iMyanmarHouse.com - Best Property Website for Myanmar
×
<<< ၀န်တိုလွန်းသူ >>>
<<< အလောင်းကစားမက်သူ >>>
<<< အတ္တကြီးသူ >>>
<<< မျှတမှုမရှိသူ >>>
Credit:Momolay
ပို့သပေးပါတယ်။
#Unicode Version
 <<< ဝန်တိုလွန်းသူ >>>
အရမ်းသဝန်တိုတတ်တဲ့ သူတွေကိုလည်း ရှောင့်သင့်ပါတယ်..။ ခုခေတ်က မိန်းမယောကျာ်း ရင်ဘောင်တန်း အလုပ်လုပ်နေကြရတဲ့ခေတ်ပါ ...။ ဒီလိုခြေနေမျိုးမှာ ဟိုလူနဲ့ မသွားရဘူး... ဒီလူနဲ့မပေါင်းရဘူး ဆိုရင်တော့ အလုပ်လုပ်နေရတဲ့
အမျိုးသမီးတစ်ယောက်အတွက် အခက်အခဲရှိနိုင်တာမို့ ဝန်တိုလွန်းတဲ့သူမျိုးကို ရှောင်ကြဉ်သင့်ပါတယ်..။
<<< အသောက်အစား အပျော်အပါး လိုက်စားချင်သူ >>>
သောက်မယ် ၊စားမယ် ၊ ပါတီတက်မယ် ၊ မိန်းမမြင်ရင် ရောရောနှောနှောနေချင်တယ်ဆိုတဲ့ အမျိုးသားတွေကိုလည်း အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်ပါဘူး။ ဒီလိုအမျိုးသားတွေက အိမ်ထောင်ရေးဖောက်ပြန်ဖို့ ရာခိုင်နှုန်းများတဲ့အတွက်ဖြစ်ပါတယ်...။
<<< အလောင်းကစားမက်သူ >>>
ဘောလုံးပွဲလောင်း၊ ဖဲရိုက် ၊ ကြက်တိုက် ...စတဲ့ အလောင်းကစားခုံမင်တဲ့ ယောကျာ်းတွေကိုလည်း ရှောင်သင့်ပါတယ်နော်..။ အဲ့ဒီလူတွေက ရှာထားသမျှ စည်းစိမ်တစ်ခါတည်း ပြုတ်အောင်ဖြုတ်ပေးမယ့် သူတွေဖြစ်တဲ့အတွက်ကြောင့်ပါပဲ..။
<<< အလုပ်အကိုင်ပျင်းရိသူ >>>
အလုပ်အကိုင်ကို မယ်မယ်ရရမလုပ်ချင်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတဲ့ ယောကျာ်းမျိုးကိုလည်း ဘယ်လောက်ရုပ်ရည်ရှိပြီး အပြောကောင်းတဲ့သူဖြစ်ပါစေ ရှောင်ကြဉ်လိုက်ပါနော်..။ ဒီလိုလူမျိုးတွေက ဘယ်တော့မှ
ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို စိတ်ဝင်စားမှာမဟုတ်လို့ ပြည့်စုံပျော်ရွှင်ရတဲ့ မိသားစုဘဝကိုလည်း ဖန်တီးပေးနိုင်မှာမဟုတ်ပါဘူး။။ မတော်ရင် အမျိုးသမီးက ရှာကျွေးရမယ့်အဆင့်ထိ ရောက်သွားနိုင်ပါတယ်..။
<<< အတ္တကြီးသူ >>>
အရာအားလုံး ငါ့အတွက်ဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာတဲ့ သူကိုလည်း မရွေးချယ်သင့်ပါဘူး ...။ လူတိုင်းအားနည်းချက် ကိုယ်စီ ရှိကြပါတယ်..။ ဒီလိုလူမျိုးတွေကတော့ တစ်ပါးသူရဲ့ အားနည်းချက်ကို နားလည်ပေးနိုင်မယ့် သူမဟုတ်လို့ အတ္တကြီးတဲ့ အမျိုးသားတွေကိုရွေးချယ်မိရင် စိတ်ချမ်းသာပျော်ရွှင်ရမယ့် အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး
<<< မျှတမှုမရှိသူ >>>
အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာတဲ့အခါ နှစ်ဖက်မိဘ၊ နှစ်ဖက်ဆွေမျိုးတွေနဲ့ ပတ်သတ်ဆက်ဆံရတော့မှာဖြစ်ပါတယ်... ဒီလိုအခြေနေမျိုးမှာ သူ့ဘက် ငါ့ဘက် မျှမျှတတ မတွေးပေးတတ်၊ မစဉ်းစားပေးတတ်တဲ့ အမျိုးသားကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ မိန်းမတစ်ယောက်အနေနဲ့ စိတ်ဆင်းရဲစရာတွေ တွေ့ကြုံခံစားရနိုင်ပါတယ်..။
မိုမိုလေး ရဲ့ အမျိုးသမီးချစ်ပရိတ်သတ်များလည်း ကောင်းမွန်သာယာတဲ့ အိမ်ထောင်တစ်ခုကိုဖန်တီးပေးနိုင်တဲ့ အမျိုးသားကောင်းလေးတွေနဲ့ ဆုံတွေ့နိုင်ပါစေနော်...
Credit:Momolay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top