iMyanmarHouse.com - Best Property Website for Myanmar
×
Rxtcs1utsckoo8h893lx
A2gyj861a0fgu5k8t26k
Credit:Momolay
#Unicode Version
ခြေသလုံး သေးသေးသွယ်သွယ် လှလှလေးတွေ ပိုင်ဆိုင်ရဖို့အတွက် ခြေသလုံးက အဆီတွေကို ဖယ်ရှားပစ်ဖို့ လိုသလို ကျစ်လစ်တဲ့ ကြွက်သားလေးတွေ ရရှိနေဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးတွေ တစ်နေ့ကို အပချိန်(၁၅) မိနစ်လောက် ပေးပြီး လုပ်ဆောင်မယ်ဆိုရင် သေးသွယ်လှပတဲ့ ခြေသလုံးလေးကို ပိုင်ဆိုင် ရရှိနိုင်ပါတယ်။ မနက်၊ ည ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပြုလုပ်လို့ ရတယ်နော်။
ပထမဆုံး ခြေထောက်ဆင်းထားတဲ့ အနေအထားအတိုင်း နေပြီး ခါးကိုမတ်ထားပါ။ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းထုတ်ပါ။ ဆန့်တန်းထားတဲ့ လက်နဲ့ ခြေမကိုထိပါ။ ခြေမကို ထိထားရင်း အမှတ်စဉ်(၁) ကနေ (၅) အထိ ရေတွက်ပြီး မူလအနေအထားအတိုင်း ပြန်ထားပေးပါ။ နောက်တစ်ခေါက် ထပ်လုပ်ပေးပါ။
ဒုတိယနည်းကတော့ ခါးမတ်မတ်ထားကာ မတ်တပ်ရပ်ထားပြီး လက်နှစ်ဖက်ကိုတော့ ဘေးမှာ ကပ်ထားပေးပါ။ ပြီးရင်ခြေမကို အားပြုကာ ခြေဖဝါးထောက်ပါ။ ပြီးရင် ပြန်ချပါ။ တလှည့်စီ ပြုလုပ်ပေးပါ။
တတိယနည်းကတော့ ပထမဆုံး မတ်တပ် မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းထားပါ။ ညာဘက်ခြေထောက်ကို ဘေးသို့ပို့ကာ အနောက်ဘက်သို့ ခပ်ဖြည်းဖြည်းလေး လွဲပေးပါ။ ပြီးရင် ခြေထောက်ပြန်စုပါ။ ထို့နောက် ဘယ်ညာတစ်လှည့်စီ ပြုလုပ်ပေးပါ။
ဒီလေ့ကျင့်ခန်းလေးတွေ အကုန်လုံး နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ သေးသွယ်ကျစ်လစ်လှပတဲ့ ခြေသလုံးလေးတွေ မလွဲမသွေ ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။
Credit:Momolay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top