iMyanmarHouse.com - Best Property Website for Myanmar
×

(၁) လက္မထပ္ပဲေနျခင္းဟာ တစ္ေယာက္ထဲအထီးက်န္ေနျခင္းလို႔ေတာ့ အဓိပၸါယ္မသက္ေရာက္ပါဘူး။ လက္ထပ္ျခင္းဟာ သင့္ဘဝ ပိုေကာင္းဖို႔ (သို႔) ပိုဆိုးဖို႔ တစ္စံုတစ္ေယာက္သင့္မွာ ရွိေနၿပီလို႔ သတ္မွတ္လို႔ရပါတယ္။ ဒါေပမယ့္ လက္မထပ္ပဲ တစ္ေယာက္ထဲေနျခင္းမွာလည္း သင့္အတြက္ တစ္စံုတစ္ေယာက္ဆိုတာ ရွိေနပါတယ္။ သင္ ရယ္ေမာဖို႔၊ ရန္ျဖစ္ဖို႔၊ ယံုၾကည္ဖို႔ နဲ႔ လြမ္းဆြတ္ဖို႔ မိသားစု၊ သူငယ္ခ်င္းနဲ႔ အလုပ္တူမိတ္ေတြ ရွိေနပါတယ္။ သင္နဲ႔အတူ ရိုမန္တစ္ဆန္ဖို႔ လူတစ္ေယာက္မရွိလည္း သင့္သူငယ္ခ်င္းေတြနဲ႔အတူ ပင္လယ္ထဲမွာ ေရကူးျခင္းနဲ႔ Night out ထြက္ျခင္းေတြကို ျပဳလုပ္လို႔ရပါတယ္။

(၂) အခ်စ္ဆိုတာ ထူးဆန္းနက္နဲပါတယ္။ လက္ထပ္ျခင္းဆိုတာကေတာ့ စာခ်ဳပ္ေတြနဲ႔ ရိုးရွင္းလြန္းပါတယ္။ ကၽြန္မကေတာ့ အခ်စ္ကို စီးပြားေရးနဲ႔ ဥပေဒဆိုင္ရာေဝါဟာရေတြလို မသတ္မွတ္ခ်င္ပါဘူး။ လွပတဲ႔အခ်စ္ဆိုတာ ဘယ္ကစတယ္ဆိုၿပီး သတ္မွတ္လို႔မရသလို ေျပာင္းလဲႏိုင္တာေၾကာင့္လည္း ျဖစ္ပါတယ္။

(၃) သင္တို႔ဟာ ကြဲကြာႏိုင္ပါတယ္။ ဟုတ္ပါတယ္။ ကၽြန္မတို႔ဟာ လက္မထပ္ရေသးတဲ႔ ခ်စ္သူဘဝမွာပဲရွိေနေသးမယ္ဆိုရင္ ကၽြန္မတို႔အဆင္မေျပျဖစ္လာတဲ႔အခါ အခ်ိန္မေရြး လမ္းခြဲလုို႔ရပါတယ္။ ငဲ႔ညွာစရာ သားသမီးနဲ႔ မိသားစု ဘဝမရွိေသးတဲ႔အခါ ကၽြန္မတို႔စိတ္ကို ခ်ဳပ္ထိန္းၿပီး မြန္းက်ပ္ေအာင္ ထားစရာမလိုပါဘူး။

(၄) သင္ဟာ ေနာက္ႏွစ္ ဒါမဟုတ္ အခ်ိန္မေရြး လက္ထပ္လို႔ရပါတယ္။ ခုအခ်ိန္မွာ သင္ဟာလက္မထပ္ရေသးတဲ႔ လူတစ္ေယာက္ဆိုရင္ သင္ဟာ ေနာက္ႏွစ္ ဒါမွမဟုတ္ ေနာက္လာမယ့္ ႏွစ္ႏွစ္၊ သံုးႏွစ္ သင္ႀကိဳက္တဲ႔ အခ်ိန္မွ လက္ထပ္လို႔ရပါတယ္။ ၿပီးေတာ့ သင္တို႔ အခ်ိန္ဘယ္ေလာက္ အၾကာႀကီးတြဲရမယ္(သို႔) တစ္ေယာက္ရဲ႕ အဆံုးသတ္မွာ တစ္ေယာက္ကဝမ္းနည္းပူေဆြးရမယ္ (သို႔) ခုမွ အခ်စ္အသစ္စရမယ္ (သို႔) တစ္ေယာက္ထဲပ်ံသန္းၿပီး ေက်နပ္ေပ်ာ္ရႊင္ေနရမယ္ စတာေတြ အကုန္လံုးက အေရးမပါလွပါဘူး။ အနာဂတ္မွာ ဘာျဖစ္မလဲဆိုတာကို ဘယ္သူမွမသိႏိုင္ပါဘူး။ ဒါေၾကာင့္ ကၽြန္မတို႔အားလံုးဟာ ကိုယ့္ကိုယ္ကို ရဲရဲဝင့္ဝင့္ ေရွ႕ဆက္လွမ္းဖို႔ ခြင့္ျပဳေပးသင့္ပါတယ္။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
(၁) လက်မထပ်ပဲနေခြင်းဟာ တစ်ယောက်ထဲအထီးကျန်နေခြင်းလို့တော့ အဓိပ္ပါယ်မသက်ရောက်ပါဘူး။ လက်ထပ်ခြင်းဟာ သင့်ဘဝ ပိုကောင်းဖို့ (သို့) ပိုဆိုးဖို့ တစ်စုံတစ်ယောက်သင့်မှာ ရှိနေပြီလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် လက်မထပ်ပဲ တစ်ယောက်ထဲနေခြင်းမှာလည်း သင့်အတွက် တစ်စုံတစ်ယောက်ဆိုတာ ရှိနေပါတယ်။ သင် ရယ်မောဖို့၊ ရန်ဖြစ်ဖို့၊ ယုံကြည်ဖို့ နဲ့ လွမ်းဆွတ်ဖို့ မိသားစု၊ သူငယ်ချင်းနဲ့ အလုပ်တူမိတ်တွေ ရှိနေပါတယ်။ သင်နဲ့အတူ ရိုမန်တစ်ဆန်ဖို့ လူတစ်ယောက်မရှိလည်း သင့်သူငယ်ချင်းတွေနဲ့အတူ ပင်လယ်ထဲမှာ ရေကူးခြင်းနဲ့ Night out ထွက်ခြင်းတွေကို ပြုလုပ်လို့ရပါတယ်။

(၂) အချစ်ဆိုတာ ထူးဆန်းနက်နဲပါတယ်။ လက်ထပ်ခြင်းဆိုတာကတော့ စာချုပ်တွေနဲ့ ရိုးရှင်းလွန်းပါတယ်။ ကျွန်မကတော့ အချစ်ကို စီးပွားရေးနဲ့ ဥပဒေဆိုင်ရာဝေါဟာရတွေလို မသတ်မှတ်ချင်ပါဘူး။ လှပတဲ့အချစ်ဆိုတာ ဘယ်ကစတယ်ဆိုပြီး သတ်မှတ်လို့မရသလို ပြောင်းလဲနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

(၃) သင်တို့ဟာ ကွဲကွာနိုင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့ဟာ လက်မထပ်ရသေးတဲ့ ချစ်သူဘဝမှာပဲရှိနေသေးမယ်ဆိုရင် ကျွန်မတို့အဆင်မပြေဖြစ်လာတဲ့အခါ အချိန်မရွေး လမ်းခွဲလို့ရပါတယ်။ ငဲ့ညှာစရာ သားသမီးနဲ့ မိသားစု ဘဝမရှိသေးတဲ့အခါ ကျွန်မတို့စိတ်ကို ချုပ်ထိန်းပြီး မွန်းကျပ်အောင် ထားစရာမလိုပါဘူး။

(၄) သင်ဟာ နောက်နှစ် ဒါမဟုတ် အချိန်မရွေး လက်ထပ်လို့ရပါတယ်။ ခုအချိန်မှာ သင်ဟာလက်မထပ်ရသေးတဲ့ လူတစ်ယောက်ဆိုရင် သင်ဟာ နောက်နှစ် ဒါမှမဟုတ် နောက်လာမယ့် နှစ်နှစ်၊ သုံးနှစ် သင်ကြိုက်တဲ့ အချိန်မှ လက်ထပ်လို့ရပါတယ်။ ပြီးတော့ သင်တို့ အချိန်ဘယ်လောက် အကြာကြီးတွဲရမယ်(သို့) တစ်ယောက်ရဲ့ အဆုံးသတ်မှာ တစ်ယောက်ကဝမ်းနည်းပူဆွေးရမယ် (သို့) ခုမှ အချစ်အသစ်စရမယ် (သို့) တစ်ယောက်ထဲပျံသန်းပြီး ကျေနပ်ပျော်ရွှင်နေရမယ် စတာတွေ အကုန်လုံးက အရေးမပါလှပါဘူး။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ ကိုယ့်ကိုယ်ကို ရဲရဲဝင့်ဝင့် ရှေ့ဆက်လှမ်းဖို့ ခွင့်ပြုပေးသင့်ပါတယ်။

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top