iMyanmarHouse.com - Best Property Website for Myanmar
×

ပါးစပ္နံတာဟာ လူအမ်ားနဲ႔ ထိေတြ႔ဆက္ဆံေနရတဲ့ အလုပ္ကို လုပ္ေနတဲ့သူေတြ အတြက္ေတာ့ တကယ္ကို စိတ္ညစ္စရာပါ။ ကိုယ့္ပါးစပ္က နံေနတတ္ရင္ လူေတြနဲ႔ ထိေတြ႔ဆက္ဆံတဲ့အခါမွာ ကိုယ့္ကိုကိုယ္ ယံုၾကည္မွဳ ကင္းမဲ့ေစျပီး စိတ္က်ဥ္းက်ပ္ေနတာမ်ိဳးေတြလည္း ျဖစ္ႏိုင္ပါတယ္။

ပါးစပ္နံ႔ နံတတ္တဲ့သူေတြမွာ သြားဘယ္ေလာက္တိုက္တိုက္၊ Mouthwash ဘယ္ေလာက္သံုးသံုး၊ အဲဒါေတြ အန႔ံျပယ္သြားတဲ့ အခ်ိန္မွာ ျပန္ျပီး နံလာတတ္ပါတယ္။ အမ်ားအားျဖင့္ ပါးစပ္နံျခင္းရဲ႕ အဓိကတရားခံကေတာ့ ပါးစပ္ထဲမွာခိုေအာင္းေနတဲ့ ဘက္တီးရီးယားပိုးေတြက အစားစားလိုက္တဲ့အခါမွာ ပါလာတဲ့ ပရိုတင္းဓါတ္ေတြကို ၿဖိဳခြဲပစ္တာေၾကာင့္ပါ။

ပါးစပ္နံျခင္းပာာ လူ ၁၀၀ မွာ ၃ ေယာက္ေလာက္ ျဖစ္တတ္တယ္လို႔ ဆိုပါတယ္။ ပါးစပ္နံတာပာာ ပါးစပ္ထဲမွာ ခိုေအာင္းေနတဲ့ ဘက္တီးရီးယားမ်ားေၾကာင့္ အမ်ားဆံုးျဖစ္ႏို္င္ေသာ္လည္း အျခားျဖစ္ႏိုင္တာေတြ ကေတာ့ ေရာဂါမ်ား (ဆီးခ်ိဳေရာဂါ၊ အသည္းေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ အဆုတ္ေရာဂါ)၊ ေဆး၀ါးမ်ား (အခ်ိဳ႕ေဆးေတြပာာ ပါးစပ္ကို ေျခာက္ေနေစပါတယ္။ ပါးစပ္ေျခာက္ေနရင္ ပါးစပ္က အနံ႔ထြက္ပါတယ္။)၊ အစားအေသာက္မ်ား (ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ)၊ ေဆးလိပ္ေသာက္တာ၊ ေဆးရြက္ၾကီး၀ါးတာ (အေရးအၾကီးဆံုးပါပဲ။ ေဆးလိပ္ ေသာက္တတ္သူေတြ၊ ေဆးရြက္ၾကီး ၀ါးတတ္သူေတြမွာ ပါးစပ္အနံ႔ ဆိုးတတ္ပါတယ္။)

ပါးစပ္နံေနတာကို ဘယ္လိုသိႏိုင္မလဲ

ကိုယ့္ပါးစပ္ကထြက္တဲ့ အနံ႔ကို ျပန္ရွဴတာက မွန္ကန္တဲ့အေျခအေနကို မသိႏိုင္ပါဘူး။ အမ်ားစု လုပ္တတ္တာက လက္၂ ဖက္ၾကားထဲကို အသက္ရွဴျပီး ျပန္ရွဴၾကည့္တတ္ၾကပါတယ္။ အဲဒီနည္းက မွန္ကန္တဲ့အနံ႔ကို မရႏိုင္ပါဘူး။ အရိုးရွင္းဆံုး နည္းလမ္းတစ္ခုကေတာ့ အမွန္ေျပာမယ္လို႔ ယံုၾကည္ရတဲ့သူကို အန႔ံခံခိုင္းၾကည့္ဖို႔ပါ။ ေနာက္ တနည္းကေတာ့ သင့္ရဲ႕ လက္ခံုေပၚကိုလွ်ာနဲ႔ လ်က္လိုက္ပါ။ ေျခာက္သြားတဲ့အခ်ိန္ကို ေစာင့္ပါ။ ျပီးရင္ အန႔ံခံ ၾကည့္ပါ။ အဲဒီအန႔ံပာာ သင့္ရဲ႕ ပါးစပ္နံ႔ပဲ ျဖစ္ပါတယ္။

ဘယ္လိုကာကြယ္မလဲ

၁။ ခံတြင္းကို သန္႔ရွင္းစြာထားပါ။

အစာစားျပီးတိုင္း သြားတုိက္တဲ့ အေလ့အထ လုပ္ပါ။ အဲလိုမွ မလုပ္ႏိုင္ဘူးဆိုရင္ အနည္းဆံုးေတာ့ တစ္ေန႔ကို ၂ခါေလာက္ေတာ့ သြားတိုက္ပါ။ တစ္ခါတိုက္ရင္ အနည္းဆံုး၂ မိနစ္ေလာက္ၾကာေအာင္ တုိက္ပါ။ သြားတိုက္တဲ့ေနရာမွာ သြားတင္မကဘဲ လွ်ာ၊ ပါးေစာင္ကိုပါ တိုက္ပါ။ သြားၾကိဳးကို အသံုးျပဳျပီး အစာစားျပီးခ်ိန္မွာ သန္႔ရွင္းေပးပါ။ သြားၾကားေတြထဲမွာ ညပ္က်န္ေနတဲ့ အစာေတြပာာ ပါးစပ္နံတတ္တဲ့အတြက္ ၾကိဳးအသံုးျပဳျပီး ရွင္းေပးပါ။

သြားတိုက္တိုင္းမွာ လွ်ာျခစ္တံကိုပါ အသံုးျပဳပါ။ သြားတိုက္တံကို ၂ လ ၃လမွာ တစ္ၾကိမ္ လဲေပးပါ။ သြားတိုက္တဲ့ အခ်ိန္မွာ အတင္းၾကီး ဖိတိုက္တာပာာ အက်ိဳးမရွိေစပါ။ သြားဖံုးေတြကို ပ်က္ဆီးျပီး ခံတြင္းန႔ံနံတာ ပိုေတာင္ ဆိုးလာပါဦးမယ္။ နည္းလမ္းမွန္မွန္နဲ႔ ညင္ညင္သာသာ တုိက္ပါ။

၂။ မခ်ိဳတဲ့ပီေက ၀ါးပါ။

ပီေက၀ါးျခင္းပာာ သြားရည္ဂလင္းေတြကို သြားရည္ထြက္ေအာင္ လွံဳေဆာ္ေပးႏုိင္တဲ့အတြက္ ပါးစပ္ကို စိုစြတ္ေနေစျပီး သန္႔ရွင္းေနေစပါတယ္။

၃။ ေဆးလိပ္၊ ေဆးရြက္ၾကီး သံုးစြဲမွဳကို လံုး၀ေရွာင္ၾကဥ္ပါ။

၄။ ပိုးသတ္ေဆးပါတဲ့ ပါးစပ္သန္႔စင္ေဆးရည္ကို အသံုးျပဳျပီး တစ္ေန႔ကို အနည္းဆံုး၂ၾကိမ္ခန္႔ ပါးလုပ္က်င္းပါ။

၅။ သြားဆရာ၀န္ဆီ တစ္ႏွစ္ကိုအနည္းဆံုး ႏွစ္ေခါက္ေလာက္ေတာ့ သြားပါ။ သြားဆရာ၀န္က သင့္ရဲ႕ ခံတြင္းကိုေသခ်ာစမ္းသပ္ေပးျပီး ခံတြင္းေရာဂါေတြ ရွိေနရင္လည္း ကုသေပးႏိုင္ပါတယ္။

၆။ ေရမ်ားမ်ားေသာက္ပါ။ ေရမ်ားမ်ားေသာက္ျခင္းပာာ ပါးစပ္ကို စိုစြတ္ေနေစတဲ့အတြက္ ပါးစပ္နံတာကို သက္သာေစပါတယ္။

၇။ မိမိစားေသာက္တဲ့ အစားအေသာက္ေတြကို မွတ္ထားပါ။ မိမိစားေသာက္တဲ့ အထဲက ပါးစပ္နံေစတယ္လို႔ ထင္တဲ့ အစားအေသာက္ကို မွတ္ထားျပီး ဆရာ၀န္နဲ႔တိုင္ပင္ၾကည့္ပါ။ ဒီအတိုင္းပဲ ေဆး၀ါးေတြ ေသာက္သံုးေနတာ ရွိရင္လည္း အဲဒီေဆး၀ါးစာရင္းကို ဆရာ၀န္နဲ႔တိုင္ပင္ၾကည့္ပါ။

ခံတြင္းနံ႔နံေနတာပာာ အထက္ပါနည္းလမ္းေတြကို လုပ္ၾကည့္လို႔မွ မသက္သာလာဘူး ဆိုရင္ေတာ့ မူရင္း အေၾကာင္းခံေရာဂါ တစ္မ်ိဳးမ်ိဳးရွိေနႏိုင္တဲ့အတြက္ ကၽြမ္းက်င္တဲ့ဆရာ၀န္နဲ႔ ေသခ်ာတိုင္ပင္ စစ္ေဆးသင့္ပါတယ္ ခင္ဗ်ာ။

Credit : က်န္းမာေရးဆုိင္ရာ ဗဟုသုတမ်ား
Myawady Health
https://www.facebook.com/pg/myawadyhealth

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ပါးစပ်နံတာဟာ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အလုပ်ကို လုပ်နေတဲ့သူတွေ အတွက်တော့ တကယ်ကို စိတ်ညစ်စရာပါ။ ကိုယ့်ပါးစပ်က နံနေတတ်ရင် လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကင်းမဲ့စေပြီး စိတ်ကျဉ်းကျပ်နေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

ပါးစပ်နံ့ နံတတ်တဲ့သူတွေမှာ သွားဘယ်လောက်တိုက်တိုက်၊ Mouthwash ဘယ်လောက်သုံးသုံး၊ အဲဒါတွေ အနံ့ပြယ်သွားတဲ့ အချိန်မှာ ပြန်ပြီး နံလာတတ်ပါတယ်။ အများအားဖြင့် ပါးစပ်နံခြင်းရဲ့ အဓိကတရားခံကတော့ ပါးစပ်ထဲမှာခိုအောင်းနေတဲ့ ဘက်တီးရီးယားပိုးတွေက အစားစားလိုက်တဲ့အခါမှာ ပါလာတဲ့ ပရိုတင်းဓါတ်တွေကို ဖြိုခွဲပစ်တာကြောင့်ပါ။

ပါးစပ်နံခြင်းပာာ လူ ၁၀၀ မှာ ၃ ယောက်လောက် ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ပါးစပ်နံတာပာာ ပါးစပ်ထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားများကြောင့် အများဆုံးဖြစ်နိုင်သော်လည်း အခြားဖြစ်နိုင်တာတွေ ကတော့ ရောဂါများ (ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ)၊ ဆေးဝါးများ (အချို့ဆေးတွေပာာ ပါးစပ်ကို ခြောက်နေစေပါတယ်။ ပါးစပ်ခြောက်နေရင် ပါးစပ်က အနံ့ထွက်ပါတယ်။)၊ အစားအသောက်များ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ)၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးဝါးတာ (အရေးအကြီးဆုံးပါပဲ။ ဆေးလိပ် သောက်တတ်သူတွေ၊ ဆေးရွက်ကြီး ဝါးတတ်သူတွေမှာ ပါးစပ်အနံ့ ဆိုးတတ်ပါတယ်။)

ပါးစပ်နံနေတာကို ဘယ်လိုသိနိုင်မလဲ

ကိုယ့်ပါးစပ်ကထွက်တဲ့ အနံ့ကို ပြန်ရှူတာက မှန်ကန်တဲ့အခြေအနေကို မသိနိုင်ပါဘူး။ အများစု လုပ်တတ်တာက လက်၂ ဖက်ကြားထဲကို အသက်ရှူပြီး ပြန်ရှူကြည့်တတ်ကြပါတယ်။ အဲဒီနည်းက မှန်ကန်တဲ့အနံ့ကို မရနိုင်ပါဘူး။ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုကတော့ အမှန်ပြောမယ်လို့ ယုံကြည်ရတဲ့သူကို အနံ့ခံခိုင်းကြည့်ဖို့ပါ။ နောက် တနည်းကတော့ သင့်ရဲ့ လက်ခုံပေါ်ကိုလျှာနဲ့ လျက်လိုက်ပါ။ ခြောက်သွားတဲ့အချိန်ကို စောင့်ပါ။ ပြီးရင် အနံ့ခံ ကြည့်ပါ။ အဲဒီအနံ့ပာာ သင့်ရဲ့ ပါးစပ်နံ့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

၁။ ခံတွင်းကို သန့်ရှင်းစွာထားပါ။

အစာစားပြီးတိုင်း သွားတိုက်တဲ့ အလေ့အထ လုပ်ပါ။ အဲလိုမှ မလုပ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ တစ်နေ့ကို ၂ခါလောက်တော့ သွားတိုက်ပါ။ တစ်ခါတိုက်ရင် အနည်းဆုံး၂ မိနစ်လောက်ကြာအောင် တိုက်ပါ။ သွားတိုက်တဲ့နေရာမှာ သွားတင်မကဘဲ လျှာ၊ ပါးစောင်ကိုပါ တိုက်ပါ။ သွားကြိုးကို အသုံးပြုပြီး အစာစားပြီးချိန်မှာ သန့်ရှင်းပေးပါ။ သွားကြားတွေထဲမှာ ညပ်ကျန်နေတဲ့ အစာတွေပာာ ပါးစပ်နံတတ်တဲ့အတွက် ကြိုးအသုံးပြုပြီး ရှင်းပေးပါ။

သွားတိုက်တိုင်းမှာ လျှာခြစ်တံကိုပါ အသုံးပြုပါ။ သွားတိုက်တံကို ၂ လ ၃လမှာ တစ်ကြိမ် လဲပေးပါ။ သွားတိုက်တဲ့ အချိန်မှာ အတင်းကြီး ဖိတိုက်တာပာာ အကျိုးမရှိစေပါ။ သွားဖုံးတွေကို ပျက်ဆီးပြီး ခံတွင်းနံ့နံတာ ပိုတောင် ဆိုးလာပါဦးမယ်။ နည်းလမ်းမှန်မှန်နဲ့ ညင်ညင်သာသာ တိုက်ပါ။

၂။ မချိုတဲ့ပီကေ ဝါးပါ။

ပီကေဝါးခြင်းပာာ သွားရည်ဂလင်းတွေကို သွားရည်ထွက်အောင် လှုံဆော်ပေးနိုင်တဲ့အတွက် ပါးစပ်ကို စိုစွတ်နေစေပြီး သန့်ရှင်းနေစေပါတယ်။

၃။ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကို လုံးဝရှောင်ကြဉ်ပါ။

၄။ ပိုးသတ်ဆေးပါတဲ့ ပါးစပ်သန့်စင်ဆေးရည်ကို အသုံးပြုပြီး တစ်နေ့ကို အနည်းဆုံး၂ကြိမ်ခန့် ပါးလုပ်ကျင်းပါ။

၅။ သွားဆရာဝန်ဆီ တစ်နှစ်ကိုအနည်းဆုံး နှစ်ခေါက်လောက်တော့ သွားပါ။ သွားဆရာဝန်က သင့်ရဲ့ ခံတွင်းကိုသေချာစမ်းသပ်ပေးပြီး ခံတွင်းရောဂါတွေ ရှိနေရင်လည်း ကုသပေးနိုင်ပါတယ်။

၆။ ရေများများသောက်ပါ။ ရေများများသောက်ခြင်းပာာ ပါးစပ်ကို စိုစွတ်နေစေတဲ့အတွက် ပါးစပ်နံတာကို သက်သာစေပါတယ်။

၇။ မိမိစားသောက်တဲ့ အစားအသောက်တွေကို မှတ်ထားပါ။ မိမိစားသောက်တဲ့ အထဲက ပါးစပ်နံစေတယ်လို့ ထင်တဲ့ အစားအသောက်ကို မှတ်ထားပြီး ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဒီအတိုင်းပဲ ဆေးဝါးတွေ သောက်သုံးနေတာ ရှိရင်လည်း အဲဒီဆေးဝါးစာရင်းကို ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

ခံတွင်းနံ့နံနေတာပာာ အထက်ပါနည်းလမ်းတွေကို လုပ်ကြည့်လို့မှ မသက်သာလာဘူး ဆိုရင်တော့ မူရင်း အကြောင်းခံရောဂါ တစ်မျိုးမျိုးရှိနေနိုင်တဲ့အတွက် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သေချာတိုင်ပင် စစ်ဆေးသင့်ပါတယ် ခင်ဗျာ။

Credit : ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ
Myawady Health
https://www.facebook.com/pg/myawadyhealth

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top