iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူနဲ႕ အဆင္မေျပဘူးလား။ သူက ကုိယ့္ဆို စိတ္တိုတယ္ခ်ည္းပဲ ခံစားေနရလား။ အရင္ကေလာက္ မခ်စ္ေတာ့ဘူး ထင္မိလား။

ဒါဆို အေျခအေနမေကာင္းဘူး။

ခ်စ္စ ခင္စ ၾကင္နာစ ရည္းစားျဖစ္ခါစအခ်ိန္မွာ မ်က္စိေအာက္က အေပ်ာက္မခံဘဲ ၾကားေလတိုးေတာင္ ေဝးမွာစိုးရာကေန ခုေတာ့ မျမင္ရေလ ေကာင္းေလ ျဖစ္ေနရင္ အခ်ိန္မီ ျပင္ဆင္ရပါမယ္။ ဒီခ်စ္သူသက္တမ္းကို တည္တ့ံေစခ်င္တယ္ဆိုရင္ေပါ့။

မိန္းကေလးေတြက ဆ႒မအာရံုရွိၾကတယ္လို႕ ဆိုပါတယ္။ အၾကားအျမင္ရသလိုေပါ့။ တကယ္က ကြက္ေက်ာ္ျမင္တတ္တာနဲ႕ စိုးရိမ္စိတ္ေပါင္းမိသြားတာပါ။ အဲ့ဒီေတာ့ မိန္းကေလးပီပီ စိတ္ပူတတ္တယ္။ ဟိုဟာမလုပ္နဲ႕။ ဒီဟာမလုပ္နဲ႕ ေျပာမယ္ စသျဖင့္ေပါ့။ အဲ့ဒီမွာ ေယာက္်ားေလးေတြက မခံႏိုင္ေတာ့တာပါ။ ကုိယ့္မွာ ျပင္စရာရွိရင္လည္း ျပင္ၾကတာေပါ့။

(၁) စကားမ်ားလြန္းတာ။

ပစိပစပ္မ်ားတာလို႕ေျပာရင္ ပိုမွန္မယ္။ အရက္မေသာက္ရဘူး။ ေဆးလိပ္မေသာက္ရဘူး။ ဂိမ္းမေဆာ့ရဘူး။ ဟိုဟာကဘာျဖစ္လို႕။ ဘာလို႕ညာလို႕ စသျဖင့္နဲ႕ လိုက္ပိတ္ပင္ေနရင္ သူတို႕က မႀကိဳက္ခ်င္ၾကဘူး။ ေဆးလိပ္ေသာက္တာ မႀကိဳက္ရင္အစတည္းက ေဆးလိပ္မေသာက္တတ္တဲ့သူ ရွာထားတာ ေကာင္းတယ္။ ေသာက္တတ္တယ္ထားဦး။ ကုိယ္မႀကိဳက္ဘူးေျပာရင္ သူမျဖတ္ေတာင္ ေလွ်ာ့ေသာက္မွာပဲ။ ကုိယ့္ကို တကယ္ခ်စ္တယ္ဆိုရင္ေျပာတာ။ Verte သာဆို ေျပာမေနဘူး။ သူ႕ဘာသူေသာက္ သူ႕ဘာသူေသ။ ေသေတာ့လည္း ေနာက္တစ္ေယာက္ပဲ။ ဟုတ္တယ္ :v

(၂)ရစ္လြန္းတာ။

တစ္ခုခုလုပ္လိုက္ရင္ စိတ္ေကာက္တယ္။ ဒီတိုင္းေနလည္း စိတ္ေကာက္တယ္။ ဘာလို႕ေကာက္လဲဆိုေတာ့ ဘာမွမလုပ္လို႕ ေကာက္တာ။ ေကာက္စရာမရွိလို႕။ 😛

ဒီဟာကေန ဟိုဟာ။ ဟိုဟာကေန ဒီဟာ။

ဖုန္းေလးတစ္ခါမအားမိဘူး။ ဘယ္သူနဲ႕ေျပာေနလဲ။ ဘာလဲညာလဲ။ ရွင့္ပံုတင္ထားတာကို လာ like သြားတာ ဘယ္ကေကာင္မလဲ။ ရွင့္မယားငယ္လား။ စနိုက္ေၾကာ္လား။ ဂစ္ ။ ရစ္ခ်က္က ကမ္းကုန္ေနာ္။ အဲ့ဒါမ်ိဳးဆိုလည္း ေယာက္်ားေလးေတြက စိတ္တိုတယ္။ မယံုမရွိနဲ႕။

(၃)သဝန္တိုလြန္းတာ။

သူငယ္ခ်င္းမိန္းကေလးလည္း ေပးစားပစ္။ အကုန္လံုးနဲ႕ မသကၤာျဖစ္။ လိုက္စြပ္စြဲ။ ကုိယ့္ကို စြပ္စြဲရံုမက အဲ့ဒီမိန္းကေလးေတြကိုပါ ပတ္ရမ္း။ ကြ်န္မရည္းစားနဲ႕ မပတ္သက္ပါနဲ႕။ ေယာက္်ားမရွားပါဘူးတို႕ ဘာတို႕။ ဟိုက ေျပာခံရတာ ဘုမသိဘမသိနဲ႕။ ၿပီးရင္ေျပာတယ္။ ခ်စ္လို႕ သဝန္တိုတာ။ သဝန္တိုတာ လြန္လြန္းအားႀကီးရင္လည္း အပ်က္အပ်က္နဲ႕ ႏွာေခါင္းေသြးထြက္ေရာ။

(၄)ခ်ဳပ္ခ်ယ္စြက္ဖက္လြန္းတာ။

ဒါကက်ေတာ့ နည္းနည္းတစ္ကုိယ္ေကာင္း ဆန္ပါတယ္။ ကိုယ္ကခ်ည္း အနိုင္လိုခ်င္တာေပါ့။ ဘယ္သြားသြားကို ကြ်န္မကို အရင္ေျပာရမယ္။ ခြင့္ျပဳမွ သြားရမယ္။ ဘယ္သူေတြနဲ႕ အေပါင္းအသင္းမလုပ္ရဘူး။ ဒါမ်ိဳးေတြလိုက္ကန္႕သတ္ထားတာဟာ ခ်စ္သူႏွစ္ေယာက္ၾကားမွာ လံုးဝကို မလိုတာပါ။ ကုိယ့္ဘက္က အမိန္႕ေပးတဲ့ပံုစံမလုပ္ပါနဲ႕။ ညွိႏွိဳင္းတဲ့ ပံုစံက အေကာင္းဆံုးပါပဲ။

(၅)ဆိုးလြန္းတာ။

အေပၚက ၄ ခ်က္လံုးလည္း တစ္ခ်က္မွမဟုတ္ဘူး။ လုပ္ခ်င္သလိုလုပ္ ေနခ်င္သလိုေန။ နင္လည္း နင့္ကိစၥနဲ႕နင္ ငါလည္း ငါ့ဘာသာ ႀကိဳက္သလိုေနမယ္။ ငါလည္း နင့္ကို မေျပာဘူး။ နင္လည္း ငါ့ကို မေျပာနဲ႕။ ေအးေရာ။ သူ႕လည္းမပိတ္ပင္ဘူး။ ကုိယ့္လာပိတ္ပင္တာလည္း မႀကိဳက္ဘူး။ ဘားသြားမယ္။ ေကာင္ေလးေတြနဲ႕ ေလွ်ာက္လည္မယ္။ ဒါငါ့ကိစၥ။ နင္ေျပာစရာမလိုဘူး။ ဒါမ်ိဳးေတြလည္း ရွိပါတယ္။ ကုိယ့္ခ်စ္သူက စိတ္ပူလို႕ေျပာတာေပမယ့္လို႕ ကုိယ့္ freedom နဲ႕ကုိယ္ေနခ်င္တယ္ဆို ရည္းစားမထားတာ အေကာင္းဆံုးပါ။

ရည္းစားတစ္ေထာင္ လင္ေကာင္တစ္ေယာက္မို႕ ျပႆနာမရွိဘူးဆိုရင္ေတာ့ ဘာမွမျဖစ္ပါဘူး။ ကုိယ္က တကယ္ခ်စ္လို႕ စိုးရိမ္စိတ္နဲ႕ လိုက္ေျပာတဲ့အခါ တစ္ဖက္သားက စိတ္အေနွာင့္အယွက္ ျဖစ္နိုင္ပါတယ္။ အေကာင္းဆံုးက ညွိနွိဳင္းဖို႕ပါ။ ရွိေနတုန္းက အဆင္ေျပေအာင္မေနရင္ ထြက္သြားမွ လိုက္ေခၚဖို႕မႀကိဳးစားပါနဲ႕။ အလကားျဖစ္မွာ မို႕လို႕ပါ။

Credit:For Her Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူနဲ့ အဆင်မပြေဘူးလား။ သူက ကိုယ့်ဆို စိတ်တိုတယ်ချည်းပဲ ခံစားနေရလား။ အရင်ကလောက် မချစ်တော့ဘူး ထင်မိလား။

ဒါဆို အခြေအနေမကောင်းဘူး။

ချစ်စ ခင်စ ကြင်နာစ ရည်းစားဖြစ်ခါစအချိန်မှာ မျက်စိအောက်က အပျောက်မခံဘဲ ကြားလေတိုးတောင် ဝေးမှာစိုးရာကနေ ခုတော့ မမြင်ရလေ ကောင်းလေ ဖြစ်နေရင် အချိန်မီ ပြင်ဆင်ရပါမယ်။ ဒီချစ်သူသက်တမ်းကို တည်တံ့စေချင်တယ်ဆိုရင်ပေါ့။

မိန်းကလေးတွေက ဆဋ္ဌမအာရုံရှိကြတယ်လို့ ဆိုပါတယ်။ အကြားအမြင်ရသလိုပေါ့။ တကယ်က ကွက်ကျော်မြင်တတ်တာနဲ့ စိုးရိမ်စိတ်ပေါင်းမိသွားတာပါ။ အဲ့ဒီတော့ မိန်းကလေးပီပီ စိတ်ပူတတ်တယ်။ ဟိုဟာမလုပ်နဲ့။ ဒီဟာမလုပ်နဲ့ ပြောမယ် စသဖြင့်ပေါ့။ အဲ့ဒီမှာ ယောက်ျားလေးတွေက မခံနိုင်တော့တာပါ။ ကိုယ့်မှာ ပြင်စရာရှိရင်လည်း ပြင်ကြတာပေါ့။

(၁) စကားများလွန်းတာ။

ပစိပစပ်များတာလို့ပြောရင် ပိုမှန်မယ်။ အရက်မသောက်ရဘူး။ ဆေးလိပ်မသောက်ရဘူး။ ဂိမ်းမဆော့ရဘူး။ ဟိုဟာကဘာဖြစ်လို့။ ဘာလို့ညာလို့ စသဖြင့်နဲ့ လိုက်ပိတ်ပင်နေရင် သူတို့က မကြိုက်ချင်ကြဘူး။ ဆေးလိပ်သောက်တာ မကြိုက်ရင်အစတည်းက ဆေးလိပ်မသောက်တတ်တဲ့သူ ရှာထားတာ ကောင်းတယ်။ သောက်တတ်တယ်ထားဦး။ ကိုယ်မကြိုက်ဘူးပြောရင် သူမဖြတ်တောင် လျှော့သောက်မှာပဲ။ ကိုယ့်ကို တကယ်ချစ်တယ်ဆိုရင်ပြောတာ။ Verte သာဆို ပြောမနေဘူး။ သူ့ဘာသူသောက် သူ့ဘာသူသေ။ သေတော့လည်း နောက်တစ်ယောက်ပဲ။ ဟုတ်တယ် :v

(၂)ရစ်လွန်းတာ။

တစ်ခုခုလုပ်လိုက်ရင် စိတ်ကောက်တယ်။ ဒီတိုင်းနေလည်း စိတ်ကောက်တယ်။ ဘာလို့ကောက်လဲဆိုတော့ ဘာမှမလုပ်လို့ ကောက်တာ။ ကောက်စရာမရှိလို့။ 😛

ဒီဟာကနေ ဟိုဟာ။ ဟိုဟာကနေ ဒီဟာ။

ဖုန်းလေးတစ်ခါမအားမိဘူး။ ဘယ်သူနဲ့ပြောနေလဲ။ ဘာလဲညာလဲ။ ရှင့်ပုံတင်ထားတာကို လာ like သွားတာ ဘယ်ကကောင်မလဲ။ ရှင့်မယားငယ်လား။ စနိုက်ကြော်လား။ ဂစ် ။ ရစ်ချက်က ကမ်းကုန်နော်။ အဲ့ဒါမျိုးဆိုလည်း ယောက်ျားလေးတွေက စိတ်တိုတယ်။ မယုံမရှိနဲ့။

(၃)သဝန်တိုလွန်းတာ။

သူငယ်ချင်းမိန်းကလေးလည်း ပေးစားပစ်။ အကုန်လုံးနဲ့ မသင်္ကာဖြစ်။ လိုက်စွပ်စွဲ။ ကိုယ့်ကို စွပ်စွဲရုံမက အဲ့ဒီမိန်းကလေးတွေကိုပါ ပတ်ရမ်း။ ကျွန်မရည်းစားနဲ့ မပတ်သက်ပါနဲ့။ ယောက်ျားမရှားပါဘူးတို့ ဘာတို့။ ဟိုက ပြောခံရတာ ဘုမသိဘမသိနဲ့။ ပြီးရင်ပြောတယ်။ ချစ်လို့ သဝန်တိုတာ။ သဝန်တိုတာ လွန်လွန်းအားကြီးရင်လည်း အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရော။

(၄)ချုပ်ချယ်စွက်ဖက်လွန်းတာ။

ဒါကကျတော့ နည်းနည်းတစ်ကိုယ်ကောင်း ဆန်ပါတယ်။ ကိုယ်ကချည်း အနိုင်လိုချင်တာပေါ့။ ဘယ်သွားသွားကို ကျွန်မကို အရင်ပြောရမယ်။ ခွင့်ပြုမှ သွားရမယ်။ ဘယ်သူတွေနဲ့ အပေါင်းအသင်းမလုပ်ရဘူး။ ဒါမျိုးတွေလိုက်ကန့်သတ်ထားတာဟာ ချစ်သူနှစ်ယောက်ကြားမှာ လုံးဝကို မလိုတာပါ။ ကိုယ့်ဘက်က အမိန့်ပေးတဲ့ပုံစံမလုပ်ပါနဲ့။ ညှိနှိုင်းတဲ့ ပုံစံက အကောင်းဆုံးပါပဲ။

(၅)ဆိုးလွန်းတာ။

အပေါ်က ၄ ချက်လုံးလည်း တစ်ချက်မှမဟုတ်ဘူး။ လုပ်ချင်သလိုလုပ် နေချင်သလိုနေ။ နင်လည်း နင့်ကိစ္စနဲ့နင် ငါလည်း ငါ့ဘာသာ ကြိုက်သလိုနေမယ်။ ငါလည်း နင့်ကို မပြောဘူး။ နင်လည်း ငါ့ကို မပြောနဲ့။ အေးရော။ သူ့လည်းမပိတ်ပင်ဘူး။ ကိုယ့်လာပိတ်ပင်တာလည်း မကြိုက်ဘူး။ ဘားသွားမယ်။ ကောင်လေးတွေနဲ့ လျှောက်လည်မယ်။ ဒါငါ့ကိစ္စ။ နင်ပြောစရာမလိုဘူး။ ဒါမျိုးတွေလည်း ရှိပါတယ်။ ကိုယ့်ချစ်သူက စိတ်ပူလို့ပြောတာပေမယ့်လို့ ကိုယ့် freedom နဲ့ကိုယ်နေချင်တယ်ဆို ရည်းစားမထားတာ အကောင်းဆုံးပါ။

ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်မို့ ပြဿနာမရှိဘူးဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ကိုယ်က တကယ်ချစ်လို့ စိုးရိမ်စိတ်နဲ့ လိုက်ပြောတဲ့အခါ တစ်ဖက်သားက စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးက ညှိနှိုင်းဖို့ပါ။ ရှိနေတုန်းက အဆင်ပြေအောင်မနေရင် ထွက်သွားမှ လိုက်ခေါ်ဖို့မကြိုးစားပါနဲ့။ အလကားဖြစ်မှာ မို့လို့ပါ။

Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top