iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္ႏို႔ရည္ဟာ ကင္ဆာေရာဂါေၾကာင့္ ျဖစ္ေပၚလာတဲ့ အဖုအႀကိတ္ဆဲလ္ေတြကို ေခ်မႈန္းႏိုင္ေၾကာင္း ဆြီဒင္ႏိုင္ငံရွိ သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႔ရွိခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဆီးအိမ္ကင္ဆာ ခံစားေနရသူေတြကို မိခင္ႏို႔ရည္အသံုးျပဳကာ စမ္းသပ္ကုသရာမွာ တိုးတက္ေကာင္းမြန္မႈရွိလာတယ္လို႔ သိရပါတယ္။

ႏို႔ရည္ထဲမွာပါဝင္တဲ့ Hamlet လို႔ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးဟာ အူသိမ္အူမကင္ဆာနဲ႔ သားအိမ္ကင္ဆာတုိ႔ကို ကုသရာမွာ အေထာက္အကူျဖစ္ေစတယ္လို႔ သုေတသီေတြက ယံုၾကည္ၾကပါတယ္။ ဓာတ္ေရာင္ျခည္သံုးၿပီးကုသတဲ့နည္းလိုမ်ိဳး ေကာင္းတဲ့ဆဲလ္ေတြကို ထိခိုက္ေစျခင္းမရွိဘဲနဲ႔ ကင္ဆာဆဲလ္ေတြကိုသာ ဖ်က္ဆီးပစ္တယ္လို႔ ဆိုပါတယ္။

Hamlet ရဲ႕ အစြမ္းသတၱိကို ေတြ႔ရွိခဲ့သူက ဆြီဒင္ႏိုင္ငံ Lund တကၠသိုလ္ရွိ ပဋိဇီဝေဗဒပညာ႐ွင္ ပါေမာကၡ Svanborg ျဖစ္ပါတယ္။ ေလ့လာမႈထဲမွာ မိခင္ႏို႔ရည္နဲ႔ လူသားေတြမွာရွိေနတဲ့ အႀကိတ္ဆဲလ္ေတြကို လက္ေတြ႔အသံုးျပဳခဲ့ၾကတယ္လို႔ သူမက ေျပာပါတယ္။ ႏို႔ရည္ထဲမွာပါတဲ့ Hamlet ျဒပ္ေပါင္းကို ထည့္သြင္းလိုက္တဲ့အခါ အႀကိတ္ဆဲလ္ေတြေသသြားတယ္လို႔ ဆုိပါတယ္။

ယင္းအရာက ကင္ဆာဆဲဲလ္ေတြကို နည္းလမ္းေပါင္းမ်ားစြာနဲ႔ တုိက္ခိုက္ပါတယ္။ ဆဲလ္ရဲ႕အဓိကစြမ္းအင္ရင္းျမစ္ကို ျဖတ္ထုတ္တဲ့နည္းနဲဲ႔ အဆံုးသတ္အႏိုင္ယူလိုက္တာပါ။ ယခုစမ္းသပ္မႈမွာေတာ့ ဆီးအိတ္ကင္ဆာရွိသူေတြထံ Hamlet ကို ထိုးသြင္းတဲ့နည္းနဲ႔ စမ္းသပ္ရာမွာ ရက္ပိုင္းအတြင္း အႀကိတ္ဆဲလ္ေသေတြကို ဆီးထဲမွာေတြ႔လာရတာျဖစ္ပါတယ္။ ခုေတာ့ အေသးစိတ္က်တဲ့ စမ္းသပ္မႈေတြကို ဆက္လက္လုပ္ေဆာင္ဖုိ႔ ျပင္ဆင္ေနၾကပါၿပီ။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိခင်နို့ရည်ဟာ ကင်ဆာရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အဖုအကြိတ်ဆဲလ်တွေကို ချေမှုန်းနိုင်ကြောင်း ဆွီဒင်နိုင်ငံရှိ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ဆီးအိမ်ကင်ဆာ ခံစားနေရသူတွေကို မိခင်နို့ရည်အသုံးပြုကာ စမ်းသပ်ကုသရာမှာ တိုးတက်ကောင်းမွန်မှုရှိလာတယ်လို့ သိရပါတယ်။

နို့ရည်ထဲမှာပါဝင်တဲ့ Hamlet လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ အူသိမ်အူမကင်ဆာနဲ့ သားအိမ်ကင်ဆာတို့ကို ကုသရာမှာ အထောက်အကူဖြစ်စေတယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ ဓာတ်ရောင်ခြည်သုံးပြီးကုသတဲ့နည်းလိုမျိုး ကောင်းတဲ့ဆဲလ်တွေကို ထိခိုက်စေခြင်းမရှိဘဲနဲ့ ကင်ဆာဆဲလ်တွေကိုသာ ဖျက်ဆီးပစ်တယ်လို့ ဆိုပါတယ်။

Hamlet ရဲ့ အစွမ်းသတ္တိကို တွေ့ရှိခဲ့သူက ဆွီဒင်နိုင်ငံ Lund တက္ကသိုလ်ရှိ ပဋိဇီဝဗေဒပညာရှင် ပါမောက္ခ Svanborg ဖြစ်ပါတယ်။ လေ့လာမှုထဲမှာ မိခင်နို့ရည်နဲ့ လူသားတွေမှာရှိနေတဲ့ အကြိတ်ဆဲလ်တွေကို လက်တွေ့အသုံးပြုခဲ့ကြတယ်လို့ သူမက ပြောပါတယ်။ နို့ရည်ထဲမှာပါတဲ့ Hamlet ဒြပ်ပေါင်းကို ထည့်သွင်းလိုက်တဲ့အခါ အကြိတ်ဆဲလ်တွေသေသွားတယ်လို့ ဆိုပါတယ်။

ယင်းအရာက ကင်ဆာဆဲလ်တွေကို နည်းလမ်းပေါင်းများစွာနဲ့ တိုက်ခိုက်ပါတယ်။ ဆဲလ်ရဲ့အဓိကစွမ်းအင်ရင်းမြစ်ကို ဖြတ်ထုတ်တဲ့နည်းနဲ့ အဆုံးသတ်အနိုင်ယူလိုက်တာပါ။ ယခုစမ်းသပ်မှုမှာတော့ ဆီးအိတ်ကင်ဆာရှိသူတွေထံ Hamlet ကို ထိုးသွင်းတဲ့နည်းနဲ့ စမ်းသပ်ရာမှာ ရက်ပိုင်းအတွင်း အကြိတ်ဆဲလ်သေတွေကို ဆီးထဲမှာတွေ့လာရတာဖြစ်ပါတယ်။ ခုတော့ အသေးစိတ်ကျတဲ့ စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါပြီ။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top