iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
အမျိုးသမီးတွေနဲ့ အမျိုးသားတွေအကြား စကားများ ရန်ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ဆံပင်ပုံစံကြောင့်လည်း ပါဝင်ပါတယ်။ တစ်ချို့က မိန်းကလေးတွေကို ဆံပင်ရှည်ရှည်နဲ့ ရှိစေချင်ပြီး တစ်ချို့ကတော့ ဆံပင်တိုတိုနဲ့သာ ရှိစေချင်ပါတယ်။
ရှည်နေတုန်းမှာ ချက်ချင်းညှပ်လိုက်လို့ရပေမယ့် တိုနေတုန်းမှာတော့ ဆံပင်တွေကို ချက်ခြင်းရှည်လာအောင် လုပ်လို့မရပါဘူး။ ဒါပေမယ့် မြန်မြန် ဆံပင်ရှည်လာအောင်တော့ လုပ်လို့ရပါတယ်။ ဆံပင်မြန်မြန် ရှည်လာစေမယ့် အကောင်းဆုံးနည်းလမ်း (၇) ခု ရှိပါတယ်။
၁။ ခေါင်းလျှော်ရည် ကောင်းကောင်းသုံးပါ။
၂။ မကြာမကြာ ခေါင်းလျှော်ပေးပါ။
၃။ ခေါင်းလျှော်တဲ့အခါတိုင်း ရေအေးသာသုံးပါ။ ဆံပင်ကျွတ် သက်သာစေပြီး အရှည်မြန်စေပါတယ်။
၄။ ခေါင်းသေသေချာချာ ဖြီးပါ။ ဆံပင်ရှင်းပါ။
၅။ ဆံပင်အနားစတွေကို ညီညီလေး ညှပ်ပေးထားပါ။ အဖျားမကောင်းတဲ့ ဆံပင်တွေကရှိရင် အရှည် နှေးကွေးစေပါတယ်။
၆။ အစားအသောက်ဂရုစိုက်ပါ။ အစားအသောက်နဲ့ ဆံပင်ကောင်းခြင်းကလည်း သက်ဆိုင်လျှက် ရှိပါတယ်။ ငါး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။
၇။ ရေများများသောက်ပါ။ ရေဓာတ် မလုံလောက်ရင် အသားအရေနဲ့ ဆံသားကို ထိခိုက်စေပါတယ်။ တစ်နေ့ကို ရေ ရှစ်ခွက်လောက် သောက်သင့်ပါတယ်။
Credit:အောင်မြင့်မြတ်(Myanmar Youths)
https://www.facebook.com/pg/myawadyhealth
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top