iMyanmarHouse.com - Best Property Website for Myanmar
×




Credit:မိုမိုလေး


#Unicode Version
၀က်ခြံဟာ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ပေါက်တတ်ပါတယ်။ အဲဒီထဲကမှ နှုတ်ခမ်းမှာ ဝက်ခြံအစို ပေါက်ပြီဆိုရင် တော်တော်ကို ခံရခက်ပါတယ်။ ဝက်ခြံကလည်း မှည့်နေ၊ ညှစ်ထုတ်ဖို့လည်း နာ နှုတ်ခမ်းပေါ်မှာ လက်ရာကြောင့် အမာရွတ်ကျန်ခဲ့မှာလည်း စိုးရိမ်ရနဲ့ တော်တော့်ကို ရှူပ်ပါတယ်။ မိန်းကလေးတွေဆိုရင် နှုတ်ခမ်းနီနီ လှလှကိုတောင် အနှောင့်အယှက် ဖြစ်စေပါပြီ။ ကဲ နှုတ်ခမ်းပေါ်က ညှစ်ရခက်တဲ့ ဝက်ခြံကို ဒီလို ဖယ်ရှားရအောင်…

နှုတ်ခမ်းမှာ ဝက်ခြံဖြစ်ပြီဆိုရင် တခြားနေရာမှာ ဝက်ခြံဖြစ်တာထက် နာကျင်ပါတယ်။ ယောင်ရမ်းမှုလည်း ဖြစ်ဖို့ လွယ်တာမို့ နာတာတွေ သက်သာအောင် ရေခဲတုံးလေး ကပ်ပေးပါ။ ရေခဲတုံးဟာ ယောင်ရမ်းတာတွေကို အလျင်အမြန်ပျောက်စေနိုင်တာမို့ နှုတ်ခမ်းက ဝက်ခြံအမြန်သက်သာစေဖို့ ရေခဲတုံးလေး ကပ်ပေးပါ။

နနွင်းမှုန့် လက်ဖက်စာဇွန်း(၁) ဇွန်းကို ရေလေးနည်းနည်းနဲ့ ခပ်ပျစ်ပျစ်လေးဖျော်ပြီး နှုတ်ခမ်းပေါ်က ဝက်ခြံပေါ်မှာ လိမ်းထားလိုက်ပါ။ ကြာကြာလေး ရှိနေအောင် ပျက်သွားတာနဲ့ ထပ်လိမ်းတာမျိုး လုပ်ပေးပါ။ နေ့တဝက်လောက် ထားရင် ပိုကောင်းပါတယ်။ ဒါဆိုရင် ဝက်ခြံဟာ မှည့်လာပြီး မနာမကျင်ပဲ အဆံတွေ ထွက်သွားပြီး အမာရွတ်တောင် မကျန်ခဲ့နိုင်ပါဘူး။

Credit:မိုမိုလေး


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top