iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေနတဲ့ အဝလြန္မႈဆိုတာ ဒ႑ာရီတစ္ရပ္လိုျဖစ္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ဆိုလိုက္ပါတယ္။ ၿဗိတိန္ႏိုင္ငံက လူေပါင္း ၃.၅ သန္းကို ေလ့လာၿပီးေနာက္ ရလာတဲ့ အေျဖကိုတြက္ခ်က္ ခန္႔မွန္းထားတာပါ။

အဆီပိုေတြမ်ားေနျခင္းဟာ ႏွလံုးေရာဂါခံစားရႏိုင္ေျခရွိေနသလို ေသြးတုိးနဲ႔ ဆီးခ်ိဳျဖစ္ႏိုင္ေျခ ပိုမ်ားတယ္လို႔ သုေသသနအရ သိရွိၿပီးျဖစ္ပါတယ္။ အဝလြန္ပုဂၢိဳလ္ေတြဟာ က်န္းမာေရးေကာင္းေနသည့္တုိင္ေအာင္ ေလျဖတ္ႏိုင္ေျခနဲ႔ ႏွလံုးက်န္းမာေရးခ်ိဳ႕ယြင္းႏိုင္ေျခ ႏွစ္ဆပိုမ်ားပါတယ္။ ဒါေပမဲ့လည္း ကိုယ္အေလးခ်ိန္ပိုေနသည့္တိုင္ေအာင္ က်န္းမာေနသူေတြလည္း ရွိေၾကာင္းကိုလည္း ကာလရွည္ၾကာ အျငင္းအခံုျဖစ္ခဲ့ရပါတယ္။ ယခုေလ့လာမႈမွာေတာ့ ခႏၶာကိုယ္နဲ႔အရပ္ညႊန္းကိန္း (BMI) ၃၀ နဲ႔ အထက္ ေက်ာ္လြန္ေနတာကလြဲရင္ ဝေနေပမဲ့ က်န္းမာေရးေကာင္းမြန္သူေတြလည္း ရွိတာကို ေတြ႔ရပါတယ္။

အဝလြန္သူေတြဟာ သာမာန္ကိုယ္အေလးခ်ိန္ရွိသူေတြနဲ႔ယွဥ္ရင္ ေလျဖတ္ႏိုင္ေျခ၊ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခနဲ႔ ဆီးခ်ိဳေရာဂါ အမ်ိဳးအစား-၂ ျဖစ္ႏိုင္ေျခတို႔ ပိုမ်ားပါတယ္။ ဒါေပမဲ့ အျခားက်န္းမာေရးက႑ေတြမွာေတာ့ ေကာင္းေကာင္္းမြန္မြန္ရွိတာကို ေတြ႔ရပါတယ္။ ယခင္ျပဳလုပ္ခဲ့တဲ့ သုေတသနအရ ဆုိရင္ေတာ့ အဝလြန္သူ သံုးဦးမွာ တစ္ဦးကေတာ့ က်န္းမာေရးေကာင္းၾကတယ္လို႔ သိရပါတယ္။

ယခုသုေတသနကိုေတာ့ ဘာမင္ဂမ္တကၠသိုလ္ရွိ Applied Health Research အသင္းက ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အရြယ္ေရာက္ၿပီးသူေပါင္း ၃.၅ သန္းရဲ႕ ၁၉၉၅ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အတြင္း က်န္းမာေရးမွတ္တမ္းေတြကို အေျခခံကာ သုေတသနျပဳခဲ့ၾကတာ ျဖစ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျန်းမာနေတဲ့ အဝလွန်မှုဆိုတာ ဒဏ္ဍာရီတစ်ရပ်လိုဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံက လူပေါင်း ၃.၅ သန်းကို လေ့လာပြီးနောက် ရလာတဲ့ အဖြေကိုတွက်ချက် ခန့်မှန်းထားတာပါ။

အဆီပိုတွေများနေခြင်းဟာ နှလုံးရောဂါခံစားရနိုင်ခြေရှိနေသလို သွေးတိုးနဲ့ ဆီးချိုဖြစ်နိုင်ခြေ ပိုများတယ်လို့ သုသေသနအရ သိရှိပြီးဖြစ်ပါတယ်။ အဝလွန်ပုဂ္ဂိုလ်တွေဟာ ကျန်းမာရေးကောင်းနေသည့်တိုင်အောင် လေဖြတ်နိုင်ခြေနဲ့ နှလုံးကျန်းမာရေးချို့ယွင်းနိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါပေမဲ့လည်း ကိုယ်အလေးချိန်ပိုနေသည့်တိုင်အောင် ကျန်းမာနေသူတွေလည်း ရှိကြောင်းကိုလည်း ကာလရှည်ကြာ အငြင်းအခုံဖြစ်ခဲ့ရပါတယ်။ ယခုလေ့လာမှုမှာတော့ ခန္ဓာကိုယ်နဲ့အရပ်ညွှန်းကိန်း (BMI) ၃၀ နဲ့ အထက် ကျော်လွန်နေတာကလွဲရင် ဝနေပေမဲ့ ကျန်းမာရေးကောင်းမွန်သူတွေလည်း ရှိတာကို တွေ့ရပါတယ်။

အဝလွန်သူတွေဟာ သာမာန်ကိုယ်အလေးချိန်ရှိသူတွေနဲ့ယှဉ်ရင် လေဖြတ်နိုင်ခြေ၊ နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ဆီးချိုရောဂါ အမျိုးအစား-၂ ဖြစ်နိုင်ခြေတို့ ပိုများပါတယ်။ ဒါပေမဲ့ အခြားကျန်းမာရေးကဏ္ဍတွေမှာတော့ ကောင်းကောင်းမွန်မွန်ရှိတာကို တွေ့ရပါတယ်။ ယခင်ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဆိုရင်တော့ အဝလွန်သူ သုံးဦးမှာ တစ်ဦးကတော့ ကျန်းမာရေးကောင်းကြတယ်လို့ သိရပါတယ်။

ယခုသုတေသနကိုတော့ ဘာမင်ဂမ်တက္ကသိုလ်ရှိ Applied Health Research အသင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူပေါင်း ၃.၅ သန်းရဲ့ ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကျန်းမာရေးမှတ်တမ်းတွေကို အခြေခံကာ သုတေသနပြုခဲ့ကြတာ ဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top