iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတရံမွာ ေယာကၤ်ားေလးတစ္ေယာက္ ဘာေတြေတြးေနလဲ၊ဘာေတြခံစားေနသလဲဆုိတာကုိ အလြယ္တကူ အကဲခတ္လုိ႕မရႏုိင္ပါဘူး။မိန္းကေလးအမ်ားစုဟာ တစ္ခါတရံမွာ ေယာကၤ်ားေလး တစ္ေယာက္က သူတုိ႕အေၾကာင္းေတြးေနၾကတယ္လုိ႕ထင္ၾကေပမဲ့ လြဲသြားတတ္ပါတယ္။ဒါေပမဲ့ေယာကၤ်ားေလးေတြရဲ႕ ကိုယ္လက္အမူအရာ မ်က္ႏွာရိပ္ကဲ(body language) ကုိ ၾကည့္ျပီး သူတုိ႕ဘာေတြေတြးေနသလဲဆုိတာကုိ သိရွိႏုိင္ပါတယ္္။တစ္ခါတရံမွာ မိန္းကေလးတစ္ေယာက္နဲ႕ ေယာကၤ်ားေလးတစ္ေယာက္ မထင္မွတ္ဘဲ မ်က္လုံးခ်င္းဆုံ တတ္ၾကေပမဲ့ ေယာကၤ်ားေလးတစ္ေယာက္က သင့္ကုိ ရည္ရြယ္ခ်က္ရွိရွိနဲ႕ မ်က္လုံးခ်င္းဆုံေအာင္လုိက္ၾကည့္ေနမယ္ဆုိရင္ ဘယ္လုိအဓိပၸါယ္ရသလဲ ဆုိတဲ့ အခ်က္ေလးေတြကုိေဖာ္ျပလုိက္ပါတယ္။

၁။ သင့္ရဲ႕ မ်က္လုံးကုိ သူတုိ႕သေဘာက်တဲ့ အတြက္ေၾကာင့္။

သင္မွာ သိသာထင္ရွားျပီးလွပတဲ့ မ်က္လုံးတစ္စုံရွိေနရင္ ေယာကၤ်ားေလးမ်ားက မ်က္လုံးခ်င္းဆုံေအာင္လုိက္ၾကည့္တတ္ပါတယ္။ဒါေၾကာင့္ သင့္မ်က္လုံးက အရမ္းေတာက္ပေနတယ္ဆုိရင္ ေယာကၤ်ားေလးမ်ား သင့္မ်က္လုံးကုိ ၾကည့္တာဟာ လွလုိ႕ၾကည့္တာသာ ျဖစ္ပါတယ္။

၂။ သင့္က ဆြဲေဆာင္မႈရွိတယ္လုိ႕ သူတုိ႕ထင္ၾကတယ္။

ေယာကၤ်ားေလးတစ္ေယာက္က သင့္မ်က္လုံးကုိ စုိက္ၾကည့္ျခင္းရဲ႕ ေနာက္အဓိပၸါယ္တစ္ခုဟာ သင္က ဆြဲေဆာင္မႈရွိတယ္လို႕ ထင္ၾကလုိ႕ျဖစ္ပါတယ္။လူအမ်ားစုဟာ သူတုိ႕ႏွစ္သက္သေဘာက်တဲ့ လူေတြနဲ႕ မ်က္လုံးခ်င္းဆုံဖုိ႕ၾကဳိးစားတတ္ၾကပါတယ္။

၃။ သင့္ကုိ ႏွစ္သက္လုိ႕ျဖစ္ပါတယ္။

သိသာတဲ့အခ်က္ေတာ့ ေရာက္လာပါျပီ။ေယာကၤ်ားေလးတစ္ေယာက္က သင့္ကုိ ႏွစ္သက္ေနမယ္ဆိုရင္ သူက သင့္နဲ႕ မ်က္လုံးခ်င္းဆုံဖို႕ၾကဳိးစားပါလိမ့္မယ္။မိန္းကေလးတစ္ေယာက္ အေနနဲ႕ ေယာကၤ်ားေလးတစ္ေယာက္က သူ႕ကုိ ႏွစ္သက္ေနရင္ ပင္ကိုယ္စိတ္အရကုိ အလုိလုိသိေနႏုိင္ျပီးေတာ့ သင္နဲ႕နီးကပ္ဖုိ႕ၾကဳိးစားေနလား၊သင့္ကို ဘာစကားေတြေျပာလဲ၊ပုဂၢဳလဆုိင္ရာေမးခြန္းေတြေမးလား စတဲ့ အခ်က္ေတြကုိ ၾကည့္ျပီးေတာ့လည္း အကဲ ျဖတ္ႏုိင္ပါတယ္။

၄။သင္နဲ႕ မ်က္လုံးခ်င္းဆုံေအာင္ပဲၾကည့္တယ္။

သင္ဟာ တကယ္လို႕ အရမ္းတုိတဲ့စကပ္၊ဒါမွမဟုတ္ အရမ္းဟုိက္တဲ့ T- Shirt ၀တ္လာမယ္ဆုိရင္ သင္ကုိ နွစ္သက္ေနတဲ့ ေယာကၤ်ားေလးဟာ အဲ့ဒီအပုိင္းေတြကုိ သိပ္မၾကည့္ပဲ သင္နဲ႕ မ်က္လုံးခ်င္းဆုံေအာင္ပဲၾကည့္တတ္ပါတယ္။ဒီအဓိပၸါယ္ဟာ သူက လူၾကီးလူေကာင္းတစ္ေယာက္ ျဖစ္ေၾကာင္း သင္ကုိ ျပသေနျခင္းပဲ ျဖစ္ပါတယ္။

၅။ ေယာကၤ်ားေလးေတြဟာ သင့္အေပၚဘာစိတ္မွမရွိဘဲ ယဥ္ေက်းတဲ့ သူေတြသာျဖစ္တယ္။

စကား၀ုိင္းတစ္ခုမွာ စကာေျပာတဲ့လူနဲ႕ နားေထာင္တဲ့ လူအခ်င္းခ်င္း မ်က္လုံးျခင္းဆုံျပီး စကားေျပာတယ္ဆုိတာ ယဥ္ေက်းတယ္လုိ႕ယူဆၾကပါတယ္။တစ္ေယာက္ေယာက္ စကားေျပာေနစဥ္ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္တာဟာ မွန္ကန္တဲ့ အရာတစ္ခုျဖစ္ျပီး ေယာကၤ်ားေလးတစ္ေယာက္က သင္စကားေျပာေနစဥ္မွာ သင္နဲ႕ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ေနရင္ သူဟာတျခားဘာစိတ္မွမရွိဘဲ စကား၀ုိင္းမွာ ယဥ္ေက်းတဲ့ သူတစ္ေယာက္လုိ႕လည္း ယူဆလုိ႕ရပါတယ္။

၆။ သူ႕အေပၚသင္ရဲ႕ထင္ျမင္ခ်က္ပုိေကာင္းေအာင္ၾကဳိးုစားေနျခင္းလည္း ျဖစ္ပါတယ္။

ကၽြန္ေတာ္တုိ႕နဲ႕ ေပါင္းသင္းဆက္ဆံေရးမွာ ပုိျပီး ရင္းနွီးလုိဟန္ျပတဲ့ လူေတြကုိ ကၽြန္ေတာ္တုိ႕ ပုိနွစ္သက္ တတ္ျပီး တကယ္လုိ႕ ေယာကၤ်ားေလးတစ္ေယာက္က ၾကာရွည္တဲ့ မ်က္လုံးခ်င္းဆုံေအာင္ၾကဳိးုစားေနတယ္ဆုိရင္ အဆုိပါ ေယာကၤ်ားေလးက သင္က သူ႕ကုိ ပုိျပီး ၾကာရွည္စြာ မွတ္မိေစေနခ်င္တဲ့ အတြက္ျဖစ္ပါတယ္။အကယ္၍ ေယာကၤ်ားေလးတစ္ေယာက္က သင္နဲ႕ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ဖုိ႕ၾကဳိးစားေနျပီဆုိရင္ သင့္အေနနဲ႕ေကာက္ခ်က္ခ် မေစာသင့္ပဲ သူရဲ႕ တျခားေသာ Body Language မ်ားကုိလည္း ေလ့လာျပီး အကဲျဖတ္သင့္ပါတယ္။

Credit:Shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
တစ်ခါတရံမှာ ယောင်္ကျားလေးတစ်ယောက် ဘာတွေတွေးနေလဲ၊ဘာတွေခံစားနေသလဲဆိုတာကို အလွယ်တကူ အကဲခတ်လို့မရနိုင်ပါဘူး။မိန်းကလေးအများစုဟာ တစ်ခါတရံမှာ ယောင်္ကျားလေး တစ်ယောက်က သူတို့အကြောင်းတွေးနေကြတယ်လို့ထင်ကြပေမဲ့ လွဲသွားတတ်ပါတယ်။ဒါပေမဲ့ယောင်္ကျားလေးတွေရဲ့ ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ(body language) ကို ကြည့်ပြီး သူတို့ဘာတွေတွေးနေသလဲဆိုတာကို သိရှိနိုင်ပါတယ်။တစ်ခါတရံမှာ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက် မထင်မှတ်ဘဲ မျက်လုံးချင်းဆုံ တတ်ကြပေမဲ့ ယောင်္ကျားလေးတစ်ယောက်က သင့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ မျက်လုံးချင်းဆုံအောင်လိုက်ကြည့်နေမယ်ဆိုရင် ဘယ်လိုအဓိပ္ပါယ်ရသလဲ ဆိုတဲ့ အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။

၁။ သင့်ရဲ့ မျက်လုံးကို သူတို့သဘောကျတဲ့ အတွက်ကြောင့်။

သင်မှာ သိသာထင်ရှားပြီးလှပတဲ့ မျက်လုံးတစ်စုံရှိနေရင် ယောင်္ကျားလေးများက မျက်လုံးချင်းဆုံအောင်လိုက်ကြည့်တတ်ပါတယ်။ဒါကြောင့် သင့်မျက်လုံးက အရမ်းတောက်ပနေတယ်ဆိုရင် ယောင်္ကျားလေးများ သင့်မျက်လုံးကို ကြည့်တာဟာ လှလို့ကြည့်တာသာ ဖြစ်ပါတယ်။

၂။ သင့်က ဆွဲဆောင်မှုရှိတယ်လို့ သူတို့ထင်ကြတယ်။

ယောင်္ကျားလေးတစ်ယောက်က သင့်မျက်လုံးကို စိုက်ကြည့်ခြင်းရဲ့ နောက်အဓိပ္ပါယ်တစ်ခုဟာ သင်က ဆွဲဆောင်မှုရှိတယ်လို့ ထင်ကြလို့ဖြစ်ပါတယ်။လူအများစုဟာ သူတို့နှစ်သက်သဘောကျတဲ့ လူတွေနဲ့ မျက်လုံးချင်းဆုံဖို့ကြိုးစားတတ်ကြပါတယ်။

၃။ သင့်ကို နှစ်သက်လို့ဖြစ်ပါတယ်။

သိသာတဲ့အချက်တော့ ရောက်လာပါပြီ။ယောင်္ကျားလေးတစ်ယောက်က သင့်ကို နှစ်သက်နေမယ်ဆိုရင် သူက သင့်နဲ့ မျက်လုံးချင်းဆုံဖို့ကြိုးစားပါလိမ့်မယ်။မိန်းကလေးတစ်ယောက် အနေနဲ့ ယောင်္ကျားလေးတစ်ယောက်က သူ့ကို နှစ်သက်နေရင် ပင်ကိုယ်စိတ်အရကို အလိုလိုသိနေနိုင်ပြီးတော့ သင်နဲ့နီးကပ်ဖို့ကြိုးစားနေလား၊သင့်ကို ဘာစကားတွေပြောလဲ၊ပုဂ္ဂုလဆိုင်ရာမေးခွန်းတွေမေးလား စတဲ့ အချက်တွေကို ကြည့်ပြီးတော့လည်း အကဲ ဖြတ်နိုင်ပါတယ်။

၄။သင်နဲ့ မျက်လုံးချင်းဆုံအောင်ပဲကြည့်တယ်။

သင်ဟာ တကယ်လို့ အရမ်းတိုတဲ့စကပ်၊ဒါမှမဟုတ် အရမ်းဟိုက်တဲ့ T- Shirt ဝတ်လာမယ်ဆိုရင် သင်ကို နှစ်သက်နေတဲ့ ယောင်္ကျားလေးဟာ အဲ့ဒီအပိုင်းတွေကို သိပ်မကြည့်ပဲ သင်နဲ့ မျက်လုံးချင်းဆုံအောင်ပဲကြည့်တတ်ပါတယ်။ဒီအဓိပ္ပါယ်ဟာ သူက လူကြီးလူကောင်းတစ်ယောက် ဖြစ်ကြောင်း သင်ကို ပြသနေခြင်းပဲ ဖြစ်ပါတယ်။

၅။ ယောင်္ကျားလေးတွေဟာ သင့်အပေါ်ဘာစိတ်မှမရှိဘဲ ယဉ်ကျေးတဲ့ သူတွေသာဖြစ်တယ်။

စကားဝိုင်းတစ်ခုမှာ စကာပြောတဲ့လူနဲ့ နားထောင်တဲ့ လူအချင်းချင်း မျက်လုံးခြင်းဆုံပြီး စကားပြောတယ်ဆိုတာ ယဉ်ကျေးတယ်လို့ယူဆကြပါတယ်။တစ်ယောက်ယောက် စကားပြောနေစဉ် မျက်လုံးချင်းဆုံအောင်ကြည့်တာဟာ မှန်ကန်တဲ့ အရာတစ်ခုဖြစ်ပြီး ယောင်္ကျားလေးတစ်ယောက်က သင်စကားပြောနေစဉ်မှာ သင်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်နေရင် သူဟာတခြားဘာစိတ်မှမရှိဘဲ စကားဝိုင်းမှာ ယဉ်ကျေးတဲ့ သူတစ်ယောက်လို့လည်း ယူဆလို့ရပါတယ်။

၆။ သူ့အပေါ်သင်ရဲ့ထင်မြင်ချက်ပိုကောင်းအောင်ကြိုးုစားနေခြင်းလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့နဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ပိုပြီး ရင်းနှီးလိုဟန်ပြတဲ့ လူတွေကို ကျွန်တော်တို့ ပိုနှစ်သက် တတ်ပြီး တကယ်လို့ ယောင်္ကျားလေးတစ်ယောက်က ကြာရှည်တဲ့ မျက်လုံးချင်းဆုံအောင်ကြိုးုစားနေတယ်ဆိုရင် အဆိုပါ ယောင်္ကျားလေးက သင်က သူ့ကို ပိုပြီး ကြာရှည်စွာ မှတ်မိစေနေချင်တဲ့ အတွက်ဖြစ်ပါတယ်။အကယ်၍ ယောင်္ကျားလေးတစ်ယောက်က သင်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ဖို့ကြိုးစားနေပြီဆိုရင် သင့်အနေနဲ့ကောက်ချက်ချ မစောသင့်ပဲ သူရဲ့ တခြားသော Body Language များကိုလည်း လေ့လာပြီး အကဲဖြတ်သင့်ပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top