iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာက္ခ်ဥ္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ား သိထားဖူးၿပီးသား ျဖစ္မွာပါ။ ဒါေပမယ့္ ေက်ာက္ခ်ဥ္ရဲ႕ အလွအပဆိုင္ရာအတြက္ အသံုး၀င္ပံုကိုေတာ့ သိသူနည္းပါးပါတယ္။ ေက်ာက္ခ်ဥ္ကို အလွအပဆိုင္ရာအတြက္ ဒီလိုေလးေတြ အသံုးျပဳၾကမယ္ေနာ္…

၀က္ျခံအတြက္ဆိုရင္ေတာ့ ေက်ာက္ခ်ဥ္ကို ေရစိမ္ထားပါ။ ေက်ာက္ခ်ဥ္ေရ စားပြဲတင္ဇြန္း(၁) ဇြန္းနဲ႔ ႏွင္းဆီရည္ စားပြဲတင္ဇြန္း (၂) ဇြန္းစာကို ေရာစပ္ၿပီး ၀က္ျခံဖုေတြေနရာမွာ လိမ္းထားေပးပါ။ အနည္းငယ္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ႏိုင္ပါတယ္။ မ်က္ႏွာသစ္ေဆး အသံုးမျပဳပဲ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္ပါ။ တစ္ပတ္ကိ္ု(၂) ႀကိမ္ ျပဳလုပ္လို႔ရၿပီး ၀က္ျခံရွိတဲ့ေနရာကိုသာ လိမ္းေပးပါ။

ေက်ာက္ခ်ဥ္ကို ေနာက္ထပ္ အသံုးျပဳႏိုင္တဲ့ေနရာကေတာ့ ခ်ိုဳင္းပါ။ ခ်ိဳင္းေခၽြးနံထြက္ျခင္းေတြကို အလ်င္ျမန္ဆံုး ေပ်ာက္ကင္းေစဖို႔ဆိုရင္ေတာ့ ေက်ာက္ခ်ဥ္ကို ေသြးလိမ္းလို႔ ရသလို ေရစိမ္ထားၿပီး ေက်ာက္ခ်ဥ္စိမ္ေရကိုလည္း လိမ္းလို႔ရပါတယ္။

ေျခဖေနာင့္အက္ကြဲလို႔ နာက်င္ေ၀ဒနာ ခံစားေနရတယ္ဆိုရင္ေတာ့ ေက်ာက္ခ်ဥ္ကို ေရစိမ္ထားၿပီး ေရစိမ္ထားတဲ့အရည္ထဲကို ပ်ားရည္ လက္ဖက္စားဇြန္း(၁) ဇြန္းနဲ႔ အုန္းဆီအနည္းငယ္တို႔ကို ေရာကာ ေျခဖေနာင့္မွာ လိမ္းေပးပါ။ ေျခာက္သြားတဲ့အခါ ေရေႏြးေလးနဲ႔ ေဆးေပးပါ။ (၂) ၾကိမ္ေလာက္ ျပဳလုပ္ေပးမယ္ဆိုရင္ သိသိသာသာ သက္သာလာမွာ အေသအခ်ာပါပဲ။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကျောက်ချဉ်ကိုတော့ တော်တော်များများ သိထားဖူးပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ကျောက်ချဉ်ရဲ့ အလှအပဆိုင်ရာအတွက် အသုံးဝင်ပုံကိုတော့ သိသူနည်းပါးပါတယ်။ ကျောက်ချဉ်ကို အလှအပဆိုင်ရာအတွက် ဒီလိုလေးတွေ အသုံးပြုကြမယ်နော်…

ဝက်ခြံအတွက်ဆိုရင်တော့ ကျောက်ချဉ်ကို ရေစိမ်ထားပါ။ ကျောက်ချဉ်ရေ စားပွဲတင်ဇွန်း(၁) ဇွန်းနဲ့ နှင်းဆီရည် စားပွဲတင်ဇွန်း (၂) ဇွန်းစာကို ရောစပ်ပြီး ဝက်ခြံဖုတွေနေရာမှာ လိမ်းထားပေးပါ။ အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ပါတယ်။ မျက်နှာသစ်ဆေး အသုံးမပြုပဲ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်ကို(၂) ကြိမ် ပြုလုပ်လို့ရပြီး ဝက်ခြံရှိတဲ့နေရာကိုသာ လိမ်းပေးပါ။

ကျောက်ချဉ်ကို နောက်ထပ် အသုံးပြုနိုင်တဲ့နေရာကတော့ ချိုုင်းပါ။ ချိုင်းချွေးနံထွက်ခြင်းတွေကို အလျင်မြန်ဆုံး ပျောက်ကင်းစေဖို့ဆိုရင်တော့ ကျောက်ချဉ်ကို သွေးလိမ်းလို့ ရသလို ရေစိမ်ထားပြီး ကျောက်ချဉ်စိမ်ရေကိုလည်း လိမ်းလို့ရပါတယ်။

ခြေဖနောင့်အက်ကွဲလို့ နာကျင်ဝေဒနာ ခံစားနေရတယ်ဆိုရင်တော့ ကျောက်ချဉ်ကို ရေစိမ်ထားပြီး ရေစိမ်ထားတဲ့အရည်ထဲကို ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ အုန်းဆီအနည်းငယ်တို့ကို ရောကာ ခြေဖနောင့်မှာ လိမ်းပေးပါ။ ခြောက်သွားတဲ့အခါ ရေနွေးလေးနဲ့ ဆေးပေးပါ။ (၂) ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် သိသိသာသာ သက်သာလာမှာ အသေအချာပါပဲ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top