iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာေသးခင္ကမွ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ ကမာၻေပၚမွာ Single အေရအတြက္ဟာ ပုိမ်ားလာတယ္လုိ႔ သိရပါတယ္။ ကယ္လီဖုိးနီးယားအေျခစုိက္၊ University of California မွ စိတ္ပညာပါေမာကၡ Bella DePaulo ဖြင့္လွစ္ထားတဲ့ belladepaulo.com ၀က္ဘ္ဆုိဒ္မွာ ဒီေတြ႕ရွိခ်က္ကို ေဖာ္ျပထားပါတယ္။

၎စစ္တမ္းမွာ အရြယ္ေရာက္ၿပီးသူ 4 ဦးမွာ 1 ဦးဟာ Single ဘ၀နဲ႔ ေပ်ာ္ေမြ႕ေနေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ဒီအခ်က္ဟာ တစ္ျခားဆုိးက်ိဳးေတြကိုေတာ့ ျဖစ္ေစမွာ မဟုတ္ပါဘူးတဲ့။ အေၾကာင္းကေတာ့ အဆုိပါ Single ေတြဟာ အေနအထိုင္ ေအးေဆးၾကေၾကာင္း၊ တစ္ျခားသူေတြထက္ လူမႈဆက္ဆံေရး ပုိေကာင္းၾကၿပီး သေဘာသကၠာယ အလြန္ ေကာင္းသူေတြ ျဖစ္ေၾကာင္း ဆုိပါတယ္။

ဒီလုိ Single ေတြ မ်ားျပားလာျခင္းဟာ အထီးက်န္မႈေတြ မ်ားျပားလာျခင္းကေန ေျခရာခံၿပီး၊ လူငယ္တစ္ခ်ိဳ႕ဟာ လြယ္လြယ္ကူကူ လက္ထပ္ျခင္းကို အေစာတလွ်င္ ျပဳမူတာေတြကလည္း ဒီအေပၚမွာ သက္ေရာက္မႈေတြ ရွိတယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ အဆင္မေျပလုိ႔ ကြဲၾကၿပဲက်တဲ့အခါ အေႏွာင္အတြယ္မဲ့ ေနထုိင္ရျခင္း တစ္ကိုယ္ေရဘ၀ကို ပုိၿပီး ႏွစ္သက္သြားၾက တာေၾကာင့္ Single အေရအတြက္ ပုိမ်ားလာတာလုိ႔လည္း ဆုိထားပါတယ္။ ဒါဟာ ေကာင္းတဲ့အခ်က္ပါဘဲ။ Single ေတြ ဟာ လူမႈပတ္၀န္း က်င္ကို ပုိမုိတုိးတက္ေစၿပီး၊ ၿငိမ္းခ်မ္းမႈကို ပုိျဖစ္ေစပါတယ္။

DePaulo ရဲ႕ ေျပာၾကားခ်က္အရ 2014 ခုႏွစ္မွာ ထုတ္ျပန္ခဲ့တဲ့ 2014 Pew report အရ အသက္ 50 ေအာက္ အရြယ္ရွိ လူတန္းစားအသီးသီးမွာ 4 ဦးလွ်င္ 1 ဦးႏႈန္းဟာ တစ္ကိုယ္ေရေနရတာကို ပိုသေဘာက်ၿပီး၊ အသက္ 50 ေနာက္ပုိင္း မွာ လက္ထပ္ဖုိ႔အစီအစဥ္ မရွိေတာ့ဘူးလုိ႔ ဆုိပါတယ္။ ဒါဟာ မိသားစုေတြၾကားမွာ ေႏြးေထြးမႈမဲ့ သီးျခားဆီ ျဖစ္လာျခင္းက ပုိတုိးပြာလာလုိ႔ ျဖစ္ရတဲ့ အက်ိဳးဆက္ပါ။

DePaulo က ” လာမည့္ႏွစ္ေတြမွာ သီးျခားဆန္လွတဲ့မိသားစုေတြ ေနထုိင္တဲ့ တိတ္ဆိတ္တဲ့ အိမ္ေထာင္သည္ အေရအ တြက္ဟာ ပိုပုိၿပီးမ်ားလာမွာပါ … ဒါက ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး .. အားလုံးဟာ တစ္စိမ္းျပင္ျပင္ေတြ ျဖစ္တဲ့ အထိ လူ႔အဖြဲ႕စည္းႀကီးက အထီးက်န္လာမွာပါ … 1974 ခုႏွစ္က ေကာက္ယူခဲ့တဲ့ စစ္တမ္းမွာ အေမရိကန္ေတြဟာ အိမ္နီးနားခ်င္းေတြနဲ႔ ခင္မင္လုိစိတ္ မရွိၾကဘူးလုိ႔ ဆုိပါတယ္ .. အခု ပုိဆုိးလာပါၿပီး .. အိမ္သားအခ်င္းခ်င္းေတာင္ ေတ့ေတ့ဆုိင္ခ်ိန္ နည္းပါးလာတာပါဘဲ “လုိ႔ ေျပာခဲ့ပါတယ္။

သူမက ဆက္လက္ၿပီး ” ဒါေပမယ့္ Single ေတြကေတာ့ ဒီအခ်က္ေတြကေန ကင္းလြတ္ပါတယ္ … အေၾကာင္းကေတာ့ သူတုိ႔က တစ္ျခားလူေတြထက္ လူမႈဆက္ဆံေရးပိုေကာင္းၾကပါတယ္ … သူတုိ႔တစ္ေတြဟာ လူအုပ္စုအခ်င္းခ်င္းကို ေပါင္းကူးေပးတယ္ … ေနာက္ဂီတသီခ်င္း စတဲ့ေနရာေတြမွာလည္း ၀င္ဆန္႔မႈေတြ ရွိပါတယ္ … သူ႕တုိ႔ဟာ သာမန္လူေတြ ထက္ ေပ်ာ္ေပ်ာ္ေနတတ္ၾကၿပီး၊ လူမႈဆက္ဆံေရးမွာလည္း ေတာ္ၾကပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ Single အရေအတွက်ဟာ ပိုများလာတယ်လို့ သိရပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက်၊ University of California မှ စိတ်ပညာပါမောက္ခ Bella DePaulo ဖွင့်လှစ်ထားတဲ့ belladepaulo.com ဝက်ဘ်ဆိုဒ်မှာ ဒီတွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

၎င်းစစ်တမ်းမှာ အရွယ်ရောက်ပြီးသူ 4 ဦးမှာ 1 ဦးဟာ Single ဘဝနဲ့ ပျော်မွေ့နေကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ တစ်ခြားဆိုးကျိုးတွေကိုတော့ ဖြစ်စေမှာ မဟုတ်ပါဘူးတဲ့။ အကြောင်းကတော့ အဆိုပါ Single တွေဟာ အနေအထိုင် အေးဆေးကြကြောင်း၊ တစ်ခြားသူတွေထက် လူမှုဆက်ဆံရေး ပိုကောင်းကြပြီး သဘောသက္ကာယ အလွန် ကောင်းသူတွေ ဖြစ်ကြောင်း ဆိုပါတယ်။

ဒီလို Single တွေ များပြားလာခြင်းဟာ အထီးကျန်မှုတွေ များပြားလာခြင်းကနေ ခြေရာခံပြီး၊ လူငယ်တစ်ချို့ဟာ လွယ်လွယ်ကူကူ လက်ထပ်ခြင်းကို အစောတလျှင် ပြုမူတာတွေကလည်း ဒီအပေါ်မှာ သက်ရောက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆင်မပြေလို့ ကွဲကြပြဲကျတဲ့အခါ အနှောင်အတွယ်မဲ့ နေထိုင်ရခြင်း တစ်ကိုယ်ရေဘဝကို ပိုပြီး နှစ်သက်သွားကြ တာကြောင့် Single အရေအတွက် ပိုများလာတာလို့လည်း ဆိုထားပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါဘဲ။ Single တွေ ဟာ လူမှုပတ်ဝန်း ကျင်ကို ပိုမိုတိုးတက်စေပြီး၊ ငြိမ်းချမ်းမှုကို ပိုဖြစ်စေပါတယ်။

DePaulo ရဲ့ ပြောကြားချက်အရ 2014 ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ 2014 Pew report အရ အသက် 50 အောက် အရွယ်ရှိ လူတန်းစားအသီးသီးမှာ 4 ဦးလျှင် 1 ဦးနှုန်းဟာ တစ်ကိုယ်ရေနေရတာကို ပိုသဘောကျပြီး၊ အသက် 50 နောက်ပိုင်း မှာ လက်ထပ်ဖို့အစီအစဉ် မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒါဟာ မိသားစုတွေကြားမှာ နွေးထွေးမှုမဲ့ သီးခြားဆီ ဖြစ်လာခြင်းက ပိုတိုးပွာလာလို့ ဖြစ်ရတဲ့ အကျိုးဆက်ပါ။

DePaulo က ” လာမည့်နှစ်တွေမှာ သီးခြားဆန်လှတဲ့မိသားစုတွေ နေထိုင်တဲ့ တိတ်ဆိတ်တဲ့ အိမ်ထောင်သည် အရေအ တွက်ဟာ ပိုပိုပြီးများလာမှာပါ … ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး .. အားလုံးဟာ တစ်စိမ်းပြင်ပြင်တွေ ဖြစ်တဲ့ အထိ လူ့အဖွဲ့စည်းကြီးက အထီးကျန်လာမှာပါ … 1974 ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ အမေရိကန်တွေဟာ အိမ်နီးနားချင်းတွေနဲ့ ခင်မင်လိုစိတ် မရှိကြဘူးလို့ ဆိုပါတယ် .. အခု ပိုဆိုးလာပါပြီး .. အိမ်သားအချင်းချင်းတောင် တေ့တေ့ဆိုင်ချိန် နည်းပါးလာတာပါဘဲ “လို့ ပြောခဲ့ပါတယ်။

သူမက ဆက်လက်ပြီး ” ဒါပေမယ့် Single တွေကတော့ ဒီအချက်တွေကနေ ကင်းလွတ်ပါတယ် … အကြောင်းကတော့ သူတို့က တစ်ခြားလူတွေထက် လူမှုဆက်ဆံရေးပိုကောင်းကြပါတယ် … သူတို့တစ်တွေဟာ လူအုပ်စုအချင်းချင်းကို ပေါင်းကူးပေးတယ် … နောက်ဂီတသီချင်း စတဲ့နေရာတွေမှာလည်း ဝင်ဆန့်မှုတွေ ရှိပါတယ် … သူ့တို့ဟာ သာမန်လူတွေ ထက် ပျော်ပျော်နေတတ်ကြပြီး၊ လူမှုဆက်ဆံရေးမှာလည်း တော်ကြပါတယ် “လို့ ပြောခဲ့ပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top