iMyanmarHouse.com - Best Property Website for Myanmar
×

ေျပာလိုက္ရင္ေတာ့ မိန္းမေတြက နားလည္ရခက္တယ္ဆုိတာခ်ည္းပဲ။ ဒါေပမဲ့ ေယာက္်ားေတြကေရာ နားလည္ရလြယ္တဲ့ အမ်ိဳးအစားလို႔ ျပန္ေမးလိုက္ခ်င္တယ္။ ေယာက္်ားေတြမွာလည္း မိန္းမေတြခန္႔မွန္းလို႔ မရႏိုင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ အမ်ားႀကီး႐ွိပါတယ္။ အထူးသျဖင့္ေတာ့ ဒီအခ်က္ေတြ ရွိေနတတ္ၾကတယ္။

၁။ ယံုၾကည္မႈရွိတဲ့မိန္းမေတြ

ေယာက္်ားအမ်ားစု ေျပာတာကေတာ့ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိတဲ့ ရဲရင့္တဲ့မိန္းကေလးေတြကို ႀကိဳက္တယ္လို႔ဆိုတယ္။ ေျပာတုိင္းယံုဖုိ႔ကေတာ့ ခက္တယ္။ ဒါေပမဲ့လည္း ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိတဲ့ မိန္းကေလးတစ္ေယာက္ဟာ ဆန္႔က်င္ဘက္လိင္ကို အနည္းနဲ႔အမ်ား ဆုိသလိုေတာ့ ဆြဲေဆာင္မႈရွိပါတယ္။ ဒါေပမဲ့ အၿမဲတမ္းခ်စ္ေနဖုိ႔ကေတာ့ သိပ္ၿပီးအာမခံႏိုင္တာမဟုတ္ဘူး။

၂။ ဘယ္လိုပံုစံေလးမွ

ဆံပင္ရွည္လို႔၊ ျမန္မာဆန္လို႔ ခ်စ္တာပါလို႔ ေျပာလာရင္ မ်က္စိမွိတ္ၿပီးယံုမယ္မၾကံလိုက္ပါနဲ႔။ တကယ္ခ်စ္လာရင္ ဘယ္လိုေနေန ဘာဝတ္ဝတ္ခ်စ္ေနမွာပဲ။ သူတို႔မ်က္စိေပၚမွာပဲ မူတည္တယ္။

၃။ ဒါမလုပ္တတ္ဘူး

ကိုယ့္ခ်စ္သူေရွ႕မွာ အရမ္းကို ေတာ္ျပ တတ္ျပ ခြန္အားရွိျပခ်င္သူေတြြပါ။ တစ္ခုခုကို မသိဘူး၊ မတတ္ဘူးလို႔ ဝန္ခံဖုိ႔အေရး ဝန္ေလးၾကပါတယ္။ မတတ္ရင္ေတာင္မွ တတ္ေယာင္ကား လုပ္ျပခ်င္ၾကတာမ်ိဳး။

၄။ သဝန္တိုတာ

သေဘာထားႀကီးျပခ်င္တာလည္း သူတုိ႔ပဲ။ စိတ္ထဲကေန မေက်မနပ္ ျဖစ္ေနတာလည္း သူတုိ႔ပါပဲ။ ခံစားေနရတာေတြကို ထုတ္မျပဘူးေလ။ ကိုယ့္ခ်စ္သူက တျခားေယာက္်ားတစ္ေယာက္နဲ႔ အတူရွိေနရင္ကို အူတုိေဒါပြေနတာ။ ဒါေပမဲ့ ဘယ္ေတာ့မွ ဝန္မခံဘူး။

၅။ ခ်ီးက်ဴးခံခ်င္တယ္

မိန္းကေလးေတြပဲ အေျမႇာက္ႀကိဳက္တာမဟုတ္ပါဘူး။ ေယာက္်ားေတြဆုိတာလည္း ခ်ီးက်ဴးခံခ်င္သူေတြျဖစ္ၿပီး ေျမႇာက္ပင့္ေျပာစကားေတြမွာ သာယာတတ္သူေတြပါ။ ယုတၱိဆန္တဲ့ ခ်ီးက်ဴးစကားေတြေျပာေပးတာကို ႏွစ္သက္တယ္ဆုိတာ သူ႔မ်က္ႏွာကိုၾကည့္ရင္ သိႏိုင္ပါတယ္။ ပါးစပ္ကေတာ့ ထုတ္မေျပာေပမဲ့ သူဒီေန႔သပ္သပ္ရပ္ရပ္ ဝတ္လာတယ္ဆုိတာေတာ့ သင္ကအသိအမွတ္ျပဳတာ ခံခ်င္ေနသူပါ။

၆။ မိန္းကေလးေတြလိုဇိမ္ခံတယ္

တီဗီၾကည့္ရင္း မုန္႔စားမယ္၊ သီခ်င္းနားေထာင္ရင္း စာအုပ္ဖတ္မယ္၊ ေရကိုစိမ္ခ်ိဳးမယ္၊ စတာေတြကိုလည္း ႏွစ္သက္ၾကပါတယ္။ တစ္ခါတစ္ေလဆုိ မိန္းကေလးေတြႀကိဳက္တဲ့ ဇာတ္လမ္းေတြကိုလည္း သူတုိ႔ကႀကိဳက္တတ္ပါေသးတယ္။ စိတ္ေျပေလ်ာ့ေအာင္ အေပ်ာ္သေဘာ ၾကည့္ၾကတာပါ။

၇။ ေၾကာက္တယ္

ေယာက္်ားလည္းလူပဲ ဘာသားနဲ႔ထုထားတာမွတ္လို႔။ သရဲေၾကာက္တာ၊ အင္းဆက္ေတြကိုေၾကာက္တာ စတဲ့ ေၾကာက္စိတ္ေတြ ရွိတတ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ပြောလိုက်ရင်တော့ မိန်းမတွေက နားလည်ရခက်တယ်ဆိုတာချည်းပဲ။ ဒါပေမဲ့ ယောက်ျားတွေကရော နားလည်ရလွယ်တဲ့ အမျိုးအစားလို့ ပြန်မေးလိုက်ချင်တယ်။ ယောက်ျားတွေမှာလည်း မိန်းမတွေခန့်မှန်းလို့ မရနိုင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့်တော့ ဒီအချက်တွေ ရှိနေတတ်ကြတယ်။

၁။ ယုံကြည်မှုရှိတဲ့မိန်းမတွေ

ယောက်ျားအများစု ပြောတာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ရဲရင့်တဲ့မိန်းကလေးတွေကို ကြိုက်တယ်လို့ဆိုတယ်။ ပြောတိုင်းယုံဖို့ကတော့ ခက်တယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဆန့်ကျင်ဘက်လိင်ကို အနည်းနဲ့အများ ဆိုသလိုတော့ ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမဲ့ အမြဲတမ်းချစ်နေဖို့ကတော့ သိပ်ပြီးအာမခံနိုင်တာမဟုတ်ဘူး။

၂။ ဘယ်လိုပုံစံလေးမှ

ဆံပင်ရှည်လို့၊ မြန်မာဆန်လို့ ချစ်တာပါလို့ ပြောလာရင် မျက်စိမှိတ်ပြီးယုံမယ်မကြံလိုက်ပါနဲ့။ တကယ်ချစ်လာရင် ဘယ်လိုနေနေ ဘာဝတ်ဝတ်ချစ်နေမှာပဲ။ သူတို့မျက်စိပေါ်မှာပဲ မူတည်တယ်။

၃။ ဒါမလုပ်တတ်ဘူး

ကိုယ့်ချစ်သူရှေ့မှာ အရမ်းကို တော်ပြ တတ်ပြ ခွန်အားရှိပြချင်သူတွေပါ။ တစ်ခုခုကို မသိဘူး၊ မတတ်ဘူးလို့ ဝန်ခံဖို့အရေး ဝန်လေးကြပါတယ်။ မတတ်ရင်တောင်မှ တတ်ယောင်ကား လုပ်ပြချင်ကြတာမျိုး။

၄။ သဝန်တိုတာ

သဘောထားကြီးပြချင်တာလည်း သူတို့ပဲ။ စိတ်ထဲကနေ မကျေမနပ် ဖြစ်နေတာလည်း သူတို့ပါပဲ။ ခံစားနေရတာတွေကို ထုတ်မပြဘူးလေ။ ကိုယ့်ချစ်သူက တခြားယောက်ျားတစ်ယောက်နဲ့ အတူရှိနေရင်ကို အူတိုဒေါပွနေတာ။ ဒါပေမဲ့ ဘယ်တော့မှ ဝန်မခံဘူး။

၅။ ချီးကျူးခံချင်တယ်

မိန်းကလေးတွေပဲ အမြှောက်ကြိုက်တာမဟုတ်ပါဘူး။ ယောက်ျားတွေဆိုတာလည်း ချီးကျူးခံချင်သူတွေဖြစ်ပြီး မြှောက်ပင့်ပြောစကားတွေမှာ သာယာတတ်သူတွေပါ။ ယုတ္တိဆန်တဲ့ ချီးကျူးစကားတွေပြောပေးတာကို နှစ်သက်တယ်ဆိုတာ သူ့မျက်နှာကိုကြည့်ရင် သိနိုင်ပါတယ်။ ပါးစပ်ကတော့ ထုတ်မပြောပေမဲ့ သူဒီနေ့သပ်သပ်ရပ်ရပ် ဝတ်လာတယ်ဆိုတာတော့ သင်ကအသိအမှတ်ပြုတာ ခံချင်နေသူပါ။

၆။ မိန်းကလေးတွေလိုဇိမ်ခံတယ်

တီဗီကြည့်ရင်း မုန့်စားမယ်၊ သီချင်းနားထောင်ရင်း စာအုပ်ဖတ်မယ်၊ ရေကိုစိမ်ချိုးမယ်၊ စတာတွေကိုလည်း နှစ်သက်ကြပါတယ်။ တစ်ခါတစ်လေဆို မိန်းကလေးတွေကြိုက်တဲ့ ဇာတ်လမ်းတွေကိုလည်း သူတို့ကကြိုက်တတ်ပါသေးတယ်။ စိတ်ပြေလျော့အောင် အပျော်သဘော ကြည့်ကြတာပါ။

၇။ ကြောက်တယ်

ယောက်ျားလည်းလူပဲ ဘာသားနဲ့ထုထားတာမှတ်လို့။ သရဲကြောက်တာ၊ အင်းဆက်တွေကိုကြောက်တာ စတဲ့ ကြောက်စိတ်တွေ ရှိတတ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top