iMyanmarHouse.com - Best Property Website for Myanmar
×

သြားေတြ ၀ါေနလို႔ စိ္တ္ညစ္ေနၾကသူေ တြရွိ ရင္  သဘာ၀ပစၥည္းေလးေတြကို သံုးၿပီး ျဖဴေအာင္လုပ္ႏိုင္တဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ မီးဖိုေခ်ာင္ထဲမွာ အသင့္ရႏိုင္တဲ့ ပစၥည္းေလးေတြက သြားေတြကို ျဖဴ၀င္းေစ ပါတယ္။

#သံပရိုနဲ႔မုန္႔ဖုတ္ေဆာ္ဒါ

မုန္႔ဖုတ္ေဆာ္ဒါဟာ အ၀တ္ေတြမွာ စြန္းထင္းေနတဲ့ အရာေတြကိုသာမက သြားေတြမွာ စြန္းထင္းေနတဲ့ အရာေတြကိုလည္း ဖယ္ရွားေပးႏုိင္စြမ္းရွိပါတယ္။ အရင္ဆံုး မုန္႔ဖုုတ္ေဆာ္ဒါနဲ႔ သံပရိုကို ေရာပါ။ကိုယ္ဘယ္ေလာက္ သံုးမယ္ဆိုတဲ့ အေနအထားေပၚမူတည္ၿပီး သံပရိုတျခမ္းဆိုရင္ မုန္႔ဖုတ္ေဆာ္ဒါကို လက္ဖက္ ရည္ဇြန္းတစ္ဇြန္းေလာက္ နဲ႔ပ်စ္ေနေအာင္ ေရာပါ။ၿပီးရင္ေတာ့ သြားကိုတိုက္ေပး ရမွာ ျဖစ္ပါတယ္။တစ္မိနစ္ေလာက္ ၾကာေအာင္ထားၿပီး ေရနဲ႔ပလုတ္က်င္းပစ္ပါ။. ဒီနည္းကို တစ္ပတ္မွာ တစ္ႀကိမ္ပဲ အသံုးျပဳေပးပါ။ ၀ါညစ္ေနတဲ့ သြားေတြ သိသိ သာသာ ျဖဴလာပါလိိမ့္မယ္။

#ဆား

သဘာ၀သြားတိုက္ေဆးလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။ဆားနဲ႔မီးေသြး၊ (ဒါမွမဟု တ္) ဆားနဲ႔ မုန္႔ဖုတ္ေဆာ္ဒါကို ေရာပါ။ၿပီးရင္ေတာ့ ေရာထားတဲ့ အမႈန္႔ကို သြား ကို တိုက္ေပးရမွာပါ။သတိထားရမွာက ၾကမ္းၾကမ္းတမ္းတမ္းႀကီး မတိုက္ပါနဲ႔။ျဖ ည္းျဖည္းနဲ႔ညင္ညင္သာသာေလး တိုက္ေပးပါ။

#လိေမၼာ္ခြံ

လိေမၼာ္ခြံမွာလည္း သြားကို ျဖဴ၀င္းေစတဲ့ အစြမ္းသတၱိရွိပါတယ္။အသံုးျပဳ ရတာလည္း လြယ္ပါတယ္။လိေမၼာ္ခြံနဲ႔ ပြတ္တိုက္ေပးရံုပါပဲ။အိပ္ယာမ၀င္ခင္မွာ ပံုမွန္တိုက္ေပးရံုနဲ႔ သြားေတြျဖဴလာေစမွာျဖစ္ပါတယ္။လိေမၼာ္ခြံမွာ ဗီတာမင္ စီနဲ႔ကယ္လ္ဆီယမ္ပါတာေၾကာင့္ ဗက္တီးရီးယား၊မႈိနဲ႔ဗိုင္းရပ္စ္ေတြကို ေသေစႏိုင္တဲ့ အစြမ္းလည္းရွိပါတယ္။

#သစ္သီးနဲ႔ဟင္းသီးဟင္းရြက္

ပန္းသီး၊မုန္လ၀ါဥ၀ါ၊စေတာ္ဘယ္ရီနဲ႔တရုတ္နံနံတို႔ကိုလည္း သြားျဖဴေဆး အျဖစ္ သံုးလို႔ရ ပါတယ္။သူတို႔မွာဆိုရင္ ဗက္တီးရီးယားေတြနဲဲ႔သြားၾကားမွာ ကပ္ၿငိေနတဲ့ အရာေ တြကို ဖယ္ရွားေပးႏိုင္ပါတယ္။အဲဲ့ဒီအသီးေတြကို စားတဲ့အခါမွာ ျဖည္းျဖည္းနဲ႔ ေက်ညက္ေအာင္ ေသခ်ာ၀ါးစားေပးရင္လည္း သြား၀ါညစ္ေနတာေတြကို သက္သာေစၿပီး ျဖဴေဖြးလာေစပါတယ္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
သွားတွေ ဝါနေလို့ စိတ်ညစ်နေကြသူေ တွရှိ ရင်  သဘာဝပစ္စည်းလေးတွေကို သုံးပြီး ဖြူအောင်လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ မီးဖိုချောင်ထဲမှာ အသင့်ရနိုင်တဲ့ ပစ္စည်းလေးတွေက သွားတွေကို ဖြူဝင်းစေ ပါတယ်။

#သံပရိုနဲ့မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါဟာ အဝတ်တွေမှာ စွန်းထင်းနေတဲ့ အရာတွေကိုသာမက သွားတွေမှာ စွန်းထင်းနေတဲ့ အရာတွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အရင်ဆုံး မုန့်ဖုုတ်ဆော်ဒါနဲ့ သံပရိုကို ရောပါ။ကိုယ်ဘယ်လောက် သုံးမယ်ဆိုတဲ့ အနေအထားပေါ်မူတည်ပြီး သံပရိုတခြမ်းဆိုရင် မုန့်ဖုတ်ဆော်ဒါကို လက်ဖက် ရည်ဇွန်းတစ်ဇွန်းလောက် နဲ့ပျစ်နေအောင် ရောပါ။ပြီးရင်တော့ သွားကိုတိုက်ပေး ရမှာ ဖြစ်ပါတယ်။တစ်မိနစ်လောက် ကြာအောင်ထားပြီး ရေနဲ့ပလုတ်ကျင်းပစ်ပါ။. ဒီနည်းကို တစ်ပတ်မှာ တစ်ကြိမ်ပဲ အသုံးပြုပေးပါ။ ဝါညစ်နေတဲ့ သွားတွေ သိသိ သာသာ ဖြူလာပါလိမ့်မယ်။

#ဆား

သဘာဝသွားတိုက်ဆေးလို့တောင် ပြောလို့ရပါတယ်။ဆားနဲ့မီးသွေး၊ (ဒါမှမဟု တ်) ဆားနဲ့ မုန့်ဖုတ်ဆော်ဒါကို ရောပါ။ပြီးရင်တော့ ရောထားတဲ့ အမှုန့်ကို သွား ကို တိုက်ပေးရမှာပါ။သတိထားရမှာက ကြမ်းကြမ်းတမ်းတမ်းကြီး မတိုက်ပါနဲ့။ဖြ ည်းဖြည်းနဲ့ညင်ညင်သာသာလေး တိုက်ပေးပါ။

#လိမ္မော်ခွံ

လိမ္မော်ခွံမှာလည်း သွားကို ဖြူဝင်းစေတဲ့ အစွမ်းသတ္တိရှိပါတယ်။အသုံးပြု ရတာလည်း လွယ်ပါတယ်။လိမ္မော်ခွံနဲ့ ပွတ်တိုက်ပေးရုံပါပဲ။အိပ်ယာမဝင်ခင်မှာ ပုံမှန်တိုက်ပေးရုံနဲ့ သွားတွေဖြူလာစေမှာဖြစ်ပါတယ်။လိမ္မော်ခွံမှာ ဗီတာမင် စီနဲ့ကယ်လ်ဆီယမ်ပါတာကြောင့် ဗက်တီးရီးယား၊မှိုနဲ့ဗိုင်းရပ်စ်တွေကို သေစေနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

#သစ်သီးနဲ့ဟင်းသီးဟင်းရွက်

ပန်းသီး၊မုန်လဝါဥဝါ၊စတော်ဘယ်ရီနဲ့တရုတ်နံနံတို့ကိုလည်း သွားဖြူဆေး အဖြစ် သုံးလို့ရ ပါတယ်။သူတို့မှာဆိုရင် ဗက်တီးရီးယားတွေနဲ့သွားကြားမှာ ကပ်ငြိနေတဲ့ အရာေ တွကို ဖယ်ရှားပေးနိုင်ပါတယ်။အဲ့ဒီအသီးတွေကို စားတဲ့အခါမှာ ဖြည်းဖြည်းနဲ့ ကျေညက်အောင် သေချာဝါးစားပေးရင်လည်း သွားဝါညစ်နေတာတွေကို သက်သာစေပြီး ဖြူဖွေးလာစေပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top