iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Shwemom
#Unicode Version
မိဘများအနေနဲ့ ကလေးများကို ရိုက်နှက်သင့်လား၊ဒါမှမဟုတ် မရိုက်နှက်သင့်ဘူးလားဆိုတာ အခုအချိန်ထိ အကြီးအကျယ်ဆွေးနွေးနေကြရဆဲ အကြောင်းအရာတစ်ခုဖြစ်ပြီး ရိုက်သင့်တယ်လို့လက်ခံထားတဲ့ မိဘတွေရှိသလို မရိုက်သင့်ဘူးလို့ လက်ခံထားကြတဲ့ မိဘတွေလည်းရှိပါတယ်။ကလေးများကိုဆုံးမခြင်းဆိုင်ရာနည်းလမ်းများဟာအနုစိတ်ပြီး သေချာဆွေးနွေးကြရမဲ့ ပြဿနာတစ်ခုဖြစ်ပြီး ရိုက်သင့်တယ်ဆိုတဲ့ ယူဆချက်ကို ထောက်ခံနေတဲ့ အချက်တွေရှိသလို့ မရိုက်သင့်ဘူးဆိုတဲ့ ယူဆချက်ကို ထောက်ခံနေတဲ့ အချက်တွေလည်းရှိပါတယ်။
ဘာကြောင့် ကလေးသူငယ်တွေကို ရိုက်နှက်ခြင်းမပြုသင့်တာလဲ။
အမေရိကန်နိုင်ငံ တက်ဆက်စ်တက္ကသိုလ်နဲ့ မီချီဂန်တက္ကသိုလ်မှ သုတေသန ပညာရှင်များဟာ ကလေးကို ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်ပြီး စည်းကမ်းသွင်းပေးခြင်းရဲ့ အန္တရာယ်များကို လေ့လာခဲ့ကြပါတယ်။
ဒီလေ့လာချက်ကို အဲလိဇဘက် ဂါရှော့ (Elizabeth Gershoff) က ဦးဆောင်ခဲ့ပြီး အသက်အရွယ်အမျိုးမျိုးရှတဲ့ ကလေးပေါင်း ၁ သိန်း ၆ သောင်းခန့်ကို လေ့လာခဲ့ပြီး လေ့လာချက်ကို Kidspot ဂျာနယ်မှာ ပုံနှိပ်ခဲ့ပါတယ်။
သူတို့ရဲ့ လေ့လာချက်အရ တွေ့ရှိလာရတော့ကတော့ ကလေးကို ရိုက်နှက်ဆုံးမခြင်းဟာ မလိုလားအပ်တဲ့ ရလာဒ် အများအပြားကို ဖြစ်စေနိုင်ကြောင်းတွေ့ရှိခဲ့တယ် လို့ဆိုပါတယ်။မလိုလာအပ်တဲ့ ရလာဒ်အများအပြားထဲမှာ ရိုက်နှက်တတ်တဲ့ မိဘများအနေဖြင့် စဉ်းစားသင့်တဲ့ အချက်အလက်များစွာပါဝင်နေပြီး ရလာဒ်တွေကတော့ ၁။ စိတ်ကျန်းမာရေး ထိခိုက်ခြင်း၊၂။ဉာဏ်ရည်ဉာဏ်သွေးအားနည်းသွားခြင်း၊၃။ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်းကို စံ တစ်ခုအဖြစ် လက်ခံသွားနိုင်ခြင်း စတဲ့ အချက်တွေပါဝင်ပါတယ်။
ဒေါက်တာ ဂါရှော့ကတော့ ”  မိဘအများစုဟာ မှန်ကန်တဲ့ အကြောင်းပြချက်တွေနဲ့ သားသမီးတွေကို ရိုက်နှက်ကြတာ မှန်ပေမဲ့ ကျွန်မ တို့လေ့လာချက်အရ ကလေးများအမူအကျင့်တွေကို ပိုမိုကောင်းအောင် ရိုက်နှက်ဆုံးမ ခြင်းဟာ ဆန့်ကျင့်ဘက်ရလာဒ်တွေကိုသာ ဖြစ်စေတာကို တွေ့ရနိုင်ပါတယ်။ကလေးများကို ပိုပြီး ရိုက်လေ ထုလေမာလေဆိုသလို့ သူတို့ဟာ ပိုဆိုးလာမှာဖြစ်ပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။
ကလေးများကိုရိုက်နှက်ခြင်းထက်ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းရှိတယ် လို့ ဒေါက်တာ ဂါရှော့နဲ့ အဖွဲ့က ယုံကြည်နေပြီး ” ကျွန်မ တို့အနေနဲ့ မိဘတွေကို မရိုက်နှက်ကြပါနဲ့ လိုတားဆီးမဲ့အစား ဘယ်လိုဆုံးမပါဆိုတာကို ပြောပြဖို့ လိုအပ်နေပါသေးတယ် ” လို့ပြောကြားခဲ့ပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top