ္တလွည့္။

မိသားစု အေျခအေနဆုိးသထက္ဆုိးတာ ျမင္လာတဲ့ အိမ္နားက အေမ့မိတ္ေဆြက ကၽြန္ေတာ္တုိ႕ကို ရံဖန္ရံခါ လာေစာင့္ေရွာက္တယ္ ။ ပတ္၀န္းက်င္က အေမ့ကို သူနဲ႔ပဲ ေနာက္ အိမ္ေထာင္တစ္ခုထူလုိက္ဖုိ႔ တုိက္တြန္းၾကတယ္ ။ အေမ ခပ္ျပတ္ျပတ္ျငင္းဆုိၿပီး အခုိင္အမာ စကားတစ္ခြန္းဆိုတယ္ ..”ကၽြန္မဘ၀အတြက္ ကၽြန္မကေလးေတြရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ လုံေလာက္တယ္..” တဲ့ ။

အေမ့ရဲ႕ ပဥၥမေျမာက္မုသား။

ကၽြန္ေတာ္ ေက်ာင္းၿပီးသြားေတာ့ အလုပ္ကေလးတစ္ခုရတယ္ ။ ကၽြန္ေတာ္က အေမ့ကို အနားယူေစခ်င္ၿပီ။ ဒါေပမဲ့ အေမ လက္မခံဘူး ။ မနက္မနက္ ေစ်းထဲသြားၿပီး ဟင္းသီးဟင္းရြက္ေတြေရာင္းတံုးပဲ။ ကၽြန္ေတာ္ပို႔တဲ့ပုိက္ဆံေတြ ကၽြန္ေတာ့္ဆီ ျပန္ျပန္ပို႔ၿပီး “အေမ့ဆီ မပို႔နဲ႔ ငါ့သား ။ အေမ့မွာ လံုေလာက္တယ္ .. သားဘာသာစုထား” တ့ဲ ။

အေမ .. ဆဌမေျမာက္ မုသား ကို ေျပာတယ္ ။


ေနာက္ ကၽြန္ေတာ္ မာစတာဒီဂရီကို အခ်ိန္ပိုင္းဆက္ေလ့လာေနတဲ့အခ်ိန္ အေတာ္အတန္ႀကီးတဲ့အေမရိကန္ကုမၸဏီတစ္ခုမွာ အလုပ္ရတယ္ ။ ေက်ာင္းၿပီးၿပီးခ်င္း ကၽြန္ေတာ့္လစာတိုးေတာ့ အေမ့ကိုကၽြန္ေတာ္နဲ႔ အတူ အေမရိကားမွာပဲ ေပ်ာ္ရႊင္စရာေကာင္းတဲ့ဘ၀ကို ျဖတ္သန္းေစခ်င္တယ္ ။

ဒါေပမဲ့ အေမ က ကၽြန္ေတာ့္ဘ၀ကို သူ႕အတြက္နဲ႔ တာ၀န္အပိုေတြ မရွိေစခ်င္ဘူး ။ အေမကေျပာတယ္ ..”အဲ့ဒီလို ဘ၀ႀကီးမွာ အေမ ေနတတ္မွာ မဟုတ္ပါဘူး သားရယ္ ..” တဲ့ ။

အေမရဲ႕ သတၱမေျမာက္ မုသား စကား ေလးတစ္ခြန္းေပါ့ ။


ဇရာကေထာင္း၊ ပင္ပန္းမႈအေပါင္းခါးစည္းရင္ဆုိင္ခဲ့ရတဲ့ အေမ .. အရြယ္ေတာ္ေတာ္က်ခဲ့ၿပီ ။ ေလာကဓံက ထပ္ရက္စက္တယ္ ။ ကင္ဆာေရာဂါနဲ႔ ေဆးရံုတက္ေနရခ်ိန္ အေမ့ရဲ႕ေနာက္ဆံုးေန႔ရက္ေတြမွာ ကၽြန္ေတာ္ (ဘာဆုိဘာမွ ထည့္တြက္မေနပဲ အားလံုးကို ပစ္ထားခဲ့ၿပီး) အေမ့အနားကို ျပန္လာခဲ့တယ္ ။

အေမ ေ၀ဒနာကို အလူးအလဲ ခံစားရခ်ိန္ေတြမွာ အေမ့ကို ၾကည့္ၿပီး ကၽြန္ေတာ္ မ်က္ရည္ေတြ မထိန္းႏုိင္ခဲ့ဘူး ။ အေမမျမင္ေအာင္ ဂရုစုိက္ေနေပမဲ့လဲ တခါတေလ ေတြ႕ျမင္သြားတဲ့အေမက အားတင္းႀကိဳးစားၿပံဳးၿပီး ေျပာတယ္ .. “မငိုနဲ႔ ငါ့သား .. အေမ အရမ္း နာနာက်င္က်င္မခံစားရပါဘူး ..”တဲ့ ။

အဲ့ဒီလို အဌမေျမာက္ မုသား ကို ေျပာၿပီး အေမ လူ႕ေလာကထဲက ထြက္ခြါသြားခဲ့တယ္ ။


အၾကြင္းမဲ့ေမတၱာေတာ္နဲ႔ ကၽြန္ေတာ့္ဘ၀ရဲ႕ မာတာမိခင္ဟာ သားသမီးမ်ားအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာအတြက္ (တာ၀န္ေက်ပြန္စြာနဲ႔) သူ႕ကုိယ္သူအနစ္နာခံတဲ့ မုသားစကား လံုးေလးေတြသံုးၿပီး ေလာကအလယ္မွာ ကၽြန္ေတာ္တုိ႕ကို စိတ္ခ်လက္ခ် ခ်န္ထားႏႈတ္ဆက္သြားခဲ့ပါၿပီ ။

ကၽြန္ေတာ္တုိ႕ကေရာ အဲ့ဒီလို မိခင္ ေတြရဲ႕ ရင္းႏွီးေပးဆပ္ခဲ့တဲ့ ဘ၀ေတြအတြက္ ထိုက္ထုိက္တန္တန္ ျပန္ေပးဆပ္ခဲ့ပါသလား ။ ခုခ်ိန္ ကၽြန္ေတာ့္ ရင္ထဲက အေမးစကားကို အေမ ၾကားရင္ န၀မေျမာက္ မုသား စကားတစ္ခြန္းကို ဆုိေလဦးမလားလို႔ ကၽြန္ေတာ္ ၀မ္းပန္းတနည္း ေတြးေနမိတယ္ ။

Credit:kanaung
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version
ကျွန်တော် ကလေး ဘဝအရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစု မှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။

ဒါပေမဲ့ အမေ ကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေ ပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ “စား .. ငါ့သား အမေ သိပ်မဆာဘူး..” ။

အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ ရဲ့ ပထမဆုံး မုသား စကားလေးပါ ။

ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ် ။ အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချိုလုပ်တိုက်တယ် ။

ကျွန်တော် ဟင်းချို  ကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ ။ တခါတလေ ကျွန်တော် စားထားတဲ့ အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။ အမေမစားဘူး ။ ပြီးတော့ ပြောတယ် ။ “စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး..”

အဲ့ဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား ။

ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။

တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဉ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင်မီးလေးထွန်းပြီး ဗူးလေးတွေထဲကို မီးခြစ်ဆံဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ “အမေ .. အရမ်းမိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ” လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ် ။ “သွားအိပ် ငါ့သား .. အမေ အိပ်ချင်စိတ်မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်” တဲ့ ။


အမေ့ရဲ့ တတိယမြောက် မုသား စကားလေးပါ ။

တခါတုံးက ကျွန်တော် အတန်းတင်စာမေးပွဲဖြေတဲ့နေ့မှာ အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက်တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့နေရောင်ဒဏ်ကို သိပ်အကာအကွယ်မပေးနိုင်ရှာတဲ့ နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ် ။

စာမေးပွဲပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှားသွားတယ် ။ အမေ ကျွန်တော့်ကိုဖက်ထားပြီး အသင့်ပြင်ဆင်လာတဲ့ အချိုရည် အေးအေးလေးတခွက် တိုက်တယ် ။ တကိုယ်လုံးချွေးတွေရွှဲနေရှာတဲ့ အမေ့ကို မြင်တော့ ကျွန်တော် စိတ်မကောင်းဘူး ။ “အမေလဲ သောက်ဦးလေ” လို့ ပြောတော့ အမေ့ထုံးစံအတိုင်း “ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး” တဲ့ ။

အဲ့ဒါ အမေ ရဲ့စတုတ္ထမြောက် မုသား စကားတစ်ခွန်း ။

သိပ်မကြာခင် အဖေဆုံးတယ် ။ အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။ အမေ အပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။

မိသားစု အခြေအနေဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ် ။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေ ခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် ..”ကျွန်မဘဝအတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်..” တဲ့ ။

အမေ့ရဲ့ ပဉ္စမမြောက်မုသား။

ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး ။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတုံးပဲ။ ကျွန်တော်ပို့တဲ့ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး “အမေ့ဆီ မပို့နဲ့ ငါ့သား ။ အမေ့မှာ လုံလောက်တယ် .. သားဘာသာစုထား” တဲ့ ။

အမေ .. ဆဌမမြောက် မုသား ကို ပြောတယ် ။

နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အချိန် အတော်အတန်ကြီးတဲ့အမေရိကန်ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ် ။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာတိုးတော့ အမေ့ကိုကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဖြတ်သန်းစေချင်တယ် ။

ဒါပေမဲ့ အမေ က ကျွန်တော့်ဘဝကို သူ့အတွက်နဲ့ တာဝန်အပိုတွေ မရှိစေချင်ဘူး ။ အမေကပြောတယ် ..”အဲ့ဒီလို ဘဝကြီးမှာ အမေ နေတတ်မှာ မဟုတ်ပါဘူး သားရယ် ..” တဲ့ ။

အမေရဲ့ သတ္တမမြောက် မုသား စကား လေးတစ်ခွန်းပေါ့ ။

ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်းခါးစည်းရင်ဆိုင်ခဲ့ရတဲ့ အမေ .. အရွယ်တော်တော်ကျခဲ့ပြီ ။ လောကဓံက ထပ်ရက်စက်တယ် ။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကို ပြန်လာခဲ့တယ် ။

အမေ ဝေဒနာကို အလူးအလဲ ခံစားရချိန်တွေမှာ အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ။ အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လဲ တခါတလေ တွေ့မြင်သွားတဲ့အမေက အားတင်းကြိုးစားပြုံးပြီး ပြောတယ် .. “မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင်မခံစားရပါဘူး ..”တဲ့ ။

အဲ့ဒီလို အဌမမြောက် မုသား ကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ် ။

အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘဝရဲ့ မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့) သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကား လုံးလေးတွေသုံးပြီး လောကအလယ်မှာ ကျွန်တော်တို့ကို စိတ်ချလက်ချ ချန်ထားနှုတ်ဆက်သွားခဲ့ပါပြီ ။

ကျွန်တော်တို့ကရော အဲ့ဒီလို မိခင် တွေရဲ့ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘဝတွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။ ခုချိန် ကျွန်တော့် ရင်ထဲက အမေးစကားကို အမေ ကြားရင် နဝမမြောက် မုသား စကားတစ်ခွန်းကို ဆိုလေဦးမလားလို့ ကျွန်တော် ဝမ်းပန်းတနည်း တွေးနေမိတယ် ။

Credit:kanaung
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top