iMyanmarHouse.com - Best Property Website for Myanmar
×

မိသားစုရဲ႕ စီးပြားေရးကို ကူညီလုပ္ေပးေနတဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္ ေအသင္ခ်ိဳေဆြ ဟာ အႏုပညာလႈပ္ရွားမႈေတြမလုပ္ျဖစ္တာ အေတာ္ၾကာပါၿပီ။

ဒါေပမယ့္ ေအသင္ဟာ မၾကာေသးမီက လႈမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ သူမရဲ႕ သီလရွင္ဝတ္ၿပီးေနာက္ ေစ်းပြဲေတာ္ကဓာတ္ပုံေတြနဲ႔ပတ္သက္ၿပီး အခုလို ျပန္တုန႔္ျပန္လိုက္ပါတယ္။

“ေၾသာ္ ငါ့ႏွယ္ေနာ္ သီလရွင္ဝတ္ ကတုံးတုံးလိုက္မွာေတာ့ ဒီေလာက္ေတာ့ ရွိမွာေပါ့ ႐ုပ္ဆိုးလြန္းလို႔ မွန္ေတာင္ၾကည့္တာမဟုတ္ဘူး။ဒါေပမယ့္ ေနာင္တမရဘူး သူမ်ားမလုပ္ႏိုင္တာ ကိုယ္လုပ္ႏိုင္တယ္ေလ။ ခုလည္း ေခါင္းထဲမွာ မိသားစုအတြက္ပဲရွိတယ္ ကိုယ့္မိသားစုစီးပြားေရးကို အပင္ပန္းခံစိတ္ႏွစ္ၿပီး ကူညီေနတာပါ။ ၿပီးေတာ့ ChanA ကိုလည္း ေနာက္တစ္ဆိုင္ထပ္ဖြင့္ဦးမွာပါ ႀကိဳးစားေနပါတယ္ သူမ်ားေတြလိုအေပၚယံလုပ္ျပတာမဟုတ္ေတာ့ လွလွပပေတာ့ ဘယ္ေနပါ့မလဲ။

ဝတာကေတာ့ ဝမွာပဲ။ အႏုပညာလုပ္ေနတဲ့ အခ်ိန္မွမဟုတ္တာ။ တကယ္လို႔သီခ်င္းျပန္ဆိုျဖစ္ရင္လည္း အစကေနျပန္ ျပင္ဆင္မွာပါ။ ဒီပုံနဲ႔ေတာ့ စင္ေပၚျပန္မတက္ပါဘူး။ ခုေလာေလာဆယ္ေတာ့ ကိုယ္စိတ္ခ်မ္းသာသလို ေနပါရေစ ေလာကႀကီးရယ္” ဆိုၿပီး သူမကို ေဝဖန္ေျပာဆိုသူေတြကို ေဖ့ဘုတ္ကေနတဆင့္ အခုလို အ႐ႊန္းေဖာက္ကာ ျပန္ေျပာလိုက္ပါတယ္။

သီခ်င္းေကာင္းေလးေတြနဲ႔ ပရိသတ္ခ်စ္ခင္အားေပးမႈရရွိထားတဲ့ ေအသင္ဟာ သၾကၤန္ရက္ပိုင္းမွာ သီလရွင္ဝတ္ခဲ့သလို လက္တေလာမွာ မိသားစု စားေသာက္ဆိုင္ေလးျဖစ္တဲ့ Chan A ကို ကူညီလုပ္ကိုင္ေပးေနတယ္လို႔ သိရပါတယ္။

ပရိသတ္ႀကီးေရာ ေအသင္ကို ေမ့ေနၾကပီလား။ 

Credit:Myanmarload
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မိသားစုရဲ့ စီးပွားရေးကို ကူညီလုပ်ပေးနေတဲ့ အဆိုတော် သရုပ်ဆောင် အေသင်ချိုဆွေ ဟာ အနုပညာလှုပ်ရှားမှုတွေမလုပ်ဖြစ်တာ အတော်ကြာပါပြီ။

ဒါပေမယ့် အေသင်ဟာ မကြာသေးမီက လှုမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သူမရဲ့ သီလရှင်ဝတ်ပြီးနောက် ဈေးပွဲတော်ကဓာတ်ပုံတွေနဲ့ပတ်သက်ပြီး အခုလို ပြန်တုန့်ပြန်လိုက်ပါတယ်။

“သြော် ငါ့နှယ်နော် သီလရှင်ဝတ် ကတုံးတုံးလိုက်မှာတော့ ဒီလောက်တော့ ရှိမှာပေါ့ ရုပ်ဆိုးလွန်းလို့ မှန်တောင်ကြည့်တာမဟုတ်ဘူး။ဒါပေမယ့် နောင်တမရဘူး သူများမလုပ်နိုင်တာ ကိုယ်လုပ်နိုင်တယ်လေ။ ခုလည်း ခေါင်းထဲမှာ မိသားစုအတွက်ပဲရှိတယ် ကိုယ့်မိသားစုစီးပွားရေးကို အပင်ပန်းခံစိတ်နှစ်ပြီး ကူညီနေတာပါ။ ပြီးတော့ ChanA ကိုလည်း နောက်တစ်ဆိုင်ထပ်ဖွင့်ဦးမှာပါ ကြိုးစားနေပါတယ် သူများတွေလိုအပေါ်ယံလုပ်ပြတာမဟုတ်တော့ လှလှပပတော့ ဘယ်နေပါ့မလဲ။

ဝတာကတော့ ဝမှာပဲ။ အနုပညာလုပ်နေတဲ့ အချိန်မှမဟုတ်တာ။ တကယ်လို့သီချင်းပြန်ဆိုဖြစ်ရင်လည်း အစကနေပြန် ပြင်ဆင်မှာပါ။ ဒီပုံနဲ့တော့ စင်ပေါ်ပြန်မတက်ပါဘူး။ ခုလောလောဆယ်တော့ ကိုယ်စိတ်ချမ်းသာသလို နေပါရစေ လောကကြီးရယ်” ဆိုပြီး သူမကို ဝေဖန်ပြောဆိုသူတွေကို ဖေ့ဘုတ်ကနေတဆင့် အခုလို အရွှန်းဖောက်ကာ ပြန်ပြောလိုက်ပါတယ်။

သီချင်းကောင်းလေးတွေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုရရှိထားတဲ့ အေသင်ဟာ သင်္ကြန်ရက်ပိုင်းမှာ သီလရှင်ဝတ်ခဲ့သလို လက်တလောမှာ မိသားစု စားသောက်ဆိုင်လေးဖြစ်တဲ့ Chan A ကို ကူညီလုပ်ကိုင်ပေးနေတယ်လို့ သိရပါတယ်။

ပရိသတ်ကြီးရော အေသင်ကို မေ့နေကြပီလား။ 

Credit:Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top