iMyanmarHouse.com - Best Property Website for Myanmar
×
စိတ်ဖိစီးမှု
Body Language
မရိုးသားခြင်း
ပျင်းရိခြင်း
အိပ်ရေးမ၀ခြင်း
ဟာသဥာဏ်မရှိခြင်း (သို့)မပျော်တတ်ခြင်း
ကိုယ်သင်းနံ့
#Unicode Version
မင်္ဂလာပါရှင့်။ ဆွဲဆောင်မှုရှိဖို့ဆိုတာ လှတာထက် အပြုအမူနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ သင့်ရဲ့ Body Language နဲ့ သင်ရဲ့ ကျင့်ဝတ်တွေက သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို သတ်မှတ်ပေးတဲ့နေရာမှာ အရေးပါပါတယ်။ သင့်ကို ဆွဲဆောင်မှုလျော့စေတဲ့အပြုအမူ ၇ ခုကို မျှဝေပေးချင်ပါတယ်။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှု ရှိသူတို့ဟာ အဓိကအားဖြင့် ဆွဲဆောင်မှုသိပ်မရှိကြပါဘူး။ စိတ်ဖိစီးမှုဟော်မုန်းများတာဟာ ခါးနာတာ ပင်ပန်းနွမ်းနယ်တာ ကိုယ်အလေးချိန်တက်တာတွေကို ဖြစ်စေပြီး ဝက်ခြံနဲ့ အိပ်မပျော်တဲ့ဝေဒနာဖြစ်စေသလို ဆွဲဆောင်မှုလည်း လျော့စေပါတယ်။
Body Language
Body Language ဆိုတာကတော့ ခန္တာကိုယ်ကနေ စကားပောသလို ပြောတဲ့ ပုံကိုဆိုလိုပါတယ်။ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပြတာ ပုခုံးနှစ်ဖက်ကို ကျုံ့ပြတာ စတာတဲ့ တချို့ Body Language တွေက သင့်ကို ဆွဲဆောင်မှုလျော့စေပါတယ်။
မရိုးသားခြင်း
လူတစ်ယောက်ကိုလိမ်ာတာ မရိုးသားတာဟာ ဆွဲဆောင်မှုမရှိဆုံး လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ သုတေသနပြုချက်အရ မကြာခဏဆိုသလို မရိုးသားစိတ်နဲ့ လိမ်လည်သူတွေဟာ တခြားသူတွေနဲ့ မိတ်ဆွေဖြစ်တာလွယ်ပေမယ့် မိတ်ဆွေစစ်ဖြစ်တာရှားပါတယ်။
ပျင်းရိခြင်း
လုပ်ငန်းရှင်တွေအတွက်တော့ အလုပ်လုပ်တဲ့ကျင့်ဝတ်နဲ့ ကြည့်မယ်ဆိုရင် ပျင်းရိတဲ့သူတွေဟာ ဆွဲဆောင်မှုမရှိကြပါဘူး။ အထူးသဖြင့် ကိုယ့်အလုပ်ကိုယ် ပြီးအောင်မလုပ်ဘဲ ပျင်းနေတဲ့သူတွေဟာ အလုပ်လည်းမမြဲသလို မိတ်ဆွေလည်းရှားပါတယ်။
အိပ်ရေးမဝခြင်း
အိပ်ရေး၀၀မအိပ်ရတာဟာ တနေကုန် ပင်ပန်းနေပြီး စိတ်ခံစားမှုလည်း မကောင်းမွန်နိုင်ပါဘူး။ သူတို့တွေဟာ ဆွဲဆောင်မှုမရှိသူတွေထဲမှာပါဝင်ပါတယ်။
ဟာသဉာဏ်မရှိခြင်း (သို့)မပျော်တတ်ခြင်း
လူတွေနဲ့ ပျော်ပျော်မနေတတ်ဘူး ဟာသဉာဏ်မရှိဘူးဆိုရင် သင့်ကို လူတွေက သိပ်ပြီးခင်မင်စေမှာမဟုတ်ပါဘူး။ အဲလိုအမူအကျင့်တွေဟာ ဆွဲဆောင်မှုမရှိတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။
ကိုယ်သင်းနံ့
ကိုယ်သင်းနံ့မွှေးရမယ်လို့တော့ မဆိုလိုပေမယ့် သင်ဟာ တကိုယ်ရည်သန့်ရှင်းမှုမရှဘဲ ကိုယ်သင်းနံ့ နံနေမယ်ဆိုရင်တော့ လူတွေက သင့်အနားမှာ နေချင်ကြမှာမဟုတ်ပါဘူး။ ကိုယ်သင်းနံ့ကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။
Credit:Mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top