iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆံုး.. ရာသီလာေနခ်ိန္မွာ ကိုယ္ဝန္ရႏိုင္သလားဆိုတ့ဲ ေမးခြန္းေလး..

ျဖစ္ႏိုင္ေခ်ကေတာ့ အရမ္းနည္းပါတယ္.. ဒါေပမ့ဲ မျဖစ္ႏိုင္တာေတာ့လည္း မဟုတ္ျပန္ဘူး.. အရမ္းရွားေပမ့ဲ ျဖစ္တတ္ပါတယ္..

အၾကမ္းဖ်င္းရွင္းျပရရင္ေတာ့ ဓမၼတာစက္ဝန္းဟာ ၂၈ ရက္တစ္ခါ ဒါမွမဟုတ္ရင္လည္း ၃၀ ရက္တစ္ခါ၊ ၃၂ ရက္တစ္ခါ လာတတ္ပါတယ္.. ၂၈ ရက္တစ္ခါ လာတ့ဲသူေတြက ကိုယ္ဝန္ရခ်င္ရင္ေတာ့ ဓမၼတာစလာတ့ဲေန႔ကစၿပီး ေနာက္ ၁၃ ရက္၊ ၁၄ ရက္ နဲ႔ ၁၅ ရက္ေျမာက္ေန႔ေတြမွာ ကေလးယူရင္ ရကိုရပါတယ္..။

၃၀ ရက္တစ္ခါလာတ့ဲသူေတြကေတာ့ ရာသီစတ့ဲေန႔ကေန တြက္ရင္ ၁၄ ရက္၊ ၁၅ ရက္နဲ႔ ၁၆ ရက္ေျမာက္ေန႔ေတြဆို ကေလးရတတ္ပါတယ္..

၃၂ ရက္တစ္ခါလာတ့ဲသူေတြဆိုရင္လည္း ၁၅ ရက္၊ ၁၆ ရက္နဲ႔ ၁၇ ရက္ေျမာက္ေန႔ေတြမွာ ကိုယ္ဝန္ရႏိုင္ေခ် အမ်ားဆံုးပါပဲ..

အ့ဲဒါဘယ္လိုတြက္တာလဲဆိုေတာ့ ၂ နဲ႔စားၿပီး ရတ့ဲေန႔ကို ေရွ႕တစ္ရက္ ေနာက္တစ္ရက္ ေပါင္းယူတာပါ..။

ဘာလို႔လဲဆိုေတာ့ သားအိမ္ထဲကို လႊတ္ခ်တ့ဲသားဥက ၂၄ နာရီပဲအသက္ရွင္ႏိုင္လို႔ပါ.. အေပၚမွာ ေျပာထားတ့ဲရက္ေတြကေတာ့ သားဥလႊတ္ခ်တ့ဲရက္ေတြေပါ့..

၂၈ ရက္တစ္ခါ၊ ၃၀ ရက္တစ္ခါ၊ ၃၂ ရက္တစ္ခါ ပံုမွန္ ဓမၼတာျဖစ္တတ္တ့ဲသူေတြက ရာသီလာခ်ိန္ ၂ ရက္ကေန ၈ ရက္အတြင္းရွိမယ္ဆိုရင္ေတာ့ ဓမၼတာလာခ်ိန္မွာ ကိုယ္ဝန္ရတာမျဖစ္ႏိုင္ပါဘူး..

ဒါက အမ်ားစုမွာျဖစ္တတ္တာပါ.. ဒါေပမ့ဲ တခ်ိဳ႕မိန္းကေလးေတြက်ေတာ့လည္း ၂၄ ရက္တစ္ခါ လာတတ္တာတို႔ ရွိပါတယ္.. အ့ဲလိုမ်ိဳး shorter menstrual cycle ရွိတ့ဲ မိန္းကေလးေတြက ရာသီလာေနခ်ိန္မွာ ကိုယ္ဝန္ရတတ္ပါတယ္..။ ဒါေပမ့ဲ ရွားတယ္ေပါ့ေနာ္.

အ့ဲလိုမ်ိဳးလူေတြက ရာသီၿပီးၿပီးခ်င္းမွာလည္း ကိုယ္ဝန္ရတာျဖစ္ႏိုင္တယ္.. ဘာလို႔လဲဆိုေတာ့ သုတ္ပိုးက ခႏၶာကိုယ္ထဲမွာ အၾကာဆံုးငါးရက္အထိ ေနႏိုင္လို႔ပါ.. menstrual cycle တိုတ့ဲလူေတြ ( ဥပမာ ၂၄ ရက္တစ္ခါမ်ိဳး) ဆိုရင္ ရာသီစစခ်င္းကစတြက္ရင္ ၁၁ ရက္၊ ၁၂ ရက္နဲ႔ ၁၃ ရက္ေျမာက္ေန႔ေတြမွာ သားဥလႊတ္ခ်တတ္ပါတယ္.. အ့ဲအခ်ိန္ ခႏၶာကိုယ္ထဲမွာ သုတ္ပိုးရွိေနခ့ဲရင္ ကေလးရႏိုင္ပါတယ္။

ပံုမွန္ရာသီစက္ဝန္းရွိတ့ဲ မိန္းကေလးေတြဆိုရင္လည္း ဓမၼတာၿပီးခ်ိန္မွာ ကေလးရႏိုင္ေခ်ရွိပါတယ္.. ဒါေပမ့ဲ အေပၚမွာ ေျပာထားတ့ဲရက္ေတြကေတာ့ အတိအက်ႀကီးရႏိုင္တ့ဲရက္ေတြေပါ့ေနာ္..

ကေလးရႏိုင္ေခ်အနည္းဆံုးအခ်ိန္ကေတာ့ ဓမၼတာမစခင္ပါပဲ.. အ့ဲအခ်ိန္မွာ လံုးဝလံုးဝကေလးမရႏိုင္ပါဘူး..။

လူတစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ ဘယ္တူမလဲေနာ္.. ေယဘုယ်အားျဖင့္ေတာ့ ဒီအခ်က္ေလးေတြနဲ႔ ေတာ္ေတာ္သက္ဆိုင္ပါတယ္.. ဘာပဲျဖစ္ျဖစ္ ဗဟုသုတအျဖစ္ေတာ့ သိထားသင့္တယ္ေနာ္ ေယာင္းတို႔..
Credit:For Her Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ပထမဆုံး.. ရာသီလာနေချိန်မှာ ကိုယ်ဝန်ရနိုင်သလားဆိုတဲ့ မေးခွန်းလေး..

ဖြစ်နိုင်ချေကတော့ အရမ်းနည်းပါတယ်.. ဒါပေမဲ့ မဖြစ်နိုင်တာတော့လည်း မဟုတ်ပြန်ဘူး.. အရမ်းရှားပေမဲ့ ဖြစ်တတ်ပါတယ်..

အကြမ်းဖျင်းရှင်းပြရရင်တော့ ဓမ္မတာစက်ဝန်းဟာ ၂၈ ရက်တစ်ခါ ဒါမှမဟုတ်ရင်လည်း ၃၀ ရက်တစ်ခါ၊ ၃၂ ရက်တစ်ခါ လာတတ်ပါတယ်.. ၂၈ ရက်တစ်ခါ လာတဲ့သူတွေက ကိုယ်ဝန်ရချင်ရင်တော့ ဓမ္မတာစလာတဲ့နေ့ကစပြီး နောက် ၁၃ ရက်၊ ၁၄ ရက် နဲ့ ၁၅ ရက်မြောက်နေ့တွေမှာ ကလေးယူရင် ရကိုရပါတယ်..။

၃၀ ရက်တစ်ခါလာတဲ့သူတွေကတော့ ရာသီစတဲ့နေ့ကနေ တွက်ရင် ၁၄ ရက်၊ ၁၅ ရက်နဲ့ ၁၆ ရက်မြောက်နေ့တွေဆို ကလေးရတတ်ပါတယ်..

၃၂ ရက်တစ်ခါလာတဲ့သူတွေဆိုရင်လည်း ၁၅ ရက်၊ ၁၆ ရက်နဲ့ ၁၇ ရက်မြောက်နေ့တွေမှာ ကိုယ်ဝန်ရနိုင်ချေ အများဆုံးပါပဲ..

အဲ့ဒါဘယ်လိုတွက်တာလဲဆိုတော့ ၂ နဲ့စားပြီး ရတဲ့နေ့ကို ရှေ့တစ်ရက် နောက်တစ်ရက် ပေါင်းယူတာပါ..။

ဘာလို့လဲဆိုတော့ သားအိမ်ထဲကို လွှတ်ချတဲ့သားဥက ၂၄ နာရီပဲအသက်ရှင်နိုင်လို့ပါ.. အပေါ်မှာ ပြောထားတဲ့ရက်တွေကတော့ သားဥလွှတ်ချတဲ့ရက်တွေပေါ့..

၂၈ ရက်တစ်ခါ၊ ၃၀ ရက်တစ်ခါ၊ ၃၂ ရက်တစ်ခါ ပုံမှန် ဓမ္မတာဖြစ်တတ်တဲ့သူတွေက ရာသီလာချိန် ၂ ရက်ကနေ ၈ ရက်အတွင်းရှိမယ်ဆိုရင်တော့ ဓမ္မတာလာချိန်မှာ ကိုယ်ဝန်ရတာမဖြစ်နိုင်ပါဘူး..

ဒါက အများစုမှာဖြစ်တတ်တာပါ.. ဒါပေမဲ့ တချို့မိန်းကလေးတွေကျတော့လည်း ၂၄ ရက်တစ်ခါ လာတတ်တာတို့ ရှိပါတယ်.. အဲ့လိုမျိုး shorter menstrual cycle ရှိတဲ့ မိန်းကလေးတွေက ရာသီလာနေချိန်မှာ ကိုယ်ဝန်ရတတ်ပါတယ်..။ ဒါပေမဲ့ ရှားတယ်ပေါ့နော်.

အဲ့လိုမျိုးလူတွေက ရာသီပြီးပြီးချင်းမှာလည်း ကိုယ်ဝန်ရတာဖြစ်နိုင်တယ်.. ဘာလို့လဲဆိုတော့ သုတ်ပိုးက ခန္ဓာကိုယ်ထဲမှာ အကြာဆုံးငါးရက်အထိ နေနိုင်လို့ပါ.. menstrual cycle တိုတဲ့လူတွေ ( ဥပမာ ၂၄ ရက်တစ်ခါမျိုး) ဆိုရင် ရာသီစစချင်းကစတွက်ရင် ၁၁ ရက်၊ ၁၂ ရက်နဲ့ ၁၃ ရက်မြောက်နေ့တွေမှာ သားဥလွှတ်ချတတ်ပါတယ်.. အဲ့အချိန် ခန္ဓာကိုယ်ထဲမှာ သုတ်ပိုးရှိနေခဲ့ရင် ကလေးရနိုင်ပါတယ်။

ပုံမှန်ရာသီစက်ဝန်းရှိတဲ့ မိန်းကလေးတွေဆိုရင်လည်း ဓမ္မတာပြီးချိန်မှာ ကလေးရနိုင်ချေရှိပါတယ်.. ဒါပေမဲ့ အပေါ်မှာ ပြောထားတဲ့ရက်တွေကတော့ အတိအကျကြီးရနိုင်တဲ့ရက်တွေပေါ့နော်..

ကလေးရနိုင်ချေအနည်းဆုံးအချိန်ကတော့ ဓမ္မတာမစခင်ပါပဲ.. အဲ့အချိန်မှာ လုံးဝလုံးဝကလေးမရနိုင်ပါဘူး..။

လူတစ်ယောက်နဲ့တစ်ယောက်ကတော့ ဘယ်တူမလဲနော်.. ယေဘုယျအားဖြင့်တော့ ဒီအချက်လေးတွေနဲ့ တော်တော်သက်ဆိုင်ပါတယ်.. ဘာပဲဖြစ်ဖြစ် ဗဟုသုတအဖြစ်တော့ သိထားသင့်တယ်နော် ယောင်းတို့..
Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top