iMyanmarHouse.com - Best Property Website for Myanmar
×



Credit:မိုမိုလေး

#Unicode Version
အပြင်သွားခါနီးတိုင်း အမည်းစက်တွေကို မိတ်ကပ်၊ သနပ်ခါးတွေနဲ့ ဖုံးကွယ်ကာ လိမ်းရတာကလည်း ပင်ပန်းစေပါတယ်။ မိတ်ကပ်နဲ့ သနပ်ခါးတွေကလည်း ချွေးပေါက်ကျယ်တာတွေရှိနေရင် ပျက်လွယ်ပါတယ်။ ဒီလိုဆိုရင် အမည်းစက်တွေက ပြန်ပေါ်လာပါပြီ။ ဒီလို စိတ်ညစ်ရတာတွေ မရှိရအောင် အမည်းစက်တွေ လုံးဝအရှင်းပျောက်အောင် လုပ်လို့ ရပါတယ်။

ကြည့်ရဆိုးတဲ့ အမည်းစက်တွေ အကုန်လုံးကို အာလူးကို အသုံးပြုပြီး ရှင်းပစ်လို့ ရနေပါပြီ။ အာလူးကို ဘယ်လိုအသုံးပြုရမလဲဆိုတော့…..ပထမဆုံး အာလူးကို အခွံနွှာလိုက်ပါ။ အာလူးမှာ ပိုးပေါက်တွေ ရှိမနေတာကို သုံးတာက ပိုကောင်းပါတယ်။ ကြိတ်ချေစက်ထဲမှာ အာလူးကို ချေလိုက်ပါ။ သံပရည်လေး အနည်းငယ်ညှစ်ထည့်လိုက်ပြီး Vitamin E လေးတစ်လုံးလောက်ပါ ဖောက်ထည့်လိုက်ပါ။ သမနေအောင် မွှေလိုက်ပြီး အမည်းစက်ရှိတဲ့နေရာမှာ လိမ်းပေးပါ။ အမည်းစက်ရှိတဲ့ နေရာတွေမှာ ဝက်ခြံတွေပါ ရှိနေရင် အနည်းငယ် စပ်နိုင်ပါတယ်။ စိုးရိမ်စရာမရှိဘူးနော်။ (၅) မိနစ်လောက် ကြာအောင် ထားပေးပြီ ရေနွေးနွေးလေးနဲ့ သစ်ပေးပါ။ အမည်းစက်မှန်သမျှ ပျောက်ကင်းစေနိုင်ပါတယ်။ (၃) ရက်ခြား တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် တစ်လအကြာမှာ အမည်းစက်တွေ အရောင်ဖျော့လာပြီး ပျောက်ကင်းစေနိုင်ပါတယ်။

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top