iMyanmarHouse.com - Best Property Website for Myanmar
×

ေဗာက္ေတြဟာ ေခၽြးစို၊ ေနပူၿပီဆိုရင္ ပိုၿပီး ယားယံေစပါတယ္။ ၿပီးရင္ ေဗာက္ဖတ္ေတြ ဆံပင္မွာ ကပ္ၿငိေနတာကလည္း စိတ္ပ်က္စရာ ေကာင္းလြန္းပါတယ္။ ေဗာက္ေတြရွိေနလို႔ေတာ့ စိတ္ညစ္စရာ မလိုေတာ့ပါဘူး။ ေျဖရွင္းႏိုင္မယ့္ အေကာင္းဆံုး နည္းလမ္းေတြ ရွိေနပါၿပီ။ လံုး၀အရွင္း ေပ်ာက္ေစမွာပါ။
အုန္းဆီ

အုန္းဆီဟာ ဦးေရျပားကို ေျခာက္ေသြ႔ျခင္း ကင္းေ၀းေစၿပီး စိုျပည္ေစတာေၾကာင့္ ေဗာက္ေပ်ာက္ဖို႔ အေထာက္အကူ ျပဳပါတယ္။ ေဗာက္ေပ်ာက္ဖို႔ အုန္းဆီကို ေခါင္းမေလွ်ာ္ခင္မွာ အသံုးျပဳရမွာ ျဖစ္ပါတယ္။ အုန္းဆီ လက္ဖက္စားဇြန္း(၂) ဇြန္းကို သံပရာရည္ (၂) စက္ေလာက္ေရာၿပီး ေဗာက္ရွိတဲ့ ဦးေရျပားေပၚမွာ လိမ္းလိုက္ပါ။ မိနစ္(၂၀) ေလာက္ၾကာၿပီဆိုရင္ေတာ့ ေခါင္းေလွ်ာ္လို႔ ရပါၿပီ။ ေခါင္းေလွ်ာ္တဲ့အခ်ိန္တိုင္း ျပဳလုပ္ေပးလို႔ ရၿပီး (၃) ႀကိမ္ေလာက္ ျပဳလုပ္ေပးရင္ သိသိသာသာ ေဗာက္ေတြ ေပ်ာက္ကင္းသြားမွာပါ။
သံပရာသီး

ဒီနည္းလမ္းကေတာ့ အလြယ္ဆံုးနဲ႔ ေဗာက္အတြက္ အေကာင္းဆံုးနည္းလမ္းပါပဲ။ သံပရာသီးကို ထက္ျခမ္းျခမ္းၿပီး ေခါင္းမေလွ်ာ္ခင္ ဦးေရျပားမွာ ပြတ္ေပးပါ။ ေဗာက္ရွိတဲ့ လက္နဲ႔ကုတ္ထားတဲ့ေနရာေတြမွာ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္ပါလိမ့္မယ္။ စိုးရိမ္စရာမရွိတဲ့အျပင္ (၃) မိနစ္ေလာက္ေနရင္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ ေျပေပ်ာက္သြားၿပီး ေဗာက္ေၾကာင့္ ယားတာ ေပ်ာက္သြားမွာပါ။ သံပရာသီးမွာ ပါ၀င္တဲ့ Citric acid ဟာ ေဗာက္ေတြ ျဖစ္ေစတဲ့ ဆဲလ္ေတြကို ေသေစတာေၾကာင့္ပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္လိုက္ပါ။ ေခါင္းေလွ်ာ္တဲ့အခါမွာ ေဗာက္ရွိတဲ့ေနရာေတြကို အနည္းငယ္ ကုတ္ေပးပါ။ ေခါင္းေလွ်ာ္ၿပီးလို႔ ဆံပင္ၿဖီးတဲ့အခါ ေဗာက္ဖတ္ေတြ က်လာတာကို ေတြ႔ရမွာပါ။ ႏွစ္ႀကိမ္ေလာက္ သံပရာသီးနဲ႔ ေခါင္းေလွ်ာ္ၿပီးၿပီဆိုရင္ေတာ့ ေဗာက္ေတြကို ရာသက္ပန္ လက္ျပႏႈတ္ဆက္လို႔ ရပါၿပီ။

Credit:Momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဗောက်တွေဟာ ချွေးစို၊ နေပူပြီဆိုရင် ပိုပြီး ယားယံစေပါတယ်။ ပြီးရင် ဗောက်ဖတ်တွေ ဆံပင်မှာ ကပ်ငြိနေတာကလည်း စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ဗောက်တွေရှိနေလို့တော့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေ ရှိနေပါပြီ။ လုံးဝအရှင်း ပျောက်စေမှာပါ။
အုန်းဆီ

အုန်းဆီဟာ ဦးရေပြားကို ခြောက်သွေ့ခြင်း ကင်းဝေးစေပြီး စိုပြည်စေတာကြောင့် ဗောက်ပျောက်ဖို့ အထောက်အကူ ပြုပါတယ်။ ဗောက်ပျောက်ဖို့ အုန်းဆီကို ခေါင်းမလျှော်ခင်မှာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အုန်းဆီ လက်ဖက်စားဇွန်း(၂) ဇွန်းကို သံပရာရည် (၂) စက်လောက်ရောပြီး ဗောက်ရှိတဲ့ ဦးရေပြားပေါ်မှာ လိမ်းလိုက်ပါ။ မိနစ်(၂၀) လောက်ကြာပြီဆိုရင်တော့ ခေါင်းလျှော်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့အချိန်တိုင်း ပြုလုပ်ပေးလို့ ရပြီး (၃) ကြိမ်လောက် ပြုလုပ်ပေးရင် သိသိသာသာ ဗောက်တွေ ပျောက်ကင်းသွားမှာပါ။
သံပရာသီး

ဒီနည်းလမ်းကတော့ အလွယ်ဆုံးနဲ့ ဗောက်အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ သံပရာသီးကို ထက်ခြမ်းခြမ်းပြီး ခေါင်းမလျှော်ခင် ဦးရေပြားမှာ ပွတ်ပေးပါ။ ဗောက်ရှိတဲ့ လက်နဲ့ကုတ်ထားတဲ့နေရာတွေမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်ပါလိမ့်မယ်။ စိုးရိမ်စရာမရှိတဲ့အပြင် (၃) မိနစ်လောက်နေရင် စပ်ဖျဉ်းဖျဉ်းဖြစ်တာ ပြေပျောက်သွားပြီး ဗောက်ကြောင့် ယားတာ ပျောက်သွားမှာပါ။ သံပရာသီးမှာ ပါဝင်တဲ့ Citric acid ဟာ ဗောက်တွေ ဖြစ်စေတဲ့ ဆဲလ်တွေကို သေစေတာကြောင့်ပါ။ ပြီးရင်တော့ ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်တဲ့အခါမှာ ဗောက်ရှိတဲ့နေရာတွေကို အနည်းငယ် ကုတ်ပေးပါ။ ခေါင်းလျှော်ပြီးလို့ ဆံပင်ဖြီးတဲ့အခါ ဗောက်ဖတ်တွေ ကျလာတာကို တွေ့ရမှာပါ။ နှစ်ကြိမ်လောက် သံပရာသီးနဲ့ ခေါင်းလျှော်ပြီးပြီဆိုရင်တော့ ဗောက်တွေကို ရာသက်ပန် လက်ပြနှုတ်ဆက်လို့ ရပါပြီ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top