iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားေလးတစ္ေယာက္အေနနဲ႔ မိန္းကေလးေတြသံုးသမွ် ပစၥည္းတုိင္းကို မသံုးရဘူးလို႔ အထင္မွားေနတတ္ၾကပါတယ္။ တခ်ိဳ႕ အလွကုန္ပစၥည္းေတြဟာ အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ အသံုးျပဳသင့္တဲ့အရာေတြ ျဖစ္တာမုိ႔ ဒါေလးေတြကိုေတာ့ ရွိထားသင့္တယ္ဆုိတာ အၾကံေပးလိုက္ပါတယ္။

၁။ Toner

တိုနာ (toner) သံုးျခင္းဟာ အသားအေရကိုေခ်ာေမြ႕ေျပျပစ္ေစၿပီး အေရးအေၾကာင္းေတြကို ေလ်ာ့က်ေစပါတယ္။ မ်က္ႏွာအဆီျပန္တာကိုလည္း သက္သာေစကာ ေခၽြးေပါက္ထဲက အညစ္အေၾကးေတြကို ဖယ္ရွားေပးပါတယ္။ ညမအိပ္မီ မ်က္ႏွာသစ္ၿပီးတုိင္း တုိနာေလးကို အသံုးျပဳပါ။

၂။ Bath Scrub

ေရခ်ိဳးရင္း Scrub လုပ္တယ္ဆုိတာကေတာ့ ေၾကး(ဂ်ီး)တြန္းသလိုပါပဲ။ အေရျပားေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

၃။ Dry Shampoo

ေခါင္းကို ပံုမွန္မေလွ်ာ္တဲ့အခါ ဆံပင္ကအနံ႔ဆိုးေတြ ထြက္လာတယ္ေလ။ အမ်ိဳးသမီးေတြကေတာ့ dry shampoo ကို အသံုးျပဳၾကတယ္။ ဒါကို အမ်ိဳးသားေတြလည္း သံုးႏိုင္တာပဲမဟုတ္လား။ ေခါင္းေလွ်ာ္ဖုိ႔ အခ်ိန္မရေသးခ်ိန္မွာ dry shampoo ေလးကို ျဖန္းထားလိုက္ရင္ ဆံပင္ရင္းကအဆီေတြလည္း သန္႔ရွင္းသြားမယ္ အနံ႔ဆိုးေတြလည္း မထြက္ေတာ့ပါဘူး။

၄။ Baby Wipes (တစ္႐ႈးအစို)

ကေလးအေမေတြဆုိရင္ တစ္ရႈးအစိုကို မရွိမျဖစ္ ေဆာင္ထားရတယ္။ ကေလးအသားအေရလည္း မထိခိုက္ဘူး။ သန္႔ရွင္းေရးလုပ္ဖို႔လည္း အဆင္ေျပတယ္။ မိန္းကေလးေတြကေတာ့ ဒါကို မိတ္ကပ္ဖ်က္ရာမွာ အသံုးျပဳၾကပါတယ္။ ေယာက္်ားေလးေတြမွာဆုိလည္း မ်က္ႏွာမွာ အဆီေတြျပန္ ဖုန္ေတြကပ္ေနရင္ တစ္ရႈးအစိုေလးနဲ႔ သုတ္လိုက္လို႔ရတယ္ေလ။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးတွေသုံးသမျှ ပစ္စည်းတိုင်းကို မသုံးရဘူးလို့ အထင်မှားနေတတ်ကြပါတယ်။ တချို့ အလှကုန်ပစ္စည်းတွေဟာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အသုံးပြုသင့်တဲ့အရာတွေ ဖြစ်တာမို့ ဒါလေးတွေကိုတော့ ရှိထားသင့်တယ်ဆိုတာ အကြံပေးလိုက်ပါတယ်။

၁။ Toner

တိုနာ (toner) သုံးခြင်းဟာ အသားအရေကိုချောမွေ့ပြေပြစ်စေပြီး အရေးအကြောင်းတွေကို လျော့ကျစေပါတယ်။ မျက်နှာအဆီပြန်တာကိုလည်း သက်သာစေကာ ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ညမအိပ်မီ မျက်နှာသစ်ပြီးတိုင်း တိုနာလေးကို အသုံးပြုပါ။

၂။ Bath Scrub

ရေချိုးရင်း Scrub လုပ်တယ်ဆိုတာကတော့ ကြေး(ဂျီး)တွန်းသလိုပါပဲ။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃။ Dry Shampoo

ခေါင်းကို ပုံမှန်မလျှော်တဲ့အခါ ဆံပင်ကအနံ့ဆိုးတွေ ထွက်လာတယ်လေ။ အမျိုးသမီးတွေကတော့ dry shampoo ကို အသုံးပြုကြတယ်။ ဒါကို အမျိုးသားတွေလည်း သုံးနိုင်တာပဲမဟုတ်လား။ ခေါင်းလျှော်ဖို့ အချိန်မရသေးချိန်မှာ dry shampoo လေးကို ဖြန်းထားလိုက်ရင် ဆံပင်ရင်းကအဆီတွေလည်း သန့်ရှင်းသွားမယ် အနံ့ဆိုးတွေလည်း မထွက်တော့ပါဘူး။

၄။ Baby Wipes (တစ်ရှုးအစို)

ကလေးအမေတွေဆိုရင် တစ်ရှုးအစိုကို မရှိမဖြစ် ဆောင်ထားရတယ်။ ကလေးအသားအရေလည်း မထိခိုက်ဘူး။ သန့်ရှင်းရေးလုပ်ဖို့လည်း အဆင်ပြေတယ်။ မိန်းကလေးတွေကတော့ ဒါကို မိတ်ကပ်ဖျက်ရာမှာ အသုံးပြုကြပါတယ်။ ယောက်ျားလေးတွေမှာဆိုလည်း မျက်နှာမှာ အဆီတွေပြန် ဖုန်တွေကပ်နေရင် တစ်ရှုးအစိုလေးနဲ့ သုတ်လိုက်လို့ရတယ်လေ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top