iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔လယ္ဘက္ ထမင္းစားၿပီးခ်ိန္ေတြဆုိရင္ အရမ္းသိသာတယ္။ ဗိုက္ျပည့္တာနဲ႔ မ်က္စိက စင္းလာၿပီ။ အဲ့လိုဆို တစ္ေမွးေလာက္ ေမွးလိုက္ရမွပဲ အဆင္ေျပတယ္။ ညက အိပ္ေရးပ်က္ခဲ့လို႔ အလုပ္မွာ၊ ေက်ာင္းမွာ ငိုက္ေနတာမ်ိဳး ဆုိလည္း တစ္ေမွးေလာက္ အိပ္လိုက္ဖုိ႔ လိုအပ္ပါတယ္။ တစ္ေမွးဆိုတာ အခ်ိန္အားျဖင့္ ၁၅ မိနစ္မွ ၄၅ မိနစ္ေလာက္အထိပါပဲ။ တစ္နာရီေတာင္ မျပည့္ပါဘူး။ တစ္ေမွးေမွးလိုက္မွ ဒီလိုေကာင္းက်ိဳးေတြ ရလာႏိုင္မွာပါ။

၁။ အိပ္ေရးမဝလို႔ လူက အရမ္းႏံုးေနတာ။ တစ္ေမွးအိပ္လိုက္မွပဲ ေမာပန္းႏံုးခ်ိတာေတြ သက္သာမွာ ျဖစ္ပါတယ္။

၂။ အာ႐ံုေၾကာေတြလည္း အနားရသြားေတာ့ အိပ္ၿပီးျပန္ထလာတဲ့အခါ ပိုၿပီးႏုိးၾကားလန္းဆန္းေနတယ္။

၃။ သင္ယူေလ့လာမႈပိုင္းမွာ ပိုၿပီးတိုးတက္လာသလို မွတ္ဉာဏ္လည္း ပိုေကာင္းလာပါတယ္။

၄။ အလြန္အမင္း ေမာပန္းေနတာကို မျဖစ္ေစေတာ့ဘူး။ မွတ္ရတာမ်ားလို႔ ေခါင္းပူလာတာကိုလည္း ေပ်ာက္သြားေစတယ္။
၅။ အိပ္ေရးဝသြားလို႔ လူေရာစိတ္ပါ အနားရၿပီးေနာက္မွာ အလုပ္လုပ္ရတာ ပိုေကာင္းလာပါလိမ့္မယ္။

၆။ အာ႐ံုေတြ ပိုၿပီးအားေကာင္းလာတယ္၊ ဖန္တီးႏိုင္မႈစြမ္းရည္ ျမင့္တက္လာတယ္။

၇။ ေန႔လယ္ဘက္မွာ အခ်ိန္အားျဖင့္ တစ္နာရီမေက်ာ္ေအာင္ အိပ္စက္ေပးျခင္းက က်န္းမာေရးကို ေကာင္းေစပါတယ္။ ဒါေပမဲ့ တစ္နာရီေက်ာ္ေအာင္ မအိပ္သင့္ဘူး။

၈။ စိတ္ထဲမွာလည္း ေနလို႔ေကာင္းသြားတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အိပ္စက္လိုက္တဲ့အခါ ဦးေႏွာက္ကပါ အနားရသြားတာဆုိေတာ့ စိတ္ရႈပ္စရာ စိတ္ညစ္စရာေတြကို ခဏေမ့ထားလိုက္လို႔ရတယ္ေလ။ ျပန္ႏိုးလာရင္ေတာ့ ခံစားခ်က္ေကာင္းေကာင္းနဲ႔ ရွင္းစရာရွိတာေတြကို ရွင္းထုတ္လိုက္လို႔ရပါၿပီ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
နေ့လယ်ဘက် ထမင်းစားပြီးချိန်တွေဆိုရင် အရမ်းသိသာတယ်။ ဗိုက်ပြည့်တာနဲ့ မျက်စိက စင်းလာပြီ။ အဲ့လိုဆို တစ်မှေးလောက် မှေးလိုက်ရမှပဲ အဆင်ပြေတယ်။ ညက အိပ်ရေးပျက်ခဲ့လို့ အလုပ်မှာ၊ ကျောင်းမှာ ငိုက်နေတာမျိုး ဆိုလည်း တစ်မှေးလောက် အိပ်လိုက်ဖို့ လိုအပ်ပါတယ်။ တစ်မှေးဆိုတာ အချိန်အားဖြင့် ၁၅ မိနစ်မှ ၄၅ မိနစ်လောက်အထိပါပဲ။ တစ်နာရီတောင် မပြည့်ပါဘူး။ တစ်မှေးမှေးလိုက်မှ ဒီလိုကောင်းကျိုးတွေ ရလာနိုင်မှာပါ။

၁။ အိပ်ရေးမဝလို့ လူက အရမ်းနုံးနေတာ။ တစ်မှေးအိပ်လိုက်မှပဲ မောပန်းနုံးချိတာတွေ သက်သာမှာ ဖြစ်ပါတယ်။

၂။ အာရုံကြောတွေလည်း အနားရသွားတော့ အိပ်ပြီးပြန်ထလာတဲ့အခါ ပိုပြီးနိုးကြားလန်းဆန်းနေတယ်။

၃။ သင်ယူလေ့လာမှုပိုင်းမှာ ပိုပြီးတိုးတက်လာသလို မှတ်ဉာဏ်လည်း ပိုကောင်းလာပါတယ်။

၄။ အလွန်အမင်း မောပန်းနေတာကို မဖြစ်စေတော့ဘူး။ မှတ်ရတာများလို့ ခေါင်းပူလာတာကိုလည်း ပျောက်သွားစေတယ်။
၅။ အိပ်ရေးဝသွားလို့ လူရောစိတ်ပါ အနားရပြီးနောက်မှာ အလုပ်လုပ်ရတာ ပိုကောင်းလာပါလိမ့်မယ်။

၆။ အာရုံတွေ ပိုပြီးအားကောင်းလာတယ်၊ ဖန်တီးနိုင်မှုစွမ်းရည် မြင့်တက်လာတယ်။

၇။ နေ့လယ်ဘက်မှာ အချိန်အားဖြင့် တစ်နာရီမကျော်အောင် အိပ်စက်ပေးခြင်းက ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါပေမဲ့ တစ်နာရီကျော်အောင် မအိပ်သင့်ဘူး။

၈။ စိတ်ထဲမှာလည်း နေလို့ကောင်းသွားတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်စက်လိုက်တဲ့အခါ ဦးနှောက်ကပါ အနားရသွားတာဆိုတော့ စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေကို ခဏမေ့ထားလိုက်လို့ရတယ်လေ။ ပြန်နိုးလာရင်တော့ ခံစားချက်ကောင်းကောင်းနဲ့ ရှင်းစရာရှိတာတွေကို ရှင်းထုတ်လိုက်လို့ရပါပြီ။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top