iMyanmarHouse.com - Best Property Website for Myanmar
×

အတြင္းခံေဘာင္းဘီက ေက်ာင္းဝတ္စံု၊ အလုပ္ယူနီေဖာင္းလို မျဖစ္မေန ဝတ္ရတာမ်ိဳးေတာ့ မဟုတ္ေပမဲ့ မဝတ္ဘဲလည္း ေနလို႔မွမရတာပဲဲေလ။ အတြင္းခံဝတ္ျခင္းဟာ ကိုယ့္ရဲ႕ခႏၶာကိုယ္ကိုလည္း ပိုမိုၾကည့္ေကာင္းေစပါတယ္။ သင့္ေလ်ာ္တဲဲ့အတြင္းခံကို မွန္ကန္တဲ့နည္းလမ္းနဲ႔ ဝတ္မယ္ဆိုရင္ေပါ့...။ ဒါေလးေတြကို ဖတ္ၾကည့္ပါဦး။ သင္ ဘယ္လိုအမွားေတြ ျပဳလုပ္ေနမိသလဲဆုိတာ သိသြားပါလိမ့္မယ္။

၁။ ေလ့က်င့္ခန္းလုပ္ၿပီးရင္ ေနာက္တစ္ထည္မလဲဘူး

Gym သြားၿပီး ကာယေလ့က်င့္ခန္းေတြလုပ္တဲ့အခါ ေခၽြးထြက္ပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီးသြားေတာ့ အျပင္အဝတ္အစားကို လဲဝတ္ေပမဲ့ အတြင္းခံေဘာင္းဘီကိုမလဲဘူးဆုိရင္ သိပ္ကိုဆိုးရြားတဲဲ့အက်င့္ႀကီးပါ။ ေခၽြးေတြေၾကာင့္ ဘက္တီးရီးယားေတြ ေပါက္ပြားလာႏိုင္ၿပီး ခႏၶာကိုယ္ကို ကပ္ၿငိႏိုင္ပါတယ္။ အတြင္းခံကို ေနာက္တစ္ထည္ေျပာင္းဝတ္ပါ။

၂။ လွတာကိုဦးစားေပးတယ္

မိန္းကေလးေတြဆုိရင္ အတြင္းခံဝတ္ရင္ေတာင္မွ လွလပပေလးေတြပဲ ေရြးၾကတာ။ တကယ္တမ္းေတာ့ အတြင္းခံဟာ လွပဖုိ႔႔ထက္ သက္ေတာင့္သက္သာျဖစ္ေစတဲ့ ခ်ည္သားျဖစ္ဖုိ႔ကသာ အေရးႀကီးတာပါ။

၃။ ေလွ်ာ္ဖြပ္သန္႔စင္ပါ

တစ္ႀကိမ္ဝတ္ၿပီးသားကို ျပန္မဝတ္ပါနဲ႔။ မေလွ်ာ္ရေသးတဲ့ အတြင္းခံကို လံုး၀​(လံုးဝ) မဝတ္သင့္ပါဘူး။ မိန္းမကိုယ္တစ္ဝိုက္မွာ ယားနာေတြေပါက္လာႏိုင္ပါတယ္။

၄။ သားေရႀကိဳးတင္းတင္း

အတြင္းခံဝတ္ရင္ ခါးေနရာမွာ သားေရႀကိဳးက တင္းက်ပ္ေနတာကို သေဘာက်သူေတြရွိတယ္။ တကယ္ေတာ့ အတြင္းခံေဘာင္းဘီရဲ႕ သားေရႀကိဳးက တင္းၾကပ္ေနဖုိ႔ မလိုပါဘူး။ သက္ေတာင့္သက္သာျဖစ္ေစဖုိ႔က အေရးႀကီးဆံုးပါ။ သားေရႀကိဳးနဲ႔မွ ဝတ္တတ္တယ္ဆုိလည္း တင္းေနတာကိုမေရြးဖုိ႔ အၾကံေပးပါရေစ။ ၿပီးေတာ့ တစ္ခ်ိန္လံုးဝတ္ထားဖုိ႔လည္း မလိုဘူးေနာ္။ ညအိပ္ရင္ အတြင္းခံၾကပ္ၾကပ္ဝတ္ၿပီးအိပ္တာက မေကာင္းပါဘူး။

၅။ ဆိုဒ္

အတြင္းခံေဘာင္းဘီကို ဝတ္ၾကည့္လိုက္လို႔ camel toe လို႔ ေခၚတဲ့ ဆီးခံုေနရာေလးမွာ တင္းၾကပ္ေနသလို ခံစားရရင္ အဲ့ဒီအတြင္းခံေဘာင္းဘီကို ဆက္မဝတ္ပါနဲ႔။ ဆီးခံုေနရာမွာ တင္းၾကပ္ေနတဲ့အခါ က်န္းမာေရးျပႆနာေတြနဲ႔ မိန္းမကိုယ္တစ္ဝိုက္ နီရဲေရာင္ရမ္းတာ၊ ပိုးဝင္တာေတြ ျဖစ္လာႏိုင္ပါတယ္။

၆။ အေမႊးနံ႔

အတြင္းခံေဘာင္းဘီေလးကို ေမႊးေမႊးေလးျဖစ္ေနေအာင္ဆုိၿပီး ေလွ်ာ္ဖြပ္တဲ့အခါ အေမႊးဆီေတြသံုးတာလည္း မလုပ္သင့္ပါဘူး။ အနံ႔မပါတဲ့ သာမာန္ဆပ္ျပာကိုပဲ သံုးသင့္ပါတယ္။ အနံ႔ေတြက အခန္႔မသင့္ရင္ ယားယံမႈျဖစ္ေစပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အတွင်းခံဘောင်းဘီက ကျောင်းဝတ်စုံ၊ အလုပ်ယူနီဖောင်းလို မဖြစ်မနေ ဝတ်ရတာမျိုးတော့ မဟုတ်ပေမဲ့ မဝတ်ဘဲလည်း နေလို့မှမရတာပဲလေ။ အတွင်းခံဝတ်ခြင်းဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်း ပိုမိုကြည့်ကောင်းစေပါတယ်။ သင့်လျော်တဲ့အတွင်းခံကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဝတ်မယ်ဆိုရင်ပေါ့...။ ဒါလေးတွေကို ဖတ်ကြည့်ပါဦး။ သင် ဘယ်လိုအမှားတွေ ပြုလုပ်နေမိသလဲဆိုတာ သိသွားပါလိမ့်မယ်။

၁။ လေ့ကျင့်ခန်းလုပ်ပြီးရင် နောက်တစ်ထည်မလဲဘူး

Gym သွားပြီး ကာယလေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ချွေးထွက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးသွားတော့ အပြင်အဝတ်အစားကို လဲဝတ်ပေမဲ့ အတွင်းခံဘောင်းဘီကိုမလဲဘူးဆိုရင် သိပ်ကိုဆိုးရွားတဲ့အကျင့်ကြီးပါ။ ချွေးတွေကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပြီး ခန္ဓာကိုယ်ကို ကပ်ငြိနိုင်ပါတယ်။ အတွင်းခံကို နောက်တစ်ထည်ပြောင်းဝတ်ပါ။

၂။ လှတာကိုဦးစားပေးတယ်

မိန်းကလေးတွေဆိုရင် အတွင်းခံဝတ်ရင်တောင်မှ လှလပပလေးတွေပဲ ရွေးကြတာ။ တကယ်တမ်းတော့ အတွင်းခံဟာ လှပဖို့ထက် သက်တောင့်သက်သာဖြစ်စေတဲ့ ချည်သားဖြစ်ဖို့ကသာ အရေးကြီးတာပါ။

၃။ လျှော်ဖွပ်သန့်စင်ပါ

တစ်ကြိမ်ဝတ်ပြီးသားကို ပြန်မဝတ်ပါနဲ့။ မလျှော်ရသေးတဲ့ အတွင်းခံကို လုံးဝ(လုံးဝ) မဝတ်သင့်ပါဘူး။ မိန်းမကိုယ်တစ်ဝိုက်မှာ ယားနာတွေပေါက်လာနိုင်ပါတယ်။

၄။ သားရေကြိုးတင်းတင်း

အတွင်းခံဝတ်ရင် ခါးနေရာမှာ သားရေကြိုးက တင်းကျပ်နေတာကို သဘောကျသူတွေရှိတယ်။ တကယ်တော့ အတွင်းခံဘောင်းဘီရဲ့ သားရေကြိုးက တင်းကြပ်နေဖို့ မလိုပါဘူး။ သက်တောင့်သက်သာဖြစ်စေဖို့က အရေးကြီးဆုံးပါ။ သားရေကြိုးနဲ့မှ ဝတ်တတ်တယ်ဆိုလည်း တင်းနေတာကိုမရွေးဖို့ အကြံပေးပါရစေ။ ပြီးတော့ တစ်ချိန်လုံးဝတ်ထားဖို့လည်း မလိုဘူးနော်။ ညအိပ်ရင် အတွင်းခံကြပ်ကြပ်ဝတ်ပြီးအိပ်တာက မကောင်းပါဘူး။

၅။ ဆိုဒ်

အတွင်းခံဘောင်းဘီကို ဝတ်ကြည့်လိုက်လို့ camel toe လို့ ခေါ်တဲ့ ဆီးခုံနေရာလေးမှာ တင်းကြပ်နေသလို ခံစားရရင် အဲ့ဒီအတွင်းခံဘောင်းဘီကို ဆက်မဝတ်ပါနဲ့။ ဆီးခုံနေရာမှာ တင်းကြပ်နေတဲ့အခါ ကျန်းမာရေးပြဿနာတွေနဲ့ မိန်းမကိုယ်တစ်ဝိုက် နီရဲရောင်ရမ်းတာ၊ ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။

၆။ အမွှေးနံ့

အတွင်းခံဘောင်းဘီလေးကို မွှေးမွှေးလေးဖြစ်နေအောင်ဆိုပြီး လျှော်ဖွပ်တဲ့အခါ အမွှေးဆီတွေသုံးတာလည်း မလုပ်သင့်ပါဘူး။ အနံ့မပါတဲ့ သာမာန်ဆပ်ပြာကိုပဲ သုံးသင့်ပါတယ်။ အနံ့တွေက အခန့်မသင့်ရင် ယားယံမှုဖြစ်စေပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top