iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး တစ္ေယာက္ရဲ႕ အခ်စ္ကို ရဖို႔ ႀကိဳးစားတဲ့ အခါမ်ိဳးမွာ ေယာက္်ားေ တြက သံုးတတ္တဲ့ အခ်စ္ဗ်ဴဟာ (၅)မ်ိဳးအေၾကာင္းကို ေဖာ္ျပခဲ့ဖူးပါတယ္။ဒီတစ္ ခါမွာေတာ့ အဲ့ဒီဗ်ဴဟာေတြကို ဘယ္လိုမ်ိဳး တန္ျပန္တိုက္စစ္ဆင္ၿပီး ျပန္ေခ်ရမလဲ ဆိုတဲ့ အေၾကာင္းကို ေဖာ္ျပေပးမွာပါ။တစ္ဖက္လူရဲ႕ စိတ္ကို ကစား၊မာယာေတြ သံုးၿပီး ကိုယ့္ဘက္ကို က်လာေအာင္၊တစ္နည္းအားျဖင့္ သူတို႔က လိုက္ေနရတဲ့ ဘ၀ကေန ကိုယ္က လိုက္ေနရတဲ့ ဘ၀ကကို ေရာက္ေအာင္ လုပ္တဲ့ အေ လွ်ာ႔အတင္း ဗ်ဴဟာေတြကို တန္တိုက္စစ္အျဖစ္ ေျပာင္း ခ်င္ရင္ေတာ့….

(၁)ရုတ္တရက္ အဆက္အသြယ္ျဖတ္ၿပီဆိုရင္…

ေန႔တိုင္း အဆက္အ သြယ္လုပ္၊ ဖုန္းဆက္၊မက္ေဆ့ခ်္ပို႔တာ၊ေန႔တိုင္း လာေစာင့္ တာမ်ိဳး လုပ္ၿပီးမွ ရုတ္တရက္ ေပ်ာက္ခ်က္သားေကာင္းသြားၿပီး အဆက္အ သြ ယ္ျဖတ္လိုက္တဲ့ အေျခအေနမ်ိဳးဆိုရင္ေတာ့ အရင္ဆံုး လုပ္ရမွာတစ္ခုရွိ ပါတ ယ္။ဒီၾကားထဲမွာ သူနဲ႔ကိုယ့္ၾကားမွာ ျပႆနာတစ္စံုတစ္ခု ရွိခဲ့လားဆိုတာကို အရင္ျပန္စဥ္းစားပါ။မရွိခဲ့ဘူးဆိုရင္ေတာ့ ဒီလိုခင္းလာတဲ့ ဗ်ဴဟာအတြက္ အေ ကာင္းဆံုး တန္ျပန္တဲ့နည္းကေတာ့ ဒီအတိုင္းထားလိုက္ပါ။ရုတ္တရက္ အ ဆက္အသြယ္ျဖတ္လိုက္တာေၾကာင့္ ရင္ထဲမွာ ေနရခက္ေနမယ္ဆိုတာ ကို လည္း သိေပမယ့္ သူအဆက္အသြယ္မလုပ္ရင္ ကိုယ္လည္း အဆက္အ သြယ္ မလုပ္တာက အေကာင္းဆံုးပါ။တကယ္ခ်စ္တယ္ဆိုရင္ ဘယ္လုိပဲ ျဖစ္ျဖစ္ သင့္ဆီကို သူေရာက္ေအာင္လာမွာပါ။

(၂)အဆက္အသြယ္ျပန္လုပ္လာခဲ့ရင္…

ဒီၾကားထဲမွာ သူ႔ဘက္ကေန ျပန္ၿပီး အဆက္အသြယ္လုပ္လာခဲ့ရင္ေတာ့ သင့္ အေပၚမွာထားတဲ့ သူ႔ရဲ႕ စိတ္က ေသခ်ာသေလာက္ရွိေနပါၿပီ။အဲ့ဒီလိုဆိုရင္ေတာ့ သင့္ဘက္ကေန အရင္ေလာက္ အရမ္းႀကီးေအးစက္မျပေတာ့ပဲ နည္းနည္းေလး လိုက္ေလ်ာညီေထြေနေပးပါ။ဥပမာ- အလုပ္ေတြအရမ္းမ်ားေနတယ္ထင္တယ္ ဆုိတဲ့စကားေလာက္ေတာ႔ေျပာၿပီး ေလာက၀တ္ျပဳေပးလိုက္ပါ။ ဒီစကားေလာ က္ဆိုရင္ေတာ့ ေတာ္ရံု ေယာက္်ား ဆိုရင္ သင္သူ႔ကို ေမွ်ာ္ေနတယ္ဆိုတာကိုလ ည္း သေဘာေပါက္မွာပါ။

(၃)တျခားမိန္းကေလးေတြနဲ႔ရင္းရင္းႏွီးႏွီးေနျပရင္..

ဒီနည္းကေတာ့ သင့္စိတ္ကို သ၀န္တုိလာေအာင္ လုပ္ၿပီး အခ်စ္ကို ဆြဲထုတ္ ခ်င္ရင္ သံုးတဲ့နည္းပါ။အေကာင္းဆံုးနည္းကေတာ့ မသိခ်င္ေယာင္ေဆာင္ၿပီး ေအးေဆးေလးေနျပလိုက္တာပါ။ဒီလိုဆိုရင္ေတာ့ သင့္စိတ္ကို နည္းနည္းေလး ကသိကေအာက္လုပ္ခ်င္တဲ့ သူ႔ရဲ႕ဗ်ဴဟာက သူ႔ကိုျပန္ထိသြားပါလိမ့္မယ္။ တ ကယ္လို႔မ်ား သင့္စိတ္က သူ႔ဘက္ကို အရမ္းပါေနတယ္။သိပ္ၿပီးေတာ့ မူမေန ခ်င္ေတာ့ဘူးဆိုရင္ေတာ့ စိတ္ဆိုး၊စိတ္ေကာက္ခ်င္ေယာင္ေဆာင္ျပလိုက္ပါ။အဲ့ ဒီလိုဆိုရင္ေတာ့ သူ႔ဘက္က ျပန္လိုက္ေခ်ာ႔ပါလိမ့္မယ္။သ၀န္တို ျပတာထက္ စာရင္ စိတ္ဆုိးျပလိုက္တာက ပိုေကာင္းတဲ့နည္းပါ။(အနည္းဆံုးေတာ့ ျပန္အေခ်ာ႔ခံရႏိုင္တယ္ေလ)

(၄)ေနာက္က်ၿပီးမွ Reply ျပန္တာ၊ဖုန္းမကိုင္တာေတြဆိုရင္…..

ခ်က္ခ်င္း reply ျပန္ရင္ ရရဲ႕သားနဲ႔ ကိုယ့္ကို တမင္ေစာင့္ေနရေအာင္လုပ္တဲ့ အကြက္ေတြကို ခ်ိဳးေနၿပီဆိုရင္ေတာ့ တစ္ခါပို႔လို႔မွ reply မလာတဲ့ မက္ေဆ့ခ်္၊ ကိုယ္ဆက္လို႔မွ ျပန္မဆက္ပဲ တမင္ေစာင့္ခိုင္းထားတ့ဲ ဖုနး္ calls မ်ိဳးကို ဘယ္ေတာ့ မွ အခ်ိန္ကုန္ခံမေစာင့္ပါနဲ႔။တစ္ႀကိမ္ကေန ႏွစ္ႀကိမ္ ကိုယ့္ဘက္ ကေန မက္ေဆ့ခ်္ပို႔တာ၊ဖုန္းေခၚတာမ်ိဳးလည္း မလုပ္ပါနဲ႔။သူျပန္ဆက္တဲ့ အခါမွာလည္း မကိုင္ပဲ၊ခ်က္ခ်င္း reply မျပန္ပဲထားၿပီး လက္စားေခ်လိုက္တာက အေကာင္းဆံုးနည္းပါ။ကိုယ့္ေစာင့္ခဲ့ရတဲ့ အခ်ိန္ထက္ သူ႔ကို ႏွစ္ဆ ျပန္ေစာင့္ရေအာင္ လုပ္လိုက္ပါ။

(၅)ရုတ္တရက္ ေအးစက္ျပလိုက္ရင္….

အရင္တုန္းကေတာ့ သူ႔ဘက္ေန သင့္ကို ခခယယလိုက္ေန၊အရမ္းကို ေႏြးေထြး၊ အရမ္းဂရုစိုက္ျပခဲ့ၿပီးမွ ရုတ္တရက္ႀကီး သူ႔ဘက္ကေရာ၊ကိုယ့္ဘက္မွာပါ ဘာ အေၾကာင္းတစ္စံုတစ္ရာမွ မရွိပဲ ေအးစက္သြားၿပီလား..?ဒီလိုဆိုရင္ေတာ့ ငါ ဘာမ်ားမွားသြားလို႔လဲ..?လို႔ေတြးၿပီး အေလာတႀကီး သူ႔ေနာက္ကို လိုက္ဖို႔ မ စဥ္းစားပါနဲ႔။အရင္ဆံုး သူနဲ႔ကိုယ့္ၾကားမွာ ထူးထူးျခားျခား အဆင္မေျပတာ၊ျ  ပႆနာ ျဖစ္ခဲ့တာေတြရွိလား ျပန္စဥ္းစားပါ။အဲ့ဒီလိုမရွိခဲ့ရင္ေတာ့ ျဖစ္ႏိုင္ေခ်က ႏွစ္ခုရွိပါတယ္။ေနာက္တစ္ေယာက္ေျပာင္းတာ (သို႔)သင္သူ႔ဆီကို ေၾကြက် လာေအာင္ သံုးလိုက္တဲ့ အျပင္းစားစိတ္ဓါတ္စစ္ဆင္ေရးနည္း။ဒီအထဲက ပထမတစ္ခ်က္ဆိုရင္ေတာ့ လိုက္မေနပါနဲ႔။ဒီတိုင္းထားလိုက္ပါ။

အဲ့ဒီလိုမဟုတ္ဘူးဆိုရင္ေတာ့ ဒါဟာ သင့္ကိုစိတ္ဓါတ္စစ္ဆင္ေရးဆင္း လိုက္ တာပါ။ဒီေနရာမွာ ေရြးစရာႏွစ္ခုရွိပါတယ္။သင္က စိတ္ဓါတ္မာၿပီး တကယ့္အ ဆံုးထိ တိုက္ပြဲ၀င္သြားမွာလား(ဒါမွမဟုတ္)အဲ့ဒီ လိုေတြ မဟုတ္ပဲ မူမေနခ်င္ေ တာ့ ဘူးဆိုၿပီးလက္ေျမွာက္ အရႈံးေပးမွာလား..?ပထမအခ်က္ဆိုရင္ေတာ့ တန္ျပ န္နည္း က ဒီအတိုင္းထားလိုက္ပါ။သူမရွိလည္း (ေသခ်ာေပါက္ရင္ထဲမွာ ဟာေန မွာဆိုေပမယ့္)အျပင္မွာေတာ့ ဘာမွမျဖစ္သလို ေနျပလိုက္ပါ။အဲ့လိုမွ မဟုတ္ဘူး ဆိုရင္ေတာ့ နည္းနည္းေလး ေႏြးေထြးေပ်ာ႔ေပ်ာင္းေပးလိုက္ပါ။အရမ္းႀကီးလည္း မဟုတ္ပဲ..ဒီအတိုင္းအာလပသလာပစကားေလးေတြ ေျပာၿပီး သူ႔စိတ္ကို တီးေ ခါက္ၾကည့္လိုက္ပါ။ကိုယ္နဲ႔ပတ္သက္ၿပီး သူ႔စိတ္ဘယ္လိုရွိေနေသးလဲဆိုတာကို စကားေျပာၾကည့္လိုက္ရင္ သိပါတယ္။ဒီေနရာမွာေတာ့ အေျခအေနကို ၾကည့္ၿပီး ေရွ႕ဆက္တိုးသင့္၊မတိုးသင့္ကိုေတာ့ မီးစင္ၾကည့္ကဖို႔ တိုက္တြန္းခ်င္ပါတယ္။ အခ်စ္ေရးမွာ အဆင္ေျပၾကပါေစ..

Credit:Nilar(auntymay)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို ရဖို့ ကြိုးစားတဲ့ အခါမျိုးမှာ ယောက်ျားေ တွက သုံးတတ်တဲ့ အချစ်ဗျူဟာ (၅)မျိုးအကြောင်းကို ဖော်ပြခဲ့ဖူးပါတယ်။ဒီတစ် ခါမှာတော့ အဲ့ဒီဗျူဟာတွေကို ဘယ်လိုမျိုး တန်ပြန်တိုက်စစ်ဆင်ပြီး ပြန်ချေရမလဲ ဆိုတဲ့ အကြောင်းကို ဖော်ပြပေးမှာပါ။တစ်ဖက်လူရဲ့ စိတ်ကို ကစား၊မာယာတွေ သုံးပြီး ကိုယ့်ဘက်ကို ကျလာအောင်၊တစ်နည်းအားဖြင့် သူတို့က လိုက်နေရတဲ့ ဘဝကနေ ကိုယ်က လိုက်နေရတဲ့ ဘဝကကို ရောက်အောင် လုပ်တဲ့ အေ လျှာ့အတင်း ဗျူဟာတွေကို တန်တိုက်စစ်အဖြစ် ပြောင်း ချင်ရင်တော့….

(၁)ရုတ်တရက် အဆက်အသွယ်ဖြတ်ပြီဆိုရင်…

နေ့တိုင်း အဆက်အ သွယ်လုပ်၊ ဖုန်းဆက်၊မက်ဆေ့ချ်ပို့တာ၊နေ့တိုင်း လာစောင့် တာမျိုး လုပ်ပြီးမှ ရုတ်တရက် ပျောက်ချက်သားကောင်းသွားပြီး အဆက်အ သွ ယ်ဖြတ်လိုက်တဲ့ အခြေအနေမျိုးဆိုရင်တော့ အရင်ဆုံး လုပ်ရမှာတစ်ခုရှိ ပါတ ယ်။ဒီကြားထဲမှာ သူနဲ့ကိုယ့်ကြားမှာ ပြဿနာတစ်စုံတစ်ခု ရှိခဲ့လားဆိုတာကို အရင်ပြန်စဉ်းစားပါ။မရှိခဲ့ဘူးဆိုရင်တော့ ဒီလိုခင်းလာတဲ့ ဗျူဟာအတွက် အေ ကာင်းဆုံး တန်ပြန်တဲ့နည်းကတော့ ဒီအတိုင်းထားလိုက်ပါ။ရုတ်တရက် အ ဆက်အသွယ်ဖြတ်လိုက်တာကြောင့် ရင်ထဲမှာ နေရခက်နေမယ်ဆိုတာ ကို လည်း သိပေမယ့် သူအဆက်အသွယ်မလုပ်ရင် ကိုယ်လည်း အဆက်အ သွယ် မလုပ်တာက အကောင်းဆုံးပါ။တကယ်ချစ်တယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် သင့်ဆီကို သူရောက်အောင်လာမှာပါ။

(၂)အဆက်အသွယ်ပြန်လုပ်လာခဲ့ရင်…

ဒီကြားထဲမှာ သူ့ဘက်ကနေ ပြန်ပြီး အဆက်အသွယ်လုပ်လာခဲ့ရင်တော့ သင့် အပေါ်မှာထားတဲ့ သူ့ရဲ့ စိတ်က သေချာသလောက်ရှိနေပါပြီ။အဲ့ဒီလိုဆိုရင်တော့ သင့်ဘက်ကနေ အရင်လောက် အရမ်းကြီးအေးစက်မပြတော့ပဲ နည်းနည်းလေး လိုက်လျောညီထွေနေပေးပါ။ဥပမာ- အလုပ်တွေအရမ်းများနေတယ်ထင်တယ် ဆိုတဲ့စကားလောက်တော့ပြောပြီး လောကဝတ်ပြုပေးလိုက်ပါ။ ဒီစကားလော က်ဆိုရင်တော့ တော်ရုံ ယောက်ျား ဆိုရင် သင်သူ့ကို မျှော်နေတယ်ဆိုတာကိုလ ည်း သဘောပေါက်မှာပါ။

(၃)တခြားမိန်းကလေးတွေနဲ့ရင်းရင်းနှီးနှီးနေပြရင်..

ဒီနည်းကတော့ သင့်စိတ်ကို သဝန်တိုလာအောင် လုပ်ပြီး အချစ်ကို ဆွဲထုတ် ချင်ရင် သုံးတဲ့နည်းပါ။အကောင်းဆုံးနည်းကတော့ မသိချင်ယောင်ဆောင်ပြီး အေးဆေးလေးနေပြလိုက်တာပါ။ဒီလိုဆိုရင်တော့ သင့်စိတ်ကို နည်းနည်းလေး ကသိကအောက်လုပ်ချင်တဲ့ သူ့ရဲ့ဗျူဟာက သူ့ကိုပြန်ထိသွားပါလိမ့်မယ်။ တ ကယ်လို့များ သင့်စိတ်က သူ့ဘက်ကို အရမ်းပါနေတယ်။သိပ်ပြီးတော့ မူမနေ ချင်တော့ဘူးဆိုရင်တော့ စိတ်ဆိုး၊စိတ်ကောက်ချင်ယောင်ဆောင်ပြလိုက်ပါ။အဲ့ ဒီလိုဆိုရင်တော့ သူ့ဘက်က ပြန်လိုက်ချော့ပါလိမ့်မယ်။သဝန်တို ပြတာထက် စာရင် စိတ်ဆိုးပြလိုက်တာက ပိုကောင်းတဲ့နည်းပါ။(အနည်းဆုံးတော့ ပြန်အချော့ခံရနိုင်တယ်လေ)

(၄)နောက်ကျပြီးမှ Reply ပြန်တာ၊ဖုန်းမကိုင်တာတွေဆိုရင်…..

ချက်ချင်း reply ပြန်ရင် ရရဲ့သားနဲ့ ကိုယ့်ကို တမင်စောင့်နေရအောင်လုပ်တဲ့ အကွက်တွေကို ချိုးနေပြီဆိုရင်တော့ တစ်ခါပို့လို့မှ reply မလာတဲ့ မက်ဆေ့ချ်၊ ကိုယ်ဆက်လို့မှ ပြန်မဆက်ပဲ တမင်စောင့်ခိုင်းထားတဲ့ ဖုန်း calls မျိုးကို ဘယ်တော့ မှ အချိန်ကုန်ခံမစောင့်ပါနဲ့။တစ်ကြိမ်ကနေ နှစ်ကြိမ် ကိုယ့်ဘက် ကနေ မက်ဆေ့ချ်ပို့တာ၊ဖုန်းခေါ်တာမျိုးလည်း မလုပ်ပါနဲ့။သူပြန်ဆက်တဲ့ အခါမှာလည်း မကိုင်ပဲ၊ချက်ချင်း reply မပြန်ပဲထားပြီး လက်စားချေလိုက်တာက အကောင်းဆုံးနည်းပါ။ကိုယ့်စောင့်ခဲ့ရတဲ့ အချိန်ထက် သူ့ကို နှစ်ဆ ပြန်စောင့်ရအောင် လုပ်လိုက်ပါ။

(၅)ရုတ်တရက် အေးစက်ပြလိုက်ရင်….

အရင်တုန်းကတော့ သူ့ဘက်နေ သင့်ကို ခခယယလိုက်နေ၊အရမ်းကို နွေးထွေး၊ အရမ်းဂရုစိုက်ပြခဲ့ပြီးမှ ရုတ်တရက်ကြီး သူ့ဘက်ကရော၊ကိုယ့်ဘက်မှာပါ ဘာ အကြောင်းတစ်စုံတစ်ရာမှ မရှိပဲ အေးစက်သွားပြီလား..?ဒီလိုဆိုရင်တော့ ငါ ဘာများမှားသွားလို့လဲ..?လို့တွေးပြီး အလောတကြီး သူ့နောက်ကို လိုက်ဖို့ မ စဉ်းစားပါနဲ့။အရင်ဆုံး သူနဲ့ကိုယ့်ကြားမှာ ထူးထူးခြားခြား အဆင်မပြေတာ၊ြ  ပဿနာ ဖြစ်ခဲ့တာတွေရှိလား ပြန်စဉ်းစားပါ။အဲ့ဒီလိုမရှိခဲ့ရင်တော့ ဖြစ်နိုင်ချေက နှစ်ခုရှိပါတယ်။နောက်တစ်ယောက်ပြောင်းတာ (သို့)သင်သူ့ဆီကို ကြွေကျ လာအောင် သုံးလိုက်တဲ့ အပြင်းစားစိတ်ဓါတ်စစ်ဆင်ရေးနည်း။ဒီအထဲက ပထမတစ်ချက်ဆိုရင်တော့ လိုက်မနေပါနဲ့။ဒီတိုင်းထားလိုက်ပါ။

အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒါဟာ သင့်ကိုစိတ်ဓါတ်စစ်ဆင်ရေးဆင်း လိုက် တာပါ။ဒီနေရာမှာ ရွေးစရာနှစ်ခုရှိပါတယ်။သင်က စိတ်ဓါတ်မာပြီး တကယ့်အ ဆုံးထိ တိုက်ပွဲဝင်သွားမှာလား(ဒါမှမဟုတ်)အဲ့ဒီ လိုတွေ မဟုတ်ပဲ မူမနေချင်ေ တာ့ ဘူးဆိုပြီးလက်မြှောက် အရှုံးပေးမှာလား..?ပထမအချက်ဆိုရင်တော့ တန်ပြ န်နည်း က ဒီအတိုင်းထားလိုက်ပါ။သူမရှိလည်း (သေချာပေါက်ရင်ထဲမှာ ဟာနေ မှာဆိုပေမယ့်)အပြင်မှာတော့ ဘာမှမဖြစ်သလို နေပြလိုက်ပါ။အဲ့လိုမှ မဟုတ်ဘူး ဆိုရင်တော့ နည်းနည်းလေး နွေးထွေးပျော့ပျောင်းပေးလိုက်ပါ။အရမ်းကြီးလည်း မဟုတ်ပဲ..ဒီအတိုင်းအာလပသလာပစကားလေးတွေ ပြောပြီး သူ့စိတ်ကို တီးေ ခါက်ကြည့်လိုက်ပါ။ကိုယ်နဲ့ပတ်သက်ပြီး သူ့စိတ်ဘယ်လိုရှိနေသေးလဲဆိုတာကို စကားပြောကြည့်လိုက်ရင် သိပါတယ်။ဒီနေရာမှာတော့ အခြေအနေကို ကြည့်ပြီး ရှေ့ဆက်တိုးသင့်၊မတိုးသင့်ကိုတော့ မီးစင်ကြည့်ကဖို့ တိုက်တွန်းချင်ပါတယ်။ အချစ်ရေးမှာ အဆင်ပြေကြပါစေ..

Credit:Nilar(auntymay)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top