iMyanmarHouse.com - Best Property Website for Myanmar
×

ဝယ္တုန္းကဝယ္ၿပီးမွ မသံုးျဖစ္လို႔ ေခ်ာင္ထိုးထားရတဲ့ လက္သည္းနီပုလင္းေတြ ႐ွိေနလား? သူမ်ားကို ေပးပစ္လိုက္ေလ။ မေပးခ်င္ဘူးဆုိလည္း အိမ္မွာသံုးလို႔ရတဲ့ေနရာေတြမွာ သံုးတာေပါ့။ လက္သည္း၊ ေျခသည္းမွာ ဆိုးတာမဟုတ္ဘဲ တျခားေနရာေတြမွာ သံုးလို႔ရပါေသးတယ္။
 

၁။ ေသာ့
အေရးအေၾကာင္းဆို ဘယ္ေသာ့နဲ႔ ဘယ္ေသာ့ခေလာက္ကို ဖြင့္ရမွန္းမသိဘူး။ တစ္ခုၿပီးတစ္ခု ထိုးထည့္ေနရတာ သိပ္မဟုတ္ေသးပါဘူး။ ဒါဆုိရင္ ေသာ့ေခ်ာင္းေတြကို လက္သည္းနီအေရာင္နဲ႔ ခြဲၿပီး မွတ္ထားလိုက္ေလ။
 

၂။ စာအိတ္ေတြကို ခ်ိပ္ပိတ္မယ္
စာအိတ္ကို ခ်ိတ္ပိတ္ဖုိ႔ ေကာ္မ႐ွိဘူးလား? လက္သည္းနီနဲ႔ပိတ္လိုက္ေလ။ ပိုေတာင္ ခိုင္ခံ့ပါေသးတယ္။
 

၃။ USB
ကြန္ပ်ဴတာ USB အေပါက္မွာထိုးရတဲ့ gadget ေလးေတြက အရမ္းေသးေနရင္ ဘယ္ဘက္္ကိုထုိးရမယ္ဆုိတာ မသိရဘူး။ တစ္ဖက္နဲ႔အဆင္မေျပမွ ေနာက္တစ္ဖက္ကို လွည့္ျပီးထိုးသြင္းရတယ္။ ဒါဆုိရင္ တစ္ခါတည္း လက္သည္းနီေလးနဲ႔ အစက္ခ်ၿပီးေတာ့ မွတ္ထားလိုက္တာ ေကာင္းပါတယ္။ အလုပ္ရႈပ္သက္သာတာေပါ့။

၄။ မီးျခစ္ဆံ
လွ်ပ္စစ္မီးမရတဲ့ ေတာေတာင္ေတြ၊ နယ္ဘက္ေတြကို ခရီးသြားတဲ့အခါ အိတ္ထဲမွာ ယမ္းမီးျခစ္ေလးေတာ့ ေဆာင္သြားသင့္ပါတယ္။ အေရးအေၾကာင္းဆုိ သံုးလို႔ရတာေပါ့။ မီးျခစ္ဆံေတြ ေရစိုလို႔ အသံုးျပဳမရေတာ့တာမ်ိဳး မျဖစ္ေအာင္ မီးျခစ္ဆံေခါင္း ထိပ္ေလးေတြကို လက္သည္းနီပုလင္းထဲကို ႏွစ္ထားလိုက္ပါ။ ေရမစိုေတာ့ဘူး။ တကယ္သံုးခ်င္လာေတာ့မွ စကၠဴေလးနဲ႔သုတ္ျပီးဖယ္ရွားလိုက္ရံုပါပဲ။
 

၅။ ခြဲျခားမွတ္သား
ကိုယ္နဲ႔အတူေနတဲ့လူက ကိုယ့္လိုမ်ိဳး ပစၥည္းတစ္ခုခု ဆင္တူရွိေနၿပီဆို သူ႔ပစၥည္း၊ ကိုယ့္ပစၥည္း ခြဲထားလို႔ရေအာင္ ပစၥည္းေပၚမွာ လက္သည္းနီသုတ္ၿပီး မွတ္ထားလိုက္လို႔လည္း ရေသးတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

 ဝယ်တုန်းကဝယ်ပြီးမှ မသုံးဖြစ်လို့ ချောင်ထိုးထားရတဲ့ လက်သည်းနီပုလင်းတွေ ရှိနေလား? သူများကို ပေးပစ်လိုက်လေ။ မပေးချင်ဘူးဆိုလည်း အိမ်မှာသုံးလို့ရတဲ့နေရာတွေမှာ သုံးတာပေါ့။ လက်သည်း၊ ခြေသည်းမှာ ဆိုးတာမဟုတ်ဘဲ တခြားနေရာတွေမှာ သုံးလို့ရပါသေးတယ်။

၁။ သော့

အရေးအကြောင်းဆို ဘယ်သော့နဲ့ ဘယ်သော့ခလောက်ကို ဖွင့်ရမှန်းမသိဘူး။ တစ်ခုပြီးတစ်ခု ထိုးထည့်နေရတာ သိပ်မဟုတ်သေးပါဘူး။ ဒါဆိုရင် သော့ချောင်းတွေကို လက်သည်းနီအရောင်နဲ့ ခွဲပြီး မှတ်ထားလိုက်လေ။

၂။ စာအိတ်တွေကို ချိပ်ပိတ်မယ်

စာအိတ်ကို ချိတ်ပိတ်ဖို့ ကော်မရှိဘူးလား? လက်သည်းနီနဲ့ပိတ်လိုက်လေ။ ပိုတောင် ခိုင်ခံ့ပါသေးတယ်။

၃။ USB

ကွန်ပျူတာ USB အပေါက်မှာထိုးရတဲ့ gadget လေးတွေက အရမ်းသေးနေရင် ဘယ်ဘက်ကိုထိုးရမယ်ဆိုတာ မသိရဘူး။ တစ်ဖက်နဲ့အဆင်မပြေမှ နောက်တစ်ဖက်ကို လှည့်ပြီးထိုးသွင်းရတယ်။ ဒါဆိုရင် တစ်ခါတည်း လက်သည်းနီလေးနဲ့ အစက်ချပြီးတော့ မှတ်ထားလိုက်တာ ကောင်းပါတယ်။ အလုပ်ရှုပ်သက်သာတာပေါ့။

 ၄။ မီးခြစ်ဆံ

လျှပ်စစ်မီးမရတဲ့ တောတောင်တွေ၊ နယ်ဘက်တွေကို ခရီးသွားတဲ့အခါ အိတ်ထဲမှာ ယမ်းမီးခြစ်လေးတော့ ဆောင်သွားသင့်ပါတယ်။ အရေးအကြောင်းဆို သုံးလို့ရတာပေါ့။ မီးခြစ်ဆံတွေ ရေစိုလို့ အသုံးပြုမရတော့တာမျိုး မဖြစ်အောင် မီးခြစ်ဆံခေါင်း ထိပ်လေးတွေကို လက်သည်းနီပုလင်းထဲကို နှစ်ထားလိုက်ပါ။ ရေမစိုတော့ဘူး။ တကယ်သုံးချင်လာတော့မှ စက္ကူလေးနဲ့သုတ်ပြီးဖယ်ရှားလိုက်ရုံပါပဲ။

၅။ ခွဲခြားမှတ်သား

ကိုယ်နဲ့အတူနေတဲ့လူက ကိုယ့်လိုမျိုး ပစ္စည်းတစ်ခုခု ဆင်တူရှိနေပြီဆို သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်း ခွဲထားလို့ရအောင် ပစ္စည်းပေါ်မှာ လက်သည်းနီသုတ်ပြီး မှတ်ထားလိုက်လို့လည်း ရသေးတယ်။

Credit:duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top